တောင်ကြီးမြို့နယ်ရှိ ကျေးရွာများတွင် ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ကွင်းဆင်းစစ်တမ်းကောက်ယူ

Written by

in

တောင်ကြီးမြို့နယ်ရှိ ကျေးရွာများတွင် ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ကွင်းဆင်းစစ်တမ်းကောက်ယူ
တောင်ကြီး၊ ဇူလိုင် ၁၅
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အမှတ်(၁) ခွန်ကြည်၊ အမှတ်(၂) ခွန်ဆောင်းရွှေနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများသည် ယနေ့ ဇူလိုင် ၁၅ ရက်က တောင်ကြီးမြို့နယ်၊ မွေတော်နန်းဟောင်းကျေးရွာအုပ်စုရှိ ကျေးရွာများသို့ သွားရောက်၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လိုအပ်ချက်များကို ကွင်းဆင်းစစ်တမ်းကောက်ယူခဲ့ကြောင်း သိရသည်။
ကွင်းဆင်းစစ်တမ်းကောက်ယူရာတွင် ကျေးရွာနေပြည်သူများ၏ အမှန်တကယ်လိုအပ်လျက်ရှိသော သောက်သုံးရေရရှိရေး၊ ဒေသထွက်စိုက်ပျိုးရေးထုတ်ကုန်များ သယ်ယူပို့ဆောင်နိုင်ရေးအတွက် ကုန်ထုတ်လမ်းများ အဆင့်မြှင့်တင်ရေး၊ စာသင်ကျောင်းများရှိ သင်ကြားရေးလိုအပ်ချက်များ၊ ဆရာ/ဆရာမ လုံလောက်မှု၊ ကျောင်းဆောင်များနှင့် ဝန်ထမ်းအိမ်ရာလိုအပ်ချက်များကို ဒေသခံပြည်သူများက တင်ပြဆွေးနွေးခဲ့ကြသည်။
တင်ပြချက်များအပေါ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက လိုအပ်သောအချက် အလက်များကို စနစ်တကျ စုဆောင်းမှတ်တမ်းတင်ခဲ့ပြီး ရရှိလာသည့် စစ်တမ်းအချက်အလက်များကို သက်ဆိုင်ရာလွှတ်တော်သို့ တင်ပြကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းကွင်းဆင်းစစ်တမ်းကို မွေတော်နန်းဟောင်းကျေးရွာအုပ်စုအတွင်းရှိ နန်းဟောင်းရွာသစ်၊ လုံးကေရွာ၊ မုဲင်းတနောင်းရွာ၊ ကုန်းကျောင်းရွာ၊ ဘန့်ကွဲရွာ၊ ကျောင်းတောရွာ၊ နောင်ကျင်းရွာ၊ ထီတဖြေရွာ၊ မောက်စံရွာ၊ ကောင်မူစဉ်ရွာနှင့် နောင်နျားရွာတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *