ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌတို့ ပင်လုံမြို့ရှိ စာသင်ကျောင်းများနှင့် တိုက်နယ်ဆေးရုံသို့ ကွင်းဆင်းစစ်ဆေး

Written by

in

ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌတို့ ပင်လုံမြို့ရှိ စာသင်ကျောင်းများနှင့် တိုက်နယ်ဆေးရုံသို့ ကွင်းဆင်းစစ်ဆေး
————————
ဇူလိုင်လ ၁၀ရက်၊ ၂၀၂၆ခုနှစ်
ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လုံမြို့သို့ ဇူလိုင် ၁၀ ရက်က ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန်၊ လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူ၊ လားဟူတိုင်းရင်းသားရေးရာဝန်ကြီး ဦးဝီလ်ဆင်မိုး၊ အာခါတိုင်းရင်းသားရေးရာဝန်ကြီးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများသည် စာသင် ကျောင်းများနှင့် ပင်လုံတိုက်နယ်ဆေးရုံသို့ သွားရောက်ကာ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ခရီးစဉ်အတွင်း ပင်လုံမြို့ အမှတ်(၁) အခြေခံပညာအထက် တန်းကျောင်းသို့ ရောက်ရှိရာ လွိုင်လင်မြို့နယ် ပြည်နယ်လွှတ် တော်ကိုယ်စားလှယ် ခွန်သက်နိုင်၊ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ/ဆရာမများ၊ ကျောင်းသူ/ကျောင်းသားများ၊ ရှမ်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့တို့က နွေးထွေးစွာ ကြိုဆိုခဲ့ကြပါသည်။
ထို့နောက် တာဝန်ရှိသူများသည် ကျောင်းအဆောက်အဦများ၊ အားကစားကွင်းနှင့် စာသင်ခန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆရာ/ဆရာမများ၊ ကျောင်းသူ/ကျောင်းသားများနှင့် တွေ့ဆုံမိတ်ဆက်ကာ အားကစားပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ပြည်နယ်လွှတ်တော် \ဒုတိယဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန်
က ယခုကဲ့သို့ ကွင်းဆင်းလာရခြင်းမှာ ကျောင်းအဆောက်အဦများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသူ/ကျောင်းသားများ၏ လိုအပ်ချက်များကို လက်တွေ့သိရှိနိုင်ရန် ကွင်းဆင်းရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် အမှတ်(၂) အခြေခံပညာအလယ်တန်း(ခွဲ) ကျောင်းနှင့် အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်းတို့ကိုလည်း ဆက်လက်ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး မှာကြားခဲ့သည်။
ဆက်လက်၍ ပင်လုံတိုက်နယ်ဆေးရုံသို့ သွားရောက်ကာ ဆေးကုသမှုခံယူနေသည့် ကလေးဖွားမိခင်များအား အားပေးစကားပြောကြားခဲ့ပြီး ဆေးရုံအတွက် လိုအပ်သောပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *