နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း(ပင်လုံ) သို့ သွားရောက်တွေ့ဆုံ

——————–
ဇူလိုင် ၁၅ရက်၊ ၂၀၂၆ခုနှစ်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လုံမြို့သို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်သည် တာဝန်ရှိသူများနှင့်အတူ ဇူလိုင်လ ၁၅ ရက် ၂၀၂၆ ခုနှစ် တွင် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း(ပင်လုံ)သို့ သွားရောက်တွေ့ဆုံခဲ့သည်။

ပြည်ထောင်စုဝန်ကြီးသည် နေ့လယ် ၁၁ နာရီ ၁၅ မိနစ်အချိန်တွင် သင်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများနှင့် ဝန်ထမ်းများနှင့်အတူ စုပေါင်းနေ့လယ်စာ သုံးဆောင်ခဲ့ပြီးနောက် တွေ့ဆုံပွဲအခမ်းအနားကို တက်ရောက်ဖွင့်လှစ်ခဲ့သည်။

အခမ်းအနားတွင် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း(ပင်လုံ) ကျောင်းအုပ်က သင်တန်းကျောင်း၏ သင်ကြားရေး၊ စီမံခန့်ခွဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်က နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ပညာရေးအရည်အသွေး မြှင့်တင်ရေးတို့နှင့်စပ်လျဉ်း၍ လမ်းညွှန်ဩဝါဒ အမှာစကား ပြောကြားခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း(ပင်လုံ)ရှိ ကျောင်းသား၊ ကျောင်းသူများနှင့် ဝန်ထမ်းများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများကို နွေးထွေးစွာနှုတ်ဆက် စကားပြောပြီးပြန်လည်ထွက်ခွာခဲ့ကြောင်း သိရပါသည်။

အခမ်းနားကို နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ ရှမ်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီးစိန်ဝင်း၊ နတလညွှန့်ကြားရေးမှုး ၊ လွိုင်လင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ခွန်သက်နိုင်၊ အမှတ်(၂) ဒုံးစစ်ဆင်ရေးကွပ်ကဲမှုဌာချုပ်မှ ဗိုလ်မှုးချုပ် သန်းထွန်းအောင်၊ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဆရာ ဆရာမနှင့် ကျောင်းသား ကျောင်းသူများတက်ရောက်ခဲ့ကြပါသည်။

























































