လွိုင်တပ်ဘုန်းတော်ကြီးကျောင်း ဆရာတော် ဘဒ္ဒန္တဝေပုလ္လ၏ သက်တော် (၉၂)ပြည့် ဝိဇာတမွေးနေ့အလှူမင်္ဂလာကို ပင်လုံမြို့ မြို့မ မင်္ဂလာနောင်ကွတ် ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန ဆရာတော် ဘဒ္ဒန္တပညာဗလ ကြွရောက်ချီးမြှင့်

————————-
ဇူလိုင်လ (၈)ရက်၊ ၂၀၂၆ခုနှစ်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လုံမြို့အနောက်တောင် ပန်မုန်းကျေးရွာအုပ်စု လွယ်တပ်ရွာဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်သည့် လွိုင်တပ်ဘုန်းတော်ကြီးကျောင်း ဆရာတော် ဘဒ္ဒန္တဝေပုလ္လ ၏ သက်တော် (၉၂) ပြည့် ဝိဇာတမွေးနေ့အလှူမင်္လာသို့ ပင်လုံမြို့ မြို့မ မင်္ဂလာနောင်ကွတ် ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန ဆရာတော် ဘဒ္ဒန္တပညာဗလ ကြွရောက်ချီးမြှင့်ခဲ့ကြောင်းသိရပါသည်။

၁၃၈၈ခုနှစ်၊ ပထမဝါဆိုလဆုတ်(၉)ရက် ဗုဒ္ဓဟူးနေ့ တွင်ကျရောက်သည့် ဆရာတော် ဘဒ္ဒန္တဝေပုလ္လ ၏ သက်တော် (၉၂) ပြည့် ဝိဇာတမွေးနေ့အလှူမင်္လာအခမ်းအနားကို မျင်ꩻမိုရ်ႏခမ်း ဒု−ခမ်းဗွေႏ ဗိုလ်မှူးဘယ်ရီ၊ ဖြာႏတန်ကောင်ခယ်ႏဗျူဟာ ဗျူဟာမှူး ခွန်သာထွန်း နှင့် အဖွဲ့၊ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ နှင့် ပင်လုံအနီးတဝိုက်ရှိ မိဘပြည်သူများ တို့လည်း မွေးနေ့မင်္ဂလာဆုတောင်းစကားများဖြင့် တက်ရောက်ဂါရဝပြုခဲ့ကြပါသည်။

တက်ရောက်လာသော မျင်ꩻမိုရ်ႏခမ်း ဒု−ခမ်းဗွေႏ ဗိုလ်မှူးဘယ်ရီ နှင့် ဗျူဟာမှုး တို့က ဆရာတော်ဘုရားကို သာသနာအကျိုးဆက်လက် သယ်ပိုးဆောင်ရွက်ပေးဖို့ လျှောက်ထားပြီး ဆရာတော်၏ ကျန်းမာရေးနှင့် သာသနာတော် တိုးတက်ရေးအတွက် ဆုတောင်းပေးခဲ့ လှူဖွယ်အစုအစုတို့နှင့် ကန်တော့ခဲ့ကြောင်းသိရပါသည်။
ထို့နောက် တက်ရောက်လာသော ဧည့်သည်တော်များ နှင့် ကျောင်းဒကာ၊ ဒယိကာမ များက ဝတ္ထု၊ သင်္ကန်း ၊ အလှုဖွယ်ပစ္စည်းများ တို့ဖြင့် ကပ်လှူကန်တော့ကြပြီး ဆရာတော်ဘုရားကြီး ၏ ကျန်းမာရေးနှင့် မိမိဒေသတွက် သာသနာအကျိုး အားကိုးရသည်ဖြစ်၍ ဆက်လက်သီတင်းသုံးဆောင်ဖို့ မေတ္တာပို့ ပင့်လျှောက်ခဲ့ကြပါသည်။

ကြွရောက်လာသောသံဃာတော်များအား နေ့ဆွမ်းကပ်လှူ ခြင်း၊ ဧည့်သည်တော်များကိုဧသည့်ခံကျွေးမွေးခြင်းများ ပြုလုပ်ခဲ့ကြကာ မင်္ဂလာနောင်ကွတ်ကျောင်းဆရာတော်၏ တရားတော်ကို အတူတကွစုပေါင်းနာယူပြီး ရေစက်ချအမျှဝေ ခဲ့ကြောင်း သိရပါသည်။ဤကျောင်းတွင် နှစ်ပေါင်း (၅၀)ကျော် ကြာမြင့်ပြီဖြစ်ပြီး မျင်ꩻမိုရ်ႏခမ်း ဒု-ခမ်းဗွေႏ ငယ်စဥ်ခါက ပညာဆည်းပူးခဲ့သော ကျောင်းတစ်ကျောင်းလည်းဖြစ်ကြော င်းသိရပါသည်။


Leave a Reply