ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၂၃) နှစ်အောက် မြို့နယ်အလိုက် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်

တောင်ကြီး၊ ဇူလိုင် ၁၀ရက်၊
၂၀၂၆ ခုနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အသက် (၂၃)နှစ်အောက် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီး မြှင့်ပွဲကို ဇူလိုင် ၁၀ ရက် မွန်းလွဲ ၃ နာရီက တောင်ကြီးမြို့ရှိ လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ရှမ်းပြည်နယ်စာရင်းစစ်ချုပ်၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ တာဝန်ရှိသူများ၊ အားကစားသမားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

ဆုချီးမြှင့်ပွဲတွင် အမျိုးသမီးပြိုင်ပွဲ၏ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆုကို တောင်ကြီးမြို့နယ်အသင်းမှ မအိသူကျော်က ရရှိခဲ့ပြီး ဆုတံဆိပ်နှင့် ငွေသားဆု ကျပ်(၁)သိန်း ချီးမြှင့်ခံခဲ့ရသည်။ ထို့အပြင် အမျိုးသားပြိုင်ပွဲအတွက် အကောင်းဆုံးရိုက်ခုတ်၊ အကောင်းဆုံးပင့်ထောင်နှင့် အကောင်းဆုံးနောက်ထိန်းဆုများကိုလည်း ဆုတံဆိပ်နှင့် ငွေသားဆုများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက အသီးသီး ချီးမြှင့်ပေးအပ်ခဲ့သည်။

အဆိုပါပြိုင်၌ အမျိုးသမီးပြိုင်ပွဲတွင် တောင်ကြီးမြို့နယ်အသင်းက ပထမဆု၊ လင်းခေးမြို့နယ်အသင်းက ဒုတိယဆု၊ ရွာငံမြို့နယ်နှင့် ရပ်စောက်မြို့နယ်အသင်းတို့က ပူးတွဲတတိယဆုများ ရရှိခဲ့ကြပြီး၊ အမျိုးသား (၃)ဦးတွဲပြိုင်ပွဲတွင် လားရှိုးမြို့နယ်အသင်းက ပထမဆု၊ လင်းခေးမြို့နယ်အသင်းက ဒုတိယဆု၊ ကလောမြို့နယ်နှင့် တောင်ကြီးမြို့နယ်အသင်းတို့က ပူးတွဲတတိယဆုများ ရရှိခဲ့ကြသည်။


အမျိုးသား (၄)ဦးတွဲပြိုင်ပွဲတွင် လင်းခေးမြို့နယ်အသင်းက ပထမဆု၊ လားရှိုးမြို့နယ်အသင်းက ဒုတိယဆု၊ ပူးတွဲတတိယဆုရရှိသောအသင်းက ပင်လောင်းမြို့နယ်အသင်းဖြစ် ကြောင်း သိရသည်။

ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်က အမျိုးသမီးပြိုင်ပွဲ၊ အမျိုးသား (၃)ဦးတွဲနှင့် အမျိုးသား (၄)ဦးတွဲ ပြိုင်ပွဲများ၏ ပထမဆုရအသင်းများအား ဂုဏ်ပြုဖလားများနှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ပြိုင်ပွဲတွင် ဆုရရှိသောအသင်းများနှင့် စုပေါင်းဓာတ်ပုံရိုက်ကူးခဲ့အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


Leave a Reply