Category: Uncategorized

  • မိုးကြိုးစက်ကွင်း ထိမှန်သေဆုံးခဲ့သည့် နွားကောင်ရေ (၄၉)အတွက် ရှမ်းတောင် ပရဟိတ  ကမ္ဘောဇဖောင်ဒေးရှင်းက ထောက်ပံ့ကူညီပေးအပ်ခဲ့

    မိုးကြိုးစက်ကွင်း ထိမှန်သေဆုံးခဲ့သည့် နွားကောင်ရေ (၄၉)အတွက် ရှမ်းတောင် ပရဟိတ ကမ္ဘောဇဖောင်ဒေးရှင်းက ထောက်ပံ့ကူညီပေးအပ်ခဲ့

    မိုးကြိုးစက်ကွင်း ထိမှန်သေဆုံးခဲ့သည့် နွားကောင်ရေ (၄၉)အတွက် ရှမ်းတောင် ပရဟိတ ကမ္ဘောဇဖောင်ဒေးရှင်းက ထောက်ပံ့ကူညီပေးအပ်ခဲ့

    ——————————————————————–
    မေလ ၂၈ ရက်၊ ၂၀၂၆ ခုနှစ်၊
    အထူးဒေသ(၆)၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ လွယ်ပွတ်ကျေးရွာအုပ်စု ကောင်ဝါးတောင်ရွာတွင် မေလ ၂၁ ရက်နေ့၌ မိုးကြိုးစက် ကွင်း ထိမှန် သေဆုံးခဲ့သည့် နွားကောင်ရေ (၄၉)ကောင်ကို နွားပိုင်ရှင်များထံ ယနေ့ မေလ၂၈ ရက်နေ့သည် ရှမ်းတောင် ပရဟိတ ကမ္ဘောဇဖောင်ဒေးရှင်းက ထောက်ပံ့ကူညီပေးခဲ့သည့် ငွေသားများကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌ ဦးခွန်ဖိုးစိန် နှင့်အဖွဲ့ဝင်များက သွားရောက်၍ ပေးအပ်ခဲ့ကြောင်း သိရသည်။

    ယင်း မိုးကြိုးစက် ကွင်း ထိမှန် သေဆုံးခဲ့သည့် နွားကောင်ရေ (၄၉)ကောင်အား ရှမ်းတောင် ပရ ဟိတ ကမ္ဘောဇဖောင်ဒေးရှင်းက ထောက်ပံ့ပိုး ကူညီပေးခဲ့သည့် ငွေသားများကို နွားတစ်ကောင်
    လျှင် ငွေ(၇)သိန်းကျပ်စီဖြင့် နွားပိုင်ရှင်များထံထောက်ပံ့ကူညီပေးအပ်ခဲ့ကြောင်း သိရသည်။

    ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်နှင့် အဖွဲ့ဝင်များသည် ကောင်ဝါးတောင်ကျေးရွာနှင့် တွေပူးကျေးရွာရှိ ဒေသခံပြည်သူများ သောက်သုံးလျက်ရှိသော ရေကန်အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ရပ်ရွာဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များအား ဒေသခံများနှင့် တွေ့ဆုံတိုင်ပင်ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

  • ပင်လုံမြို့အနောက်တောင်ဘက်ရှိ ပန်လင်းကျောင်းတွင် “သုခသိဒ္ဓိ” နှစ်ထပ်ဆွမ်းစားကျောင်းဆောင် တက်ပွဲနှင့် အလှူတော်မင်္ဂလာ အခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ

    ပင်လုံမြို့အနောက်တောင်ဘက်ရှိ ပန်လင်းကျောင်းတွင် “သုခသိဒ္ဓိ” နှစ်ထပ်ဆွမ်းစားကျောင်းဆောင် တက်ပွဲနှင့် အလှူတော်မင်္ဂလာ အခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ

    ပင်လုံမြို့အနောက်တောင်ဘက်ရှိ ပန်လင်းကျောင်းတွင် “သုခသိဒ္ဓိ” နှစ်ထပ်ဆွမ်းစားကျောင်းဆောင် တက်ပွဲနှင့် အလှူတော်မင်္ဂလာ အခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ


    မေလ ၂၈ ရက်၊ ၂၀၂၆ ခုနှစ်
    ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့အနောက်တောင်ဘက်ရှိ ပန်လင်းကျောင်းတွင် ၁၃၈၈ ခုနှစ်၊ နယုန်လဆန်း (၁၃) ရက်၊ မေလ (၂၈) ရက် နံနက်ပိုင်း၌ “သုခသိဒ္ဓိ” နှစ်ထပ်ဆွမ်းစားကျောင်းဆောင် ဖွင့်ပွဲ၊ ဗုဒ္ဓရုပ်ပွားတော်နှင့် ဘုရားစေတီတန်ဆောင်း အနေကဇာတင် မင်္ဂလာအခမ်းအနား၊ ကံထပ်၊ ကုဋီ၊ ရှင်ပြုအလှူတော်များနှင့် အလှူဒါနအစုစု ရေစက်ချ မင်္ဂလာအခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


    အဆိုပါ မင်္ဂလာအခမ်းအနားသို့ ဖြားတန်ကောင်ခယ်ႏဗျူ ဗျူဟာမှူး ခွန်သာထွန်းနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပြီး သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ အတူတကွ ကုသိုလ်ကောင်းမှုများ ပြုလုပ်ခဲ့ကြသည်။


    နံနက် (၇:၀၀) နာရီတွင် ကြွရောက်လာသော ဧည့်သည်တော်များနှင့် အလှူရှင်များအား ဧည့်ခံကျွေးမွေးခဲ့ပြီး နံနက် (၁၀:၀၀) နာရီတွင် ဆရာတော်များနှင့် သံဃာတော်များက သိမ်တော်ဝင် ကံထပ်အခမ်းအနားကို ပြုလုပ်ခဲ့ကြောင်း သိရသည်။


    ထို့နောက် နေ့လယ်ပိုင်း (၂:၀၀) နာရီတွင် ပရိတ်တရားတော်များ နာယူခြင်း၊ ဗုဒ္ဓရုပ်ပွားတော်နှင့် စေတီတန်ဆောင်းအား အနေကဇာတင်ပူဇော်ခြင်း၊ ရှင်ပြုမင်္ဂလာကျင်းပခြင်းများ ပြုလုပ်ခဲ့ပြီး အလှူရှင်များနှင့် ဧည့်ပရိသတ်များက အတူတကွ ရေစက်ချ အမျှဝေကာ ကုသိုလ်ယူခဲ့ကြကြောင်း သိရှိရသည်။

    အခမ်းအနားသို့ ပင်လုံဒေသခံများ၊ အနီးအနားကျေးရွာများမှ ပြည်သူများနှင့် ရပ်နီးရပ်ဝေးမှ ဖိတ်ကြားထားသော ဧည့်သည်တော်များ လာရောက်ခဲ့ကြပြီး ပန်လင်းရွာကျောင်း ဒကာ၊ ဒကာမများက ရဟန်း (၁) ပါးနှင့် ကိုရင် (၁၆) ပါးအား ကံထပ်ရှင်ပြုပေးနိုင်ခဲ့ကြောင်း သိရသည်။

  • လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှာ တောင်သူတွေ့ဆုံဆွေးနွေးပွဲနှင့် မျိုးစေ့ ၊ပျိုးပင် ၊လယ်ယာသုံးစက်ကိရိယာများ ထောက်ပံ့ပေးအပ်ပွဲပြုလုပ်

    လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှာ တောင်သူတွေ့ဆုံဆွေးနွေးပွဲနှင့် မျိုးစေ့ ၊ပျိုးပင် ၊လယ်ယာသုံးစက်ကိရိယာများ ထောက်ပံ့ပေးအပ်ပွဲပြုလုပ်

    လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှာ တောင်သူတွေ့ဆုံဆွေးနွေးပွဲနှင့် မျိုးစေ့ ၊ပျိုးပင် ၊လယ်ယာသုံးစက်ကိရိယာများ ထောက်ပံ့ပေးအပ်ပွဲပြုလုပ်

    ———————-
    မေ၂၇ ရက်၊ ၂၀၂၆ခုနှစ်
    ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှာ ၂ဝ၂၆-၂ဝ၂၇ ခုနှစ် မနက်ပိုင်း(၁၀းနာရီ)တွင် တောင်သူတွေ့ဆုံဆွေးနွေးပွဲနှင့် မျိုးစေ့ ၊ပျိုပင် ၊လယ်ယာသုံးစက်ကိရိယာများ ထောက်ပံ့ပေးအပ်ပွဲပြုလုပ်ခဲ့ကြောင်းသိရပါသည်။

    ရှေ့ဦးစွာ လွိုင်လင်ခရိုင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကြည်မြင့် နှင့် အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်အောင်ဆန်းနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ခွန်သက်နိုင် တို့မှ စိုက်ပျိုးတောင်သူများအား နုတ်ခွန်းဆက် စကား ပြောကြားခဲ့ကြောင်းသိရပါသည်။


    အခမ်းနားအစီစဥ်အရ လွိုင်လင်ခရိုင် ခရိုင်ဦးစီးမှူး၊စိုက်ပျိုးရေးဦးစီးဌာနမှ ဦးမျိုးမင်းသန့်က မျိုးစေ့/ပျိုးပင် နှင့်လယ်ယာသုံးစက်ကိရိယာများ ထောက်ပံ့ ပေးအပ်ရခြင်း အကြောင်း ရှင်းလင်း ပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒေါ်ခင်နှင်းသူက နှစ်ရှည်သီးနှံ ပျိုးပင်နှင့် နှစ်ချင်းသီးနှံ မျိုးစေ့များ၊ လယ်ယာသုံးစက်ကိရိယာများ ကို စိုက်ပျိုးတောင်သူများထံ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။


    ယင်းနောက် လွိုင်လင်ခရိုင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကြည်မြင့်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်အောင်ဆန်း၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ခွန်သက်နိုင်နှင့် လွိုင်လင်မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းထွဋ် တို့ကလည်း တက်ရောက်လာသော စိုက်ပျိုးတောင်သူများကို နှစ်ရှည်သီးနှံ၊ ပျိုးပင်များ၊နှစ်ချင်းသီးနှံ၊မျိုးစေ့များနှင့် မြေသြဇာများပေးအပ်ခဲ့ကြပါသည်။


    ထို့နောက် တက်ရောက်လာသော စိုက်ပျိုးတောင်သူများနှင့် အပြန်အလှန် ဆွေးနွေးတင်ပြခဲ့ကြပြီး စိုက်ပျိုးရေးနည်းပညာအသစ်များ၊ လယ်ယာထွက်ပေါ်မှု တိုးတက်စေရန် လုပ်ဆောင်ချက်များနှင့် စိုက်ပျိုးရေးဦးစီးဌာန၏ အထောက်အပံ့များကို ဆွေးနွေးခဲ့ကြသည်။


    ထို့ပြင် လွိုင်လင်ခရိုင် ခရိုင်ဦးစီးမှူး၊စိုက်ပျိုးရေးဦးစီးဌာနမှ ဦးမျိုးမင်းသန့်က ကော်ဖီစိုက်ပျိုးရာတွင် ဒေသရာသီဥတုနှင့် သင့်လျှော်သည့် မျိုးစေ့ကို ရွှေးချယ်စိုက်ပျိုးသင့်ကြောင့်၊ အရည်အသွေးပြည့်မီအောင် နည်းစနစ်တကျ ပျိူးခြင်း၊ စိုက်ခြင်း ပြုလုပ်ဖို့ ဆွေးနွေးပြောကြားခဲ့ပြီးစိုက်ပျိုးရေးဌာနမှ စိုက်ပျိုးထားသော ကော်ဖီပင်များကိုလှည့်လည်ကြည့်ရှခဲ့ပါသည်။

  • လွိုင်လင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်အောင်ဆန်းနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ခွန်သက်နိုင် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားတက်ရောက်

    လွိုင်လင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်အောင်ဆန်းနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ခွန်သက်နိုင် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားတက်ရောက်

    လွိုင်လင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်အောင်ဆန်းနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ခွန်သက်နိုင် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားတက်ရောက်

    ———————-
    မေလ ၂၇ရက်၊ ၂၀၂၆ခုနှစ်
    ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်၊ အထက(၁)လွိုင်လင်၌ မနက်ပိုင်း(၉း၀၀)နာရီမှာ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို လွိုင်လင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်အောင်ဆန်းနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ခွန်သက်နိုင် တို့ကတက်ရောက်ခဲ့ကြောင်းသိရပါသည်။


    ရှေးဦးစွာ ကျောင်းသား/သူများမှ” တို့အလေးပေး” သီချင်းဖြင့် ဖွင့်လှစ်ပြီး “လွိုင်လင်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကြည်မြင့်က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

    ထိုနောက် လွိုင်လင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ခွန်အောင်ဆန်းက အမှာစကားပြောကြားခဲ့ပြီး လွိုင်လင်ခရိုင်ပညာရေးမှူး ဆရာကြီး ဦးမျိုးတင့် က ကျောင်းအပ်နှံရေး အခမ်းအနား ကျင်းပပြုလုပ်ရခြင်းအကြောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။

    ဆက်လက်ပြီး အလယ်တန်းဆင့်/မူဆင့် အခမဲ့ဖြန့်ချီပေးသော ကျောင်းသုံးပစ္စည်းများအား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကြည်မြင့်က အလယ်တန်းဆင့်/မူဆင့် ကျောင်းသားနှစ်ဦးထံသို့ ပေးအပ်ခြင်း နှင့် အထက်တန်းဆင့် အခမဲ့ပုံနှိပ်ဗလာများအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်အောင်ဆန်းက အထက်တန်းဆင့် ကျောင်းသားတစ်ဦးထံသို့ ပေးအပ်ခဲ့ပါသည်။


    ထို့နောက်တွင် မြို့နယ်ပညာကျန်းမာကော်မတီ ဦးမောင်မောင်ဝင်းမှ မြို့နယ်အတွင်း ဆင်းရဲနွမ်းပါးကလေးများအား ထောက်ပံ့ငွေကျပ် ငါးသိန်းအား ဒု-မြို့နယ်ပညာရေးမှူး ဦးစံလှိုင်ထံသို့ ပေးအပ်ခဲ့ပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်နှင်းဝင့်ဝင့်ဆွေ က ငါးသောင်းကျပ် ထောက်ပံ့လှူဒါန်းတာကို မြို့နယ်ပညာရေးမှူး ဒေါ်မိုးမိုး ထံသို့ ပေးအပ်ခဲ့ပါသည်။


    မြို့နယ်အဆင့် ကျောင်းအပ်နှံရေးအခမ်းအနား ကို အထက(၁)လွိုင်လင် ကျောင်းသား/သူများမှ “ တို့ကျောင်းတော်” သီချင်းဖြင့် သီဆိုနှုတ်ဆက်ပြီး ဆရာ/ဆရာမများမှ ကျောင်းသူ/ကျောင်းသားများကို ကျောင်းအပ်နှံရေးအစီအစဥ်အတိုင်း အခမဲ့ပုံနိပ်ဗလာများ ပေးအပ်ခြင်း တို့ပြုလုပ်ခဲ့ကြသည်။

  • ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုဗဟိုကော်မတီမှ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

    ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုဗဟိုကော်မတီမှ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

    ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုဗဟိုကော်မတီမှ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

    ——————————
    မေလ(၂၇)ရက် ၊ ၂၀၂၆
    အထူးဒေသ(၆)၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ၊တောင်ကြီးမြို့ ၊ ကန်ကြီးရပ်ကွက်၊ ပအိုဝ်းအမျိုးသား ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး(ခန်းမ)၌ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုဗဟိုကော်မတီ၏ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မေလ၂၇ရက် နံနက်ပိုင်းအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။


    အဆိုပါအစည်းအဝေးတွင် လာမည့်ပညာသင်နှစ်အတွင်း ဒေသတွင်းကျောင်းများ၌ ပအိုဝ်းစာပေသင်ကြားရေးလုပ်ငန်းစဉ်များ ပိုမိုထိရောက်စွာ တိုးမြှင့်ဆောင်ရွက်နိုင်ရေးကို အဓိကထား ဆွေးနွေးခဲ့ကြသည်။ အစည်းအဝေး၌ ကျောင်းသား၊ ကျောင်းသူများ ပအိုဝ်းစာပေကို စနစ်တကျ သင်ယူနိုင်စေရန်အတွက် သင်ရိုးညွှန်းတမ်းဆိုင်ရာ ပြင်ဆင်မှုများ၊ ဆရာ၊ ဆရာမများ၏ သင်ကြားမှုစွမ်းဆောင်ရည် မြှင့်တင်ရေးအစီအစဉ်များအား အသေးစိတ်ညှိနှိုင်းခဲ့သည်။ ထို့အပြင် တိုင်းရင်းသားစာပေသင်ကြားရေးတွင် ပိုမိုအဆင်ပြေချောမွေ့စေရေးအတွက် သက်ဆိုင်ရာပညာရေးဌာနများနှင့် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များ၊ လက်ရှိရင်ဆိုင်နေရသည့် အကြောင်းအရာများကို ဖြေရှင်းပေးနိုင်မည့် နည်းလမ်းများကိုလည်း အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။


    အဆိုပါအစည်းအဝေးသို့ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုဗဟိုဉက္ကဌ ဦးခွန်ဝင်းကိုနှင့် ကော်မတီဝင်အဖွဲ့ဝင်များများ၊ ပညာရေးတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

  • ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဌနှင့် လွတ်တော်ကိုယ်စားလှယ်များက ဆောင်းပြောင်းကျေးရွာရှိ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လာရောက်ကြည့်ရှု

    ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဌနှင့် လွတ်တော်ကိုယ်စားလှယ်များက ဆောင်းပြောင်းကျေးရွာရှိ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လာရောက်ကြည့်ရှု

    ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဌနှင့် လွတ်တော်ကိုယ်စားလှယ်များက ဆောင်းပြောင်းကျေးရွာရှိ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လာရောက်ကြည့်ရှု


    မေလ (၂၆) ရက်၊ ၂၀၂၆ ခုနှစ်
    အထူးဒေသ (၆)၊ ရှမ်းပြည်နယ်တောင်ပိုင်း
    ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းကျေးရွာတွင် စစ်ရေးကြောင့် ပျက်စီးသွားသော စာသင်ကျောင်းများကို ပြန်လည်ပြင်ဆင်၍ ကျောင်းဖွင့်လှစ်နိုင်ရေးအတွက် ဒေသဦးစီးဥက္ကဌ ဦးခွန်ဖိုးစိန်နှင့် လွတ်တော်ကိုယ်စားလှယ်များက မေလ (၂၆) ရက်နေ့တွင် လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


    စစ်ရေးအခြေအနေများကြောင့် ပျက်စီးသွားခဲ့သော ဆောင်းပြောင်း အထက်တန်းကျောင်းအား ပြန်လည်ပြုပြင်နိုင်ရေးအတွက် နိုင်ငံတော်မှ ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး၊ ကျောင်းများ အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးကိုလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


    ထို့ပြင် ပန်ပုန့်၊ တောင်မဲသင်း၊ လုံးပျဉ်နှင့် နမ်းနေင်းကျေးရွာများရှိ စာသင်ကျောင်းကော်မတီအဖွဲ့များနှင့်လည်း တွေ့ဆုံဆွေးနွေးကာ ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်ချက်များကို မေးမြန်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


    ထို့နောက် တောင်လေးကျေးရွာတွင် ငလျင်ကြောင့် ပျက်စီးသွားသော နေအိမ်များအတွက် နိုင်ငံတော်မှ ထောက်ပံ့ပေးထားသည့် ငွေကြေးများကိုလည်း ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

  • မောက်မယ်မြို့ရှိ ပရိယတ္တိပါဒတကျောင်းတိုက် ဆရာတော်၏ အန္တိမအဂ္ဂိဈာပနပွဲ ဖြစ်မြောက်ရေးအတွက် သူရိယခမ်း ခမ်းဗွေႏနှင့်အဖွဲ့ အလှူငွေ သွားရောက်လှူဒါန်း

    မောက်မယ်မြို့ရှိ ပရိယတ္တိပါဒတကျောင်းတိုက် ဆရာတော်၏ အန္တိမအဂ္ဂိဈာပနပွဲ ဖြစ်မြောက်ရေးအတွက် သူရိယခမ်း ခမ်းဗွေႏနှင့်အဖွဲ့ အလှူငွေ သွားရောက်လှူဒါန်း

    မောက်မယ်မြို့ရှိ ပရိယတ္တိပါဒတကျောင်းတိုက် ဆရာတော်၏ အန္တိမအဂ္ဂိဈာပနပွဲ ဖြစ်မြောက်ရေးအတွက် သူရိယခမ်း ခမ်းဗွေႏနှင့်အဖွဲ့ အလှူငွေ သွားရောက်လှူဒါန်း


    မေလ ၂၆ ရက်၊ ၂၀၂၆ ခုနှစ်၊
    ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးခရိုင် မောက်မယ်မြို့ရှိ ပရိယတ္တိပါဒတကျောင်းတိုက် ပဓာနနယက ဆရာတော် ဘဒ္ဒန္တစန္ဒီမာ (သာသနဓဇ ဓမ္မာစရိယ) ၏ အန္တိမအဂ္ဂိဈာပနပွဲ ဖြစ် မြောက်ရေးအတွက် သူရိယခမ်း ခမ်းဗွေႏ ဖြားကျော်သိန်း၊ ဒုတိယခမ်းဗွေႏ ဖြားဆရာကွံနှင့် သူရိယခမ်း ခေါင်းဆောင်ကြီးများအဖွဲ့မှ အလှူငွေများ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။


    မေလ ၂၆ ရက်နေ့ နေ့လယ် ၂ နာရီခန့်တွင် သူရိယခမ်း ဖြားခမ်းဗွေႏနှင့်အဖွဲ့သည် မောက်မယ်မြို့ ပရိယတ္တိပါဒတကျောင်းတိုက်သို့ သွားရောက်ကာ ဆရာတော် ဘဒ္ဒန္တစန္ဒီမာ၏ အန္တိမအဂ္ဂိဈာပနပွဲ ဖြစ်မြောက်ရေးအတွက် ပအိုဝ်းအမျိုးသားခေါင်းဆောင် ဖြားတန်အောင်ခမ်းထီနှင့် ပအိုဝ်းအမျိုးသားတပ်မတော်မှ အလှူငွေ ကျပ်သိန်း ၂၀၀ လှူဒါန်းခဲ့ကြောင်း သိရသည်။


    ထို့နောက် ဖြားကျော်သိန်းနှင့်အဖွဲ့သည် ကျောင်းတိုက်အတွင်း ငါးပါးသီလခံယူကာ အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ပြီး၊ ဆရာတော်ကြီး၏ အန္တိမအဂ္ဂိဈာပနပွဲအတွက် လိုအပ်သည်များရှိပါက ဆက်လက်ကူညီလှူဒါန်းပေးသွားမည်ဖြစ်ကြောင်း လျှောက်ထားကာ ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရှိရသည်။

  • ဝါးပြုံးရွာတွင် ကော်ဖီစိုက်ပျိုးထိန်းသိမ်းခြင်း နည်းပညာသင်တန်းနှင့် ကော်ဖီပျိုးပင်ပေးအပ်ခြင်း အခမ်းအနား ကျင်းပ

    ဝါးပြုံးရွာတွင် ကော်ဖီစိုက်ပျိုးထိန်းသိမ်းခြင်း နည်းပညာသင်တန်းနှင့် ကော်ဖီပျိုးပင်ပေးအပ်ခြင်း အခမ်းအနား ကျင်းပ

    ဝါးပြုံးရွာတွင် ကော်ဖီစိုက်ပျိုးထိန်းသိမ်းခြင်း နည်းပညာသင်တန်းနှင့် ကော်ဖီပျိုးပင်ပေးအပ်ခြင်း အခမ်းအနား ကျင်းပ

    မေလ(၂၆)ရက်၊ ၂၀၂၆ ခုနှစ်၊
    အထူးဒေသ(၆)၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ လဲင်းတနျားကျေးရွာအုပ်စု၊ ဝါးပြုံးရွာတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်အဖွဲ့၊ ပြည်နယ်၊ ဒေသ၊ မြို့နယ်နှင့် ဌာနဆိုင်ရာအဖွဲ့များ၏ ကြီးမှူးမှုဖြင့် ကော်ဖီစိုက်ပျိုးထိန်းသိမ်းခြင်း နည်းပညာသင်တန်းနှင့် ကော်ဖီပျိုးပင်ပေးအပ်ခြင်း အခမ်းအနားကို မေလ(၂၆)ရက် နံနက်(၁၀)နာရီခွဲအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


    အခမ်းအနားအစီအစဉ်အရ ဝါးပြုံးကျောင်းဆ ရာတော်ထံမှ တရားနာယူကာ ငါးပါးသီလခံယူခဲ့ကြပြီးနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။

    ထိုသို့ပြောကြားရာတွင် ပအိုဝ်းကိုယ်ပိုင် အုပ် ချုပ်ခွင့်ရဒေသ၌ စပါး၊ ပြောင်း၊ မြေပဲ၊ ပဲပုတ်၊ နှမ်း၊ ပဲစေ့ငုံ၊ ကြံ စသည့် အဓိကသီးနှံများအပြင် ကော်ဖီ၊ လက်ဖက်နှင့် ထောပတ်သီးများကိုလည်း စိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်း၊ ကော်ဖီသီးနှံများကို ပြည်ပဈေးကွက်များသို့ တင်ပို့ရောင်းချလျက်ရှိပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် တန်ချိန် (၂၀၀.၅) တန်အထိ တင်ပို့နိုင်ခဲ့ကြောင်း၊ ၂၀၂၆-၂၀၂၇ ခုနှစ်တွင်လည်း ပြည်တွင်းဝယ်လိုအားသာမက နိုင်ငံခြားဈေးကွက်များတွင်ပါ ဝယ်လိုအား မြင့်တက်လာနိုင်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။


    ဆက်လက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းရီရီဝင်းနှင့် ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဝင်းနောင်တို့ကလည်း အမှာစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

    ထို့နောက် ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး ဒေါ်စန္ဒာလင်းက ကော်ဖီစိုက်ပျိုးရာတွင် အရေးကြီးသည့် အချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
    ကော်ဖီမစိုက်ပျိုးမီ ဒေသရာသီဥတုနှင့် ကိုက်ညီသည့် မျိုးစေ့များကို ရွေးချယ်စိုက်ပျိုးသင့်ကြောင်း၊ အရိပ်ပင်များကို ကြိုတင်စိုက်ပျိုးထားသင့်ကြောင်း၊ မြေဆီမြေဩဇာများကို စနစ်တ ကျ အသုံးပြုသင့်ကြောင်းနှင့် ပိုးမွှားရောဂါများကိုလည်း အထူးဂရုပြုကာ ကာကွယ်ထိန်းသိမ်းသင့်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။


    ယင်းနောက် ကော်ဖီပျိုးပင်များ၊ စိုက်ပျိုးရေးမျိုးစေ့များနှင့် စိုက်ပျိုးရေးသုံးပစ္စည်းများကို ပေးအပ်ခဲ့ကြပြီး ဝါးပြုံးရွာ ဥက္ကဋ္ဌက ကျေးဇူး တင်စကား ပြန်လည်ပြောကြားခဲ့သည်။
    ထို့ပြင် နောင်တောင်ပရဟိတတပ်ဦးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည့် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှု “ထွားဗား တဲင့်သေ” ဘာသာရပ်တွင် တတိယဆုရရှိခဲ့သော နန်းဝင်းနီနှင့် နန်းရွှေပွင့်လွှာတို့အား စန္တားခမ်းကော်မတီအဖွဲ့က ဂုဏ်ပြုဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။


    အခမ်းအနားကို နေ့လယ်(၄)နာရီခွဲအချိန်တွင် ရုပ်သိမ်းခဲ့ပြီး အခမ်းအနားသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်၊ ဒေသ၊ မြို့နယ်၊ ဌာနဆိုင်ရာအဖွဲ့များနှင့် ဒေသခံပြည်သူများ စုစုပေါင်း (၂၀၀)ကျော် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

  • လွိုင်လင်မြို့နယ် အကြိုအခြေခံမီးသတ်ပညာသင်တန်း ဖွင့်ပွဲသို့ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်

    လွိုင်လင်မြို့နယ် အကြိုအခြေခံမီးသတ်ပညာသင်တန်း ဖွင့်ပွဲသို့ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်

    လွိုင်လင်မြို့နယ် အကြိုအခြေခံမီးသတ်ပညာသင်တန်း ဖွင့်ပွဲသို့ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်

    ————————-
    မေလ၂၅ရက် ၊ ၂၀၂၆ခုနှစ်
    ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊
    လွိုင်လင်မြို့နယ်၊ မီးသတ်ဦးစီးမှူးရုံးတွင်ကျင်းပပြုလုပ်သော အကြိုအခြေခံမီးသတ်ပညာသင်တန်း အမှတ်စဉ် (၁/၂ဝ၂၆) ဖွင့်ပွဲ အခမ်းအနား ကို လွိုင်လင်မြို့နယ်၊ပြည်သူလွှတ်ကိုယ်စားလှယ် ခွန်အောင်ဆန်းနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ခွန်သက်နိုင် ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။


    အခမ်းအနားကို (၂၅-၅-၂ဝ၂၆) ရက်နေ့၊ မနက် (ဝ၈းဝဝ) နာရီမှာ လွိုင်လင်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးကြည်မြင့် က သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
    ထို့နောက် အခမ်းအနားကို တက်ရောက်လာကြသည့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် အခြေခံမီးသတ်ပညာသင်တန်းသားသစ်များ မိတ်ဆက်စကားများ ပြောကြားခဲ့ကြကြောင်းသိရှိရပါသည်။


    အခမ်းအနားကို လွိုင်လင်မြို့နယ်၊ပြည်သူလွှတ်တော်ကိုယ်စားလှယ် ခွန်အောင်ဆန်း၊ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ခွန်သက်နိုင် ၊ လွိုင်လင်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးကြည်မြင့်၊လွိုင်လင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းထွဋ်နှင့်ဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် အခြေခံမီးသတ်ပညာသင်တန်းသားသစ်များ သင်တန်းသားသစ်များ တက်ရောက်ခဲ့ကြကြောင်းသိရပါသည်။

  • ပေါမူပရိယတ္တိလိတ်သွဥ်တွိုက်ကို မာꩻလွေꩻ အငဝ်းမဆွိုးအွီႏနွိုး ပဌာန်ꩻ ရွစ်ပူႏဇောႏပွယ်ꩻ

    ပေါမူပရိယတ္တိလိတ်သွဥ်တွိုက်ကို မာꩻလွေꩻ အငဝ်းမဆွိုးအွီႏနွိုး ပဌာန်ꩻ ရွစ်ပူႏဇောႏပွယ်ꩻ

    ပေါမူပရိယတ္တိလိတ်သွဥ်တွိုက်ကို မာꩻလွေꩻ အငဝ်းမဆွိုးအွီႏနွိုး ပဌာန်ꩻ ရွစ်ပူႏဇောႏပွယ်ꩻ

    ———————————————————————-
    မေလာ ၂၅ နီꩻ၊ နေင်ႏ၂၀၂၆-ဗာႏ၊
    ဖြောဝ်ꩻခမ်းနယ်ႏအခဝ်နဝ်ꩻ၊ ဝေင်ꩻနယ်ႏတောင်ႏကီꩻ၊ အွိုင်ႏပေါမူ ၊ ကျောင်ꩻပေါမူပရိယတ္တိလိတ်သွဥ်တွိုက်ကို သာႏသနာႏနေင်ႏ ၂၅၇ဝ၊ ကောႏဇာႏနေင်ႏ ၁၃၈၈-ဗာႏ၊ ဒဲဥ်စေတ်ꩻလာဆန်ꩻ (၁၀)နီꩻ မွူးရဝ်ꩻခိုႏ (၉:၀၀)နားရီႏအခိန်ႏ မာꩻလွေꩻ အငဝ်းမဆွိုးအွီႏနွိုး ပဌာန်ꩻ ရွစ်ပူႏဇောႏပွယ်ꩻ နဝ်ꩻသွူ။


    ပွယ်ꩻပူႏဇောႏရွစ်ပဌာန်ꩻပွယ်ꩻယို ရီးသွတ်ꩻဆရာႏတကာႏ ရွစ်သွိုညီႏဝင်ꩻ နမော တဿ ဂါထာႏသွံလဲင်ႏထွူ ဗွောင်လွေꩻအခန်ꩻအနာꩻတဲင် ပရိတ်သတ်တကာႏအမျာꩻ နေးထူႏနာႏခံႏထင်ႏလွေꩻ သရဏဂွုံႏ သွံပါꩻ တွမ်ႏ သဥ်သီႏလငတ်ꩻပါꩻ ဗွေႏဆရာႏတောႏကျောင်ꩻတွိုက်တန်ပေါမူထျꩻထွူ နာႏထူႏလွေꩻသွုပ် ပရိတ်မေတ္တာႏတရာꩻနောဝ်ꩻသွူ။


    အဝ်ႏနဝ်ꩻထွူ ကပင်ႏကျွꩻလွဥ်ဒါႏ ဗွေႏရဟန်ꩻသံႏဃာႏတောႏသီး ဖတ်ပူႏဇောႏသွုပ်ငါလွေꩻ ပဌာန်ꩻပစ္စယနိဒ္ဒေသ တဲင် အလဲ့ꩻကထဲ့ဒါႏ ဗွေႏသံႏဃာႏတောႏဖုံႏနဝ်ꩻ အဝ်ႏရွစ်ဖတ်ပူႏဇောႏလွေꩻနဝ်ꩻသွူ။ ပွယ်ꩻပူႏဇောႏပဌာန်ꩻယို တယ်ႏဒဲဥ်စေတ်ꩻလာဆန်ꩻ(၁၀)နီꩻ ဗꩻလွေꩻ လာဆန်ꩻ(၁၄)နီꩻအကျောင်ꩻ သေထွꩻဗာႏနဝ်ꩻသွူ။

    ပွယ်ꩻပူႏဇောႏရွစ်ပဌာန်ꩻပွယ်ꩻယို စွုမ်ႏနေင်ႏအဝ်ႏအွဥ်ႏလွေꩻအကျောင်ꩻ သွူတကာႏတဝ်း လာဒဲဥ်စေတ်ꩻဗွေနီꩻနဝ်ꩻ အီႏမာꩻလွေꩻပါ ပွယ်ꩻဗုဒ္ဓပူဇနိယ ပွယ်ꩻနေင်ႏစဲဥ်ႏ၊ လာလောင်း(၁)နီꩻနဝ်ꩻ ပရိယတ္တိသွဥ်လိတ် အောင်ႏ ဗွေႏရဟန်ꩻသံႏဃာႏတောႏ၊ ဘွဲ့လꩻ/သက္ကသိုလ်ႏနွို့ခွင်ꩻလꩻ ကျောင်ꩻသားမူႏခိုတွမ်ႏ ခမ်းသဲင်လာ သွဥ်ထူႏလိတ်ပအိုဝ်ႏအောင်ႏကျောင်ꩻသာႏပေႏဖုံႏယို အီႏအောင်ႏဆုꩻလွေꩻဖေႏ ဂွုဏ်ႏထူꩻမတ်တန်ꩻဖုံႏအကျောင်ꩻသေထွꩻဗာႏနဝ်ꩻသွူ။

    တယ်ႏလာလောင်း(၁)ဟာ ဗꩻလွေꩻ လာလောင်း( ၂)နဝ်ꩻ အီႏအွဥ်ႏလွေꩻ ပအိုဝ်ႏယိုꩻယာႏ အကျူႏပဒေႏသာႏ အဒုံႏအအူဖုံႏတဲင် ပါတွမ်ႏ ပအိုဝ်ႏအနုပညာႏ အရွစ်ယံဖုံႏ အီႏမွန်းပျောႏလွေꩻဖေႏအကျောင်ꩻ သေထွꩻဗာႏနဝ်ꩻသွူ။