Category: Uncategorized

  • Hello world!

    Welcome to WordPress. This is your first post. Edit or delete it, then start writing!

  • ပင်လောင်းမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ထပ်ဆင့်ရှင်းလင်းဟောပြောပွဲ ကျင်းပ

    ပင်လောင်းမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ထပ်ဆင့်ရှင်းလင်းဟောပြောပွဲ ကျင်းပ

    ပင်လောင်းမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ထပ်ဆင့်ရှင်းလင်းဟောပြောပွဲ ကျင်းပ
    ===================================
    နောင်တရား၊ ဩဂုတ် ၆
    အထူးဒေသ (၆)၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့ နယ်၊ နောင်တရားမြို့၊ လွယ်မော်ကျေးရွာအုပ်စု၊ မိုးနဲကျေးရွာ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ထပ်ဆင့်ရှင်းလင်းဟောပြောပွဲ ကို ယနေ့ ဩဂုတ်လ ၆ ရက် နံနက် ၁၀ နာရီခွဲတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
    အဆိုပါဟောပြောပွဲသို့ ပင်လောင်းမြို့နယ် ဒုတိယမြို့နယ်ဦးစီးမှူး ဦးစိန်လှမောင်၊ ပင်လောင်းမြို့နယ် ဥပဒေအရာရှိ ဒေါ်သော်တာမင်းထွန်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မူမြစော၊ ပင်လောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးခွန်ထွန်းအေး၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြသည်။
    အခမ်းအနားတွင် ပင်လောင်းမြို့နယ် ဒုတိယမြို့နယ်ဦးစီးမှူး ဦးစိန်လှမောင်က အဖွင့်အမှာစကားပြောကြားပြီး ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းရခြင်း၏ နောက်ခံအကြောင်းအရင်းများ၊ စစ်မှုထမ်းခေါ်ယူရခြင်း၏ ရည်ရွယ်ချက်များနှင့် ဥပဒေဆိုင်ရာ အချက်အလက်များ ကို ရှင်းလင်းပြောကြားခဲ့သည်။
    ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မူမြစောက ပြည်သူ့စစ်မှုထမ်းကင်းလွတ်ခွင့်ရရှိသူများနှင့် ပြည်သူ့စစ်မှုထမ်းများ၏ ရပိုင်ခွင့်နှင့် ခံစားခွင့်များ ကို ထပ်မံရှင်းလင်းဟောပြောခဲ့သည်။
    ဆက်လက်၍ ပင်လောင်းမြို့နယ် ဥပဒေအရာရှိ ဒေါ်သော်တာမင်းထွန်းက ပြည်သူ့စစ်မှုထမ်းခေါ်ယူရခြင်း၏ ရည်ရွယ်ချက်၊ နိုင်ငံတော်ကာကွယ်ရေးနှင့် မိသားစုလုံခြုံရေး၏ အရေးပါမှုအပြင် သက်ဆိုင်ရာဥပဒေပါ ပြဋ္ဌာန်းချက်များကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။ ယင်းအပြင် မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ ရောင်း ဝယ်ဖောက်ကားခြင်းနှင့် လောင်းကစားပြုလုပ်ခြင်းများကို ရှောင်ကြဉ်ကြရန် နှင့် ဥပဒေချိုးဖောက်မှုများ တွေ့ရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့သည်။
    ထို့ပြင် ဘိန်းစိုက်ပျိုးခြင်းသည် တရားဝင်ခွင့်ပြုထားခြင်းမရှိသဖြင့် ရှောင်ကြဉ်ကြရန်၊ လူကုန်ကူးမှုအန္တရာယ်နှင့် လူကုန်ကူးမှုဆိုင်ရာ ပြစ်မှုများကို သတိပြုကြရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် အသိပညာပေး ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။
    ယင်းနောက် ပင်လောင်းမြို့နယ် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးခွန်ထွန်းအေးက အထက်ပါဥပဒေဆိုင်ရာ အကြောင်းအရာများကို ဒေသခံပြည်သူများ ပိုမိုနားလည်လွယ်ကူစေရန် ပအိုဝ်းဘာသာစကားဖြင့် ထပ်မံရှင်းလင်းပြောကြားခဲ့သည်။
    အဆိုပါဟောပြောပွဲတွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးမှုများအပြင် ဒေသတွင်းဖွံ့ဖြိုးရေးလုပ်ငန်းများကို အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် အစီအစဉ်များကိုလည်း ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။
  • ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး လဲချားမြို့နယ်ရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား လှည့်လည်ကြည့်ရှုစစ်ဆေး

    ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး လဲချားမြို့နယ်ရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား လှည့်လည်ကြည့်ရှုစစ်ဆေး

    ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး လဲချားမြို့နယ်ရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား လှည့်လည်ကြည့်ရှုစစ်ဆေး
    ————————-
    သြဂုတ်လ ၆ရက်၊ ၂၀၂၆ခုနှစ်
    ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးသည် ပြည်နယ်ဝန်ကြီးများနှင့်အတူ ယနေ့ နေ့လယ်ပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်သို့ သွားရောက်ခဲ့ရာ လဲချားမြို့နယ်ရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရပါသည်။
    ပြည်နယ်ဝန်ကြီးချုပ် ကို လွိုင်လင်ခရိုင် လဲချားမြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းစိန်ဝင်း၊ လဲချားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းအက်စ်ကီးမိုး၊ လဲချားမြို့နယ် ကိုယ်စားပြုအချိုးကျ (PR) မဲဆန္ဒနယ်အမှတ် (၂) မှ ကိုယ်စားလှယ် ဦးခွန်ထွန်းလေး၊ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ ဘင်ခရာတပ်ဖွဲ့ နှင့် ဒေသခံမိဘပြည်သူများ တို့က နွေးထွေးစွာ ကြိုဆိုခဲ့ကြသည်။
    ထို့နောက် မွန်းလွဲ ၃ နာရီ ၁၅ မိနစ်တွင် မက်ကလန်းကျေးရွာရှိ စိုက်ပျိုးသီးနှံအခြောက်ခံစက်ရုံနှင့် လယ်ကွင်းအတွင်း မြေဩဇာကြဲဖြန့်ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများ၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အခြေအနေများကို မေးမြန်းကာ လိုအပ်သည်များကို မှာကြားခဲ့သည်။
    ယင်းနောက် မြို့မကျေးရွာအုပ်စုရှိ နောင်ခမ်းကန်အား ပြုပြင်ထိန်းသိမ်းနိုင်ရေးနှင့် ပတ်သက်၍ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဌာနမှ ရေအသုံးချမှု၊ ၃၅ ဧကရှိတဲ့ ကန်ကိုပြန်လည်ပြုပြင်ထိန်းသိမ်းနိုင်ဖို့ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ဒေသခံပြည်သူများ၏ ရေလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် လိုအပ်သည်များကို ဝန်ကြီးချုပ်က လမ်းညွှန်မှာကြားခဲ့သည်။
    ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် ဒေသခံများနှင့်ရင်းနှီးစွာစကားပြောကြားပြီး မဟာမြတ်မုနိဘုရား၌ ဆီမီးနှင့် ရေချမ်းဆက်ကပ်လှူဒါန်းကာ ရွှေဆိုင်းနှင့် အလှူငွေများကို လှူဒါန်းခဲ့ပြီးနောက် ခရီးစဉ်ကို ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရသည်။
  • နည်းပညာနှင့် အခွင့်အရေးများကို အကျိုးရှိစွာ အသုံးချပြီး ကိုယ်ပိုင်လုပ်ငန်းထူထောင်ကာ အောင်မြင်သည့် အသေးစားလုပ်ငန်းရှင်များ ဖြစ်လာကြရန် ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက တိုက်တွန်း

    နည်းပညာနှင့် အခွင့်အရေးများကို အကျိုးရှိစွာ အသုံးချပြီး ကိုယ်ပိုင်လုပ်ငန်းထူထောင်ကာ အောင်မြင်သည့် အသေးစားလုပ်ငန်းရှင်များ ဖြစ်လာကြရန် ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက တိုက်တွန်း

    နည်းပညာနှင့် အခွင့်အရေးများကို အကျိုးရှိစွာ အသုံးချပြီး ကိုယ်ပိုင်လုပ်ငန်းထူထောင်ကာ အောင်မြင်သည့် အသေးစားလုပ်ငန်းရှင်များ ဖြစ်လာကြရန် ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက တိုက်တွန်း
    ===================================
    တောင်ကြီး၊ ဩဂုတ် ၅ ရက်၊ ၂၀၂၆ ခုနှစ်၊
    အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုများ၏ ဝင်ငွေတိုးပွားလာစေရေး ရည်ရွယ်၍ ဖွင့်လှစ်သည့် စက်ချုပ်နည်းပညာသင်တန်းမှ ရရှိလာမည့် နည်းပညာနှင့် အခွင့်အရေးများကို အကျိုးရှိစွာ အသုံးချကာ ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်ပြီး အောင်မြင်သည့် အသေးစားလုပ်ငန်းရှင်များ ဖြစ်လာကြရန် ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်နန်းစိုးစိုးထွေးက တိုက်တွန်းမှာကြားသည်။
    စက်ချုပ်နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ ဩဂုတ် ၅ ရက် နံနက် ၉ နာရီတွင် တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်ရှိ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေး (ဒဲ၌သီးဗွေကွင်း) ၌ ကျင်းပသည်။
    အခမ်းအနားတွင် ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်နန်းစိုးစိုးထွေးက အဖွင့်အမှာစကားပြောကြားရာ၌ စက်ချုပ်နည်းပညာသင်တန်းသည် ကျေးလက်နေမိသားစုများ၏ ဝင်ငွေတိုးပွားလာစေရေးနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းများ ပေါ်ထွက်လာစေရေး ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။
    ထို့အပြင် မိမိတို့ချုပ်လုပ်သည့် အထည်တစ်ခုချင်းစီ၏ ကုန်ကျစရိတ်နှင့် ဈေးကွက်တန်ဖိုးကို လေ့လာတွက်ချက်ပြီး ဈေးကွက်ဝင်ဒီဇိုင်းများ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းရန်၊ သင်တန်းမှရရှိသည့် အခြေခံပညာများကို အခြေခံ၍ ကိုယ်ပိုင်တီထွင်ဖန်တီးမှုများ ပြုလုပ်ကြရန်နှင့် ရရှိလာသည့် နည်းပညာကို လက်တွေ့လုပ်ငန်းအဖြစ် ပြောင်းလဲအသုံးချကြရန် မှာကြားခဲ့သည်။
    ယင်းနောက် ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးစိုးနိုင်ထူးက စက်ချုပ်နည်းပညာသင်တန်းနှင့် ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး သင်တန်းတွင် အသုံးပြုမည့် သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့ကာစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ပြီးနောက် တာဝန်ရှိပုဂ္ဂိုလ်များက သင်တန်းတက်ရောက်သူများကို ရင်းရင်းနှီးနှီး တွေ့ဆုံနုတ်ဆက် အားပေးစကားပြောကြားပေးခဲ့သည်။
    အဆိုပါသင်တန်းတွင် စက်ကိုင်တွယ်အသုံးပြုနည်း၊ အခြေခံချုပ်ရိုးများ၊ Pattern ရေးဆွဲနည်းများနှင့် အမျိုးမျိုးသော အဝတ်အထည်ချုပ်လုပ်နည်းများကို စနစ်တကျ သင်ကြားပေးမည်ဖြစ်ပြီး အခြေခံသင်တန်း တစ်လနှင့် မွမ်းမံသင်တန်း ၁၅ ရက် စုစုပေါင်း ၄၅ ရက်ကြာ သင်ကြားပေးမည်ဖြစ်သည်။ သင်ကြားရာတွင် စာတွေ့ ၃၀ ရာခိုင်နှုန်းနှင့် လက်တွေ့ ၇၀ ရာခိုင်နှုန်းဖြင့် လေ့ကျင့်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
    ဖွင့်ပွဲအခမ်းအနားတွင် လွှတ်တော်ကိုယ်စား လှယ်များ၊ ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီး အကဲများ၊ အရာ ထမ်း၊ အမှုထမ်းများ၊ စီမံကိန်းအဖွဲ့ခေါင်းဆောင်များနဲ့ အဖွဲ့ဝင်များ၊ သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
  • ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဟိုပုံးမြို့နယ် ဒုံလိတန်ကျေးရွာရှိ ဒေသခံများနှင့်တွေ့ဆုံ၊ ကော်ဖီနှင့် ထောပတ်စိုက်ခင်းများ ကွင်းဆင်းကြည့်ရှု

    ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဟိုပုံးမြို့နယ် ဒုံလိတန်ကျေးရွာရှိ ဒေသခံများနှင့်တွေ့ဆုံ၊ ကော်ဖီနှင့် ထောပတ်စိုက်ခင်းများ ကွင်းဆင်းကြည့်ရှု

    ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဟိုပုံးမြို့နယ် ဒုံလိတန်ကျေးရွာရှိ ဒေသခံများနှင့်တွေ့ဆုံ၊ ကော်ဖီနှင့် ထောပတ်စိုက်ခင်းများ ကွင်းဆင်းကြည့်ရှု
    ===================================
    ဟိုပုံး၊ ဩဂုတ် ၅ရက်၊ ၂၀၂၆-ခုနှစ်
    ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ နောင်လိုင်မူဖိတ်ကျေးရွာအုပ်စု၊ ဒုံလိတန်ကျေးရွာရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး ကော်ဖီနှင့် ထောပတ်စိုက်ခင်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
    အဆိုပါကွင်းဆင်းဆောင်ရွက်မှုတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်နှင့် အဖွဲ့ဝင်များ၊ ဟိုပုံးမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခွန်သိန်းရွှေနှင့် အဖွဲ့ဝင်များ၊ ဒေသနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါခဲ့ကြသည်။
    ဦးစွာ တာဝန်ရှိသူများသည် ဖက်ရမ်းကျေးရွာ အုပ်စု၊ ပုံးအယ်ကျေးရွာရှိ ဆရာတော်အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
    ထို့နောက် ပုံးအယ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဆောက်လုပ်မည့်အခြေအနေများကို ဆွေးနွေးခဲ့ကြပြီး ဘုန်းတော်ကြီးကျောင်း ဆောက်လုပ်မည့်နေရာနှင့် အခြေခံပညာမူလတန်းလွန်ကျောင်း အလျား ၁၂၀ ပေ၊ အနံ ၃၀ ပေရှိ ကျောင်းဆောင်သစ် ဆောက်လုပ်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီးလိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
    ယင်းနောက် နောင်လိုင်မူဖိတ်ကျေးရွာအုပ်စု၊ ဒုံလိတန်ကျေးရွာရှိ ဆရာတော်အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့သည်။
    တွေ့ဆုံစဉ် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌက ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ် ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် လိုအပ်ချက်များကို သိရှိနိုင်ရန်နှင့် လိုအပ်သည့်လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်နိုင်ရန် လာရောက်တွေ့ဆုံခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
    ထို့နောက် ဒေသခံပြည်သူများက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်ချက်များကို ဆွေးနွေးတင်ပြခဲ့ကြရာ ဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တင်ပြချက်များအပေါ် လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဆောင်ရွက်ပေးခဲ့ကြသည်။
    ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများသည် ဒုံလိတန်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲ၏ အခြေအနေများကို ကြည့် ရှုစစ်ဆေးခဲ့ကြသည်။
    ထို့အပြင် ဒုံလိတန်ကျေးရွာအတွင်း ဒေသခံများ စိုက်ပျိုးထားသည့် ကော်ဖီစိုက်ခင်းများနှင့် ထောပတ်စိုက်ခင်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး စိုက်ပျိုးထုတ်လုပ်မှု၊ ဒေသနှင့်ကိုက်ညီသည့် စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေးနှင့် ဒေသခံများ၏ လူမှုစီးပွားဘဝ တိုးတက်ကောင်းမွန်ရေးအတွက် လိုအပ်သည်များကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
  • ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား/သူများအား PNO မှ ဂုဏ်ပြုဆုချီးမြှင့်

    ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား/သူများအား PNO မှ ဂုဏ်ပြုဆုချီးမြှင့်

    ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား/သူများအား PNO မှ ဂုဏ်ပြုဆုချီးမြှင့်
    ==================================
    ကလော၊ ဩဂုတ် ၆ ရက်၊ ၂၀၂၆
    ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အထူးဒေသ(၆)၊ ကလောခရိုင်၊ ကလောမြို့နယ်အတွင်း ပညာရေးကို အားပေးမြှင့်တင်သည့်အနေဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ဂုဏ်ထူးများဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် အောင်ပန်းမြို့ပေါ်ရှိ ပအိုဝ်းလူငယ် ကျောင်းသား/သူများအား ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)က ယနေ့ ဂုဏ်ပြုဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။
    အဆိုပါ ဂုဏ်ပြုဆုချီးမြှင့်ပွဲကို ဩဂုတ် ၆ ရက်တွင် အောင်ပန်းမြို့ရှိ ကလောမြို့နယ် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး တာဝန်ရှိသူများ၊ ထူးချွန်ကျောင်းသား/သူများနှင့် မိဘများ တက်ရောက်ခဲ့ကြသည်။
    အခမ်းအနားတွင် တက်ရောက်လာကြသူများ အပြန်အလှန် မိတ်ဆက်ခြင်း၊ ကလောမြို့နယ် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဥက္ကဋ္ဌ ဖြားခွန်ထွန်းတင်က အဖွင့်အမှာစကား ပြောကြားခြင်းနှင့် ဒုတိယဥက္ကဋ္ဌ ဖြားဆရာႏတီးက ဂုဏ်ပြုဆုချီးမြှင့်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခြင်းများ ပြုလုပ်ခဲ့သည်။
    ဆက်လက်၍ ကလောမြို့နယ် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌ ဖြားခွန်သူတော်က ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/သူများအား အားပေးစကား ပြောကြားခဲ့ပြီး တာဝန်ရှိသူများက ထူးချွန်ကျောင်းသား/သူများအား ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြသည်။
    ထို့နောက် ထူးချွန်ကျောင်းသား/သူများ၏ မိဘများကိုယ်စား ခွန်ဖြိုးအောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
    အဆိုပါ ဂုဏ်ပြုဆုချီးမြှင့်ပွဲသည် ကလောမြို့နယ် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)က ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် (၁)ဘာသာဂုဏ်ထူးမှ (၅)ဘာသာဂုဏ်ထူးအထိ ရရှိအောင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် အောင်ပန်းမြို့ပေါ်ရှိ ပအိုဝ်းလူငယ် ကျောင်းသား/သူ ၁၈ ဦးအား ပထမအကြိမ်အဖြစ် စတင်ဂုဏ်ပြုဆုချီးမြှင့်ခြင်းဖြစ်ကြောင်း သိရသည်။
  • မိုင်းပွန်တိုက်နယ်ဆေးရုံ လိုအပ်ချက်များကို ဆရာဝန်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်အောင်ဆန်းထံ တင်ပြ

    မိုင်းပွန်တိုက်နယ်ဆေးရုံ လိုအပ်ချက်များကို ဆရာဝန်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်အောင်ဆန်းထံ တင်ပြ

    မိုင်းပွန်တိုက်နယ်ဆေးရုံ လိုအပ်ချက်များကို ဆရာဝန်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်အောင်ဆန်းထံ တင်ပြ
    ===================================
    သြဂုတ်လ ၃ရက်၊ ၂၀၂၆ခုနှစ်
    ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်လရိုင် မိုင်းပွန်တိုက်နယ်ဆေးရုံတွင် ကျန်းမာရေးဝန်ဆောင် မှုများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်နေသော ဆေးရုံအဆောက်အ အုံ၊ ဆေးဝါးနှင့် ဆေးပစ္စည်းများ၊ လူ့စွမ်းအားအရင်းအမြစ်အပါအဝင် လိုအပ်ချက်များကို မိုင်းပွန်တိုက်နယ်ဆေးရုံ တိုက်နယ်ဆရာဝန်အုပ် ဒေါက်တာ ဦးအုပ်စိုးသူ က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်အောင်ဆန်း ထံ တင်ပြခဲ့ကြောင်း သိရသည်။
    အဆိုပါ တင်ပြမှုတွင် ဒေသခံပြည်သူများအတွက် အရည်အသွေးမြင့် ကျန်းမာရေးဝန်ဆောင်မှုများ ပေးအပ်နိုင်ရေးနှင့် လိုအပ်နေသော ကဏ္ဍအသီးသီးကို ပူးပေါင်းဖြည့်ဆည်းနိုင်ရေး ဆွေးနွေးစကားပြောခဲ့ကြသည်။
    ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်အောင်ဆန်းကလည်း တင်ပြထားသော လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းကာ အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
  • ၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် (၂၅) နှစ်အောက် ဘတ်စကက်ဘောပြိုင်ပွဲ တောင်ကြီးမြို့တွင် ဖွင့်လှစ်

    ၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် (၂၅) နှစ်အောက် ဘတ်စကက်ဘောပြိုင်ပွဲ တောင်ကြီးမြို့တွင် ဖွင့်လှစ်

    ၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် (၂၅) နှစ်အောက် ဘတ်စကက်ဘောပြိုင်ပွဲ တောင်ကြီးမြို့တွင် ဖွင့်လှစ်
    ===================================
    တောင်ကြီး၊ ဩဂုတ် ၃၊ ၂၀၂၆-ခုနှစ်
    ၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် (၂၅) နှစ်အောက် ဘတ်စကက်ဘော (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ ဖွင့်ပွဲအခမ်း အနားကို ဩဂုတ် ၃ ရက် နံနက် ၉ နာရီတွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ ပြည်နယ်လေ့ ကျင့်ရေး အားကစားရုံ၌ ကျင်းပခဲ့သည်။
    ဖွင့်ပွဲအခမ်းအနားတွင် ပြိုင်ပွဲဝင် အားကစားသမားများ ကွင်းအတွင်း နေရာယူပြီးနောက် ဖွင့်ပွဲအခမ်းအနား စတင်ခဲ့ကြောင်း။ ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်ခင်ထွေးအောင်က နှုတ်ခွန်းဆက် အမှာစကား ပြောကြားခဲ့ပြီး မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီက အဖွင့်အမှာစကား ပြောကြားကာ ပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့သည်။
    နှုတ်ခွန်းဆက်အမှာစကားကို ရှမ်းပြည်အစိုးရ အဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်(ကိုယ်စား) ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်ခင်ထွေးအောင် က ပြောကြားရာတွင် “ရှမ်းပြည်နယ်အနေဖြင့် ယခုနှစ် ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း၊ ပြိုင်ပွဲဝင်အသင်းများအတွက် တည်းခိုနေထိုင်ရေးနှင့် စားသောက်ရေးတို့ကို စနစ်တကျ စီစဉ်ထားကြောင်းနှင့် ရှမ်းပြည်နယ်မှ လှိုက်လှဲစွာ ကြိုဆိုကြောင်” ပြောကြားခဲ့သည်။
    ထို့ပြင် ပြိုင်ပွဲဝင် အားကစားသမားများအနေဖြင့် အားကစားစိတ်ဓာတ်အပြည့်ဖြင့် သန့်ရှင်းစွာ ယှဉ်ပြိုင်ကြရန်၊ ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာကြရန်၊ ပြိုင်ပွဲမှတစ်ဆင့် နိုင်ငံတော်အတွက် အားထားရမည့် လက်ရွေးစင်အားကစားသမားများ ပေါ်ထွက်လာစေရေး ကြိုးပမ်းကြရန်နှင့် နိုင်ငံတကာအလယ်တွင် မြန်မာ့ဘတ်စကက်ဘော အားကစားဂုဏ်သိက္ခာ မြင့်မားလာစေရေး ရည်မှန်း၍ ယှဉ်ပြိုင်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။
    ယင်းနောက် ပြိုင်ပွဲဝင် အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန် (၄) ချက် ရွတ်ဆိုခဲ့ကြပြီး ဒုတိယဝန်ကြီး ဦးညီညီနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပြိုင်ပွဲဝင် အားကစားသမားများအား လိုက်လံနှုတ်ဆက်ကာ ဘင်ခရာတပ်ဖွဲ့အား ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့သည်။ ထို့နောက် ပြိုင်ပွဲဝင်များ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ပြီး ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
    ယခုကျင်းပသည့် ပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ အသင်းများ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး အမျိုးသားအသင်း (၁၅)သင်းနှင့် အမျိုးသမီးအသင်း (၁၀)သင်း ဝင်ရောက်ယှဥ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း ပြိုင်ပွဲကို ဩဂုတ် ၃ ရက်မှ ၉ ရက်အထိ အုပ်စုပတ်လည်၊ ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲများကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
    ဖွင့်ပွဲအခမ်းအနားတွင် အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ အားကစားနှင့်ကာယ ပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာ နိုင်ငံ ဘတ်စကက်ဘောအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစား သမားများ တက်ရောက်ခဲ့ကြပါသည်။
  • ဘုရားကျိန်းကျေးရွာတွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ရက်(၁၀၀) စီမံချက်ဖြင့် လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနား ကျင်းပ

    ဘုရားကျိန်းကျေးရွာတွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ရက်(၁၀၀) စီမံချက်ဖြင့် လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနား ကျင်းပ

    ဘုရားကျိန်းကျေးရွာတွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ရက်(၁၀၀) စီမံချက်ဖြင့် လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနား ကျင်းပ
    ဆီဆိုင်၊ ဇူလိုင် (၃၁)ရက်၊ ၂၀၂၆-ခုနှစ်၊
    ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ပါလောပါကယ်ကျေးရွာအုပ်စု၊ ဘုရားကျိန်းကျေးရွာတွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ရှမ်းပြည်နယ်အစိုးရ အဖွဲ့၏ ရက်(၁၀၀) စီမံချက်ဖြင့် လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ပေးခဲ့သည့် လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားကို ယနေ့ ဇူလိုင် ၃၁ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
    အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာလဆိုင်း၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်သန်းထူး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်၊ ရှမ်းပြည်နယ်လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးဇော်မင်းထွန်း၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာဒေသခံများ တက်ရောက်ခဲ့ကြသည်။
    အခမ်းအနားကို တက်ရောက်ကြသည့် ရှမ်းပြည် နယ်အစိုးရအဖွဲ့မှ ဝန်ကြီးများက လျှပ်စစ် မီးဖွင့်ပွဲမုခ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်းနှင့် အမှတ်တရမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခြင်းများ ပြုလုပ်ခဲ့သည်။
    ထို့နောက် ဒုတိယပိုင်းအစီအစဉ်တွင် ရှမ်းပြည် နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြည်နယ်လျှပ်စစ် အင် ဂျင်နီယာ ဦးဇော်မင်းထွန်းက ဘုရားကျိန်းကျေးရွာ လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ပေးခဲ့မှုနှင့် လျှပ်စစ်မီးဖွင့်ပွဲနှင့်ပတ်သက်သည့် အချက်အလက်များကို ရှင်းလင်းတင်ပြခဲ့သည်။
    ယင်းနောက် ဒေသခံကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးဇော်မင်းထွန်းက ရှမ်းပြည်နယ်ဝန်ကြီးချုပ်ထံသို့ ဖွင့်ပွဲအထိမ်း အမှတ် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။
    ထို့အပြင် ကျေးရွာကိုယ်စား လှယ်များကလည်း ဒေသထွက်လက်ဆောင်ပစ္စည်းများကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များထံ ပေးအပ်ခဲ့ကြသည်။
    ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးနှင့် တာဝန်ရှိသူများက သတ်မှတ်ထားသည့် မင်္ဂလာနေရာသို့ သွားရောက်ပြီး လျှပ်စစ် မီးအား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့ကြောင်း၊အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများက အမှတ်တရစုပေါင်းဓာတ်ပုံ ရိုက် ကူးခဲ့ကြပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
  • အောင်ပန်းမြို့တွင် (၆၀)ကြိမ်မြောက် မြို့လုံး ကျွတ် သံဃာဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ

    အောင်ပန်းမြို့တွင် (၆၀)ကြိမ်မြောက် မြို့လုံး ကျွတ် သံဃာဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ

    အောင်ပန်းမြို့တွင် (၆၀)ကြိမ်မြောက် မြို့လုံး ကျွတ် သံဃာဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ
    ==================================
    အောင်ပန်း၊ ဇူလိုင် ၃၀ ရက် ၂၀၂၆-ခုနှစ်၊
    ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်၊ အောင်ပန်းမြို့တွင် (၆၀)ကြိမ်မြောက် မြို့လုံးကျွတ် သံဃာဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့ ဇူလိုင် ၃၀ ရက်၊ ၂၀၂၆ ခုနှစ်၊ ၁၃၈၈ ခုနှစ် ဒုတိယဝါဆိုလပြည့်ကျော် ၁ ရက်နေ့ နေ့လယ်ပိုင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
    အဆိုပါ သံဃာဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် အောင်ပန်းမြို့ရှိ ပင့်ကျောင်း ၁၄ ကျောင်းမှ ပင့်သံဃာတော် အပါး ၁၀၈၃ ပါးကျော် ကြွရောက်တော်မူခဲ့ကြပြီး မြို့သူမြို့သားများ၊ အလှူဒါယကာ၊ အလှူဒါယိကာမများက ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုအစုစုတို့ကို စုပေါင်းလောင်းလှူပူဇော်ခဲ့ကြသည်။
    နှစ်စဉ်ကျင်းပပြုလုပ်လေ့ရှိသည့် အဆိုပါ မြို့လုံးကျွတ် သံဃာဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီးသည် အောင်ပန်းမြို့၏ ရိုးရာအစဉ်အလာကောင်းတစ်ရပ်အဖြစ် ဆက်လက်တည်ရှိနေပြီး မြို့သူမြို့သားများက သံဃာတော်များအား ဆွမ်းနှင့် လှူဖွယ်ဝတ္ထုများ စုပေါင်းလောင်းလှူပူဇော်ခြင်းဖြင့် ကုသိုလ်ကောင်းမှုများ ပြုလုပ်ခဲ့ကြသည်။
    ယခုနှစ် ကျင်းပသည့် (၆၀)ကြိမ်မြောက် မြို့လုံးကျွတ် သံဃာဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် သံဃာတော် အပါး ၁၀၈၃ ပါးကျော်အား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းနိုင်ခဲ့သဖြင့် မြို့သူမြို့သားများနှင့် အလှူဒါယကာ၊ အလှူဒါယိကာမများ စုပေါင်းပါဝင်ဆင်နွှဲခဲ့ကြသည့် ဘာသာရေးနှင့် လူမှုရေးအစဉ်အလာကောင်းတစ်ရပ်အဖြစ် စည်ကားစွာ ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။