ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန်နှင့် လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူတို့ လွိုင်လင်မြို့ရှိ ဆေးရုံ၊ စာသင်ကျောင်းများနှင့် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

Written by

in

ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန်နှင့် လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူတို့ လွိုင်လင်မြို့ရှိ ဆေးရုံ၊ စာသင်ကျောင်းများနှင့် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
——————
ဇူလိုင် ၁၄ ရက်၊ ၂၀၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့ — ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန်၊ လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူ၊ လားဟူတိုင်းရင်းသားရေးရာဝန်ကြီး ဦးဝီလ်ဆင်မိုး၊ အာခါတိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းအောင်နှင့် တာဝန်ရှိသူများသည် ဇူလိုင် ၁၄ ရက် နံနက် ၁၁ နာရီခွဲတွင် လွိုင်လင်မြို့သို့ ရောက်ရှိပြီး ပြည်သူ့ဆေးရုံ၊ စာသင်ကျောင်းများနှင့် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ရှေးဦးစွာ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန Polytechnic University (ပင်လုံ) သို့ သွားရောက်ရာ လွိုင်လင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ခွန်သက်နိုင်၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာ/ဆရာမများ၊ ကျောင်းသူ/ကျောင်းသားများနှင့် တာဝန်ရှိသူများက နွေးထွေးစွာ ကြိုဆိုခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ကျောင်းအတွင်းရှိ ဌာနများ၊ စာသင်ခန်းများကို လှည့်လည်ကြည့်ရှုခဲ့ပြီး ဆရာ/ဆရာမများ၊ ကျောင်းသူ/ကျောင်းသားများနှင့် တွေ့ဆုံအားပေးခဲ့သည်။ ထို့ပြင် ပထမနှစ်ကျောင်းသား/ကျောင်းသူများ၏ Project တင်ပြမှုကို ကြည့်ရှုအားပေးကာ ဂုဏ်ပြုငွေများ ပေးအပ်ခဲ့ပြီး ကျောင်းအတွက် အားကစားပစ္စည်းများနှင့် ထောက်ပံ့ငွေများလည်း ပေးအပ်ခဲ့သည်။
ယင်းနောက် မွန်းလွဲ ၁ နာရီတွင် လွိုင်လင်မြို့နယ် အားကစားကွင်းသို့ သွားရောက်၍ အားကစားဆိုင်ရာ အဆောက်အအုံများနှင့် လေ့ကျင့်ရေးအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားပစ္စည်းများကို မြို့နယ်အားကစားမှူးထံ ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်၍ လွိုင်လင်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ကာ မြို့နယ်ဆရာဝန်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများအား တွေ့ဆုံအားပေးခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်နေမှုအခြေအနေများကို လေ့လာကြည့်ရှုခဲ့သည်။ ထို့ပြင် ဆေးရုံတက်ရောက်ကုသမှုခံယူနေသော လူနာများအား အားပေးစကားပြောကြားကာ အာဟာရဖြည့်အစားအစာများ ပေးအပ်ခဲ့သည့်အပြင် ဆေးရုံအတွက် ထောက်ပံ့ငွေများလည်း လှူဒါန်းခဲ့သည်။
ဆေးရုံအစည်းအဝေးခန်းမတွင် လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူက ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါကြောင်း၊ ဝန်ထမ်းများ စည်းလုံးညီညွတ်စွာ တာဝန်ထမ်းဆောင်နေကြသည်ကို မြင်တွေ့ရသဖြင့် ဝမ်းမြောက်ပီတိဖြစ်ရကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ဆေးရုံအုပ်ကြီး ဒေါက်တာအောင်မြင့်သူက ဆေးရုံ၏ လက်ရှိဆောင်ရွက်နေမှုများ၊ ကျန်းမာရေးဝန်ဆောင်မှုအခြေအနေနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက် လွိုင်လင်မြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ စာသင်ခန်းများ၊ စာကြည့်တိုက်၊ ကျောင်းအဆောက်အအုံများနှင့် ရုံးခန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆရာ/ဆရာမများ၊ ကျောင်းသူ/ကျောင်းသားများနှင့် တွေ့ဆုံအားပေးခဲ့သည်။ ထို့ပြင် ကျောင်းအတွက် အားကစားပစ္စည်းများနှင့် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့သည်။
တွေ့ဆုံပွဲအပြီးတွင် ပြည်နယ်ဝန်ကြီးများက ဆရာ/ဆရာမများအား ကျောင်း၏ အောင်ချက်မြင့်မားရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးက အမှတ်တရလက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့သည်။
ထို့အပြင် ကျောင်းဝင်းအတွင်းရှိ အန္တရာယ်ဖြစ်ပေါ်နိုင်သည့် နှစ်ထပ်ကျောင်းဆောင်အား သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ အသစ်ပြန်လည်ဆောက်လုပ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *