လွိုင်လင်မြို့နယ် အကြိုအခြေခံမီးသတ်ပညာသင်တန်း ဖွင့်ပွဲသို့ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်

————————-
မေလ၂၅ရက် ၊ ၂၀၂၆ခုနှစ်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊
လွိုင်လင်မြို့နယ်၊ မီးသတ်ဦးစီးမှူးရုံးတွင်ကျင်းပပြုလုပ်သော အကြိုအခြေခံမီးသတ်ပညာသင်တန်း အမှတ်စဉ် (၁/၂ဝ၂၆) ဖွင့်ပွဲ အခမ်းအနား ကို လွိုင်လင်မြို့နယ်၊ပြည်သူလွှတ်ကိုယ်စားလှယ် ခွန်အောင်ဆန်းနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ခွန်သက်နိုင် ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။


အခမ်းအနားကို (၂၅-၅-၂ဝ၂၆) ရက်နေ့၊ မနက် (ဝ၈းဝဝ) နာရီမှာ လွိုင်လင်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးကြည်မြင့် က သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
ထို့နောက် အခမ်းအနားကို တက်ရောက်လာကြသည့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် အခြေခံမီးသတ်ပညာသင်တန်းသားသစ်များ မိတ်ဆက်စကားများ ပြောကြားခဲ့ကြကြောင်းသိရှိရပါသည်။


အခမ်းအနားကို လွိုင်လင်မြို့နယ်၊ပြည်သူလွှတ်တော်ကိုယ်စားလှယ် ခွန်အောင်ဆန်း၊ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ခွန်သက်နိုင် ၊ လွိုင်လင်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးကြည်မြင့်၊လွိုင်လင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းထွဋ်နှင့်ဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် အခြေခံမီးသတ်ပညာသင်တန်းသားသစ်များ သင်တန်းသားသစ်များ တက်ရောက်ခဲ့ကြကြောင်းသိရပါသည်။



Leave a Reply