လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှာ တောင်သူတွေ့ဆုံဆွေးနွေးပွဲနှင့် မျိုးစေ့ ၊ပျိုးပင် ၊လယ်ယာသုံးစက်ကိရိယာများ ထောက်ပံ့ပေးအပ်ပွဲပြုလုပ်

Written by

in

လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှာ တောင်သူတွေ့ဆုံဆွေးနွေးပွဲနှင့် မျိုးစေ့ ၊ပျိုးပင် ၊လယ်ယာသုံးစက်ကိရိယာများ ထောက်ပံ့ပေးအပ်ပွဲပြုလုပ်

———————-
မေ၂၇ ရက်၊ ၂၀၂၆ခုနှစ်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှာ ၂ဝ၂၆-၂ဝ၂၇ ခုနှစ် မနက်ပိုင်း(၁၀းနာရီ)တွင် တောင်သူတွေ့ဆုံဆွေးနွေးပွဲနှင့် မျိုးစေ့ ၊ပျိုပင် ၊လယ်ယာသုံးစက်ကိရိယာများ ထောက်ပံ့ပေးအပ်ပွဲပြုလုပ်ခဲ့ကြောင်းသိရပါသည်။

ရှေ့ဦးစွာ လွိုင်လင်ခရိုင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကြည်မြင့် နှင့် အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်အောင်ဆန်းနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ခွန်သက်နိုင် တို့မှ စိုက်ပျိုးတောင်သူများအား နုတ်ခွန်းဆက် စကား ပြောကြားခဲ့ကြောင်းသိရပါသည်။


အခမ်းနားအစီစဥ်အရ လွိုင်လင်ခရိုင် ခရိုင်ဦးစီးမှူး၊စိုက်ပျိုးရေးဦးစီးဌာနမှ ဦးမျိုးမင်းသန့်က မျိုးစေ့/ပျိုးပင် နှင့်လယ်ယာသုံးစက်ကိရိယာများ ထောက်ပံ့ ပေးအပ်ရခြင်း အကြောင်း ရှင်းလင်း ပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒေါ်ခင်နှင်းသူက နှစ်ရှည်သီးနှံ ပျိုးပင်နှင့် နှစ်ချင်းသီးနှံ မျိုးစေ့များ၊ လယ်ယာသုံးစက်ကိရိယာများ ကို စိုက်ပျိုးတောင်သူများထံ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။


ယင်းနောက် လွိုင်လင်ခရိုင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကြည်မြင့်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်အောင်ဆန်း၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ခွန်သက်နိုင်နှင့် လွိုင်လင်မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းထွဋ် တို့ကလည်း တက်ရောက်လာသော စိုက်ပျိုးတောင်သူများကို နှစ်ရှည်သီးနှံ၊ ပျိုးပင်များ၊နှစ်ချင်းသီးနှံ၊မျိုးစေ့များနှင့် မြေသြဇာများပေးအပ်ခဲ့ကြပါသည်။


ထို့နောက် တက်ရောက်လာသော စိုက်ပျိုးတောင်သူများနှင့် အပြန်အလှန် ဆွေးနွေးတင်ပြခဲ့ကြပြီး စိုက်ပျိုးရေးနည်းပညာအသစ်များ၊ လယ်ယာထွက်ပေါ်မှု တိုးတက်စေရန် လုပ်ဆောင်ချက်များနှင့် စိုက်ပျိုးရေးဦးစီးဌာန၏ အထောက်အပံ့များကို ဆွေးနွေးခဲ့ကြသည်။


ထို့ပြင် လွိုင်လင်ခရိုင် ခရိုင်ဦးစီးမှူး၊စိုက်ပျိုးရေးဦးစီးဌာနမှ ဦးမျိုးမင်းသန့်က ကော်ဖီစိုက်ပျိုးရာတွင် ဒေသရာသီဥတုနှင့် သင့်လျှော်သည့် မျိုးစေ့ကို ရွှေးချယ်စိုက်ပျိုးသင့်ကြောင့်၊ အရည်အသွေးပြည့်မီအောင် နည်းစနစ်တကျ ပျိူးခြင်း၊ စိုက်ခြင်း ပြုလုပ်ဖို့ ဆွေးနွေးပြောကြားခဲ့ပြီးစိုက်ပျိုးရေးဌာနမှ စိုက်ပျိုးထားသော ကော်ဖီပင်များကိုလှည့်လည်ကြည့်ရှခဲ့ပါသည်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *