Author: niyo

  • ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် MSME လုပ်ငန်းရှင်များ တွေ့ဆုံ၍ လုပ်ငန်းလိုအပ်ချက်များ တွေ့ဆုံဆွေးနွေး

    ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် MSME လုပ်ငန်းရှင်များ တွေ့ဆုံ၍ လုပ်ငန်းလိုအပ်ချက်များ တွေ့ဆုံဆွေးနွေး

    ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် MSME လုပ်ငန်းရှင်များ တွေ့ဆုံ၍ လုပ်ငန်းလိုအပ်ချက်များ တွေ့ဆုံဆွေးနွေး
    ==================================
    တောင်ကြီး၊ ဇူလိုင် ၁၈-ရက် ၂၀၂၆-ခုနှစ်၊
    ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးမှူးမှုဖြင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSME) လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ ဇူလိုင် ၁၈ ရက် နံနက် ၉ နာရီတွင် တောင်ကြီးမြို့ရှိ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
    အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက အဖွင့်အမှာစကား ပြောကြားပြီး MSME လုပ်ငန်းများသည် ဒေသစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင်ဖန်တီးပေးရေးနှင့် ပြည်တွင်းထုတ်ကုန်များ တိုးမြှင့်ထုတ် လုပ်နိုင်ရေးအတွက် အရေးပါကြောင်း ပြောကြားကာ လုပ်ငန်းရှင်များအနေဖြင့် တွေ့ကြုံနေရသည့် အခက်အခဲများနှင့် လိုအပ်ချက်များကို ပွင့်လင်းစွာ တင်ပြဆွေးနွေးကြရန် တိုက်တွန်းပြောကြားခဲ့သည်။
    ထို့နောက် Unique Lawksauk Mango Co., Ltd. မှ ဦးမြင့်ဦး၊ ရှမ်းတောင်ဆန်စက်အစုအဖွဲ့မှ ဦးလင်းအောင်၊ ရှမ်းတောင်လူငယ်စွန့်ဦးတီထွင်စွမ်းဆောင်ရှင်များအသင်းမှ ဦးခွန်မျိုးမြင့်ဦး၊ ဟဲဟိုးအာလူးအစုအဖွဲ့မှ ဦးအောင်သန်းကျော်၊ နောင်တရားအာလူးအစုအဖွဲ့မှ ဦးခွန်ဆန်းဦး၊ “ရှမ်းသူကြီး” စားသောက်ကုန်ထုတ်လုပ်ငန်းမှ ဦးတင်ဝင်းထိုက်နှင့် “နောင်ခမ်း” ကော်ဖီလုပ်ငန်းမှ ဦးခွန်မျိုးညွန့်တို့က မိမိတို့လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြုံတွေ့နေရသည့် အခက် အခဲများ၊ လိုအပ်ချက်များနှင့် အကြံပြုချက်များကို အသီးသီး တင်ပြဆွေးနွေးခဲ့ကြသည်။
    လုပ်ငန်းရှင်များ၏ တင်ပြချက်များအပေါ် ပြည်နယ်ရဲတပ်ဖွဲ့၊ ပြည်နယ်စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး၊ ပြည်နယ်မြေစာရင်းဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်၊ ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်လူငယ်ရေးရာဦးစီးဌာန၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။
    ယင်းနောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက လုပ်ငန်းရှင်များ၏ တင်ပြချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာဌာနများအနေဖြင့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုအပ်သည်များကို ညှိနှိုင်းပူးပေါင်းဆောင်ရွက်ပေးရန်၊ MSME လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတို့ အနီးကပ်ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားခဲ့သည်။
    ထို့နောက် အခမ်းအနားကို ရုပ်သိမ်းခဲ့ပြီးရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးနှင့် ပြည်နယ်ဝန်ကြီးအဖွဲ့အများက MSME လုပ်ငန်းရှင်များ အား ရင်းရင်းနီးနီး လိုက်လံနုတ်ဆက်ခဲ့ကြကာ တွေ့ဆုံဆွေးနွေးပွဲကို အောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း သိရသည်။
  • (၄)ကြိမ်မြောက် ကျေးရွာကော်မတီဖလားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

    (၄)ကြိမ်မြောက် ကျေးရွာကော်မတီဖလားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

    (၄)ကြိမ်မြောက် ကျေးရွာကော်မတီဖလားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ
    ဇူလိုင်လ ၁9ရက်၊ ၂၀၂၆-ခုနှစ်၊
    ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ် ၊နားရီး‌ေကျးရွာအုပ်စု ကန်တန်ကျေးရွာ၌၂၀၂၆ ခုနှစ်၊ (၄)ကြိမ်မြောက် ကျေးရွာကော်မတီဖလားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ ၂၀၂၆ ခုနှစ် ဇူလိုင် လ(၁၉) ရက်နေ့ နံနက်(၉)နာရီခွဲ အချိန်တွင် ကျင်းပခဲ့သည်။
    ဖွင့်ပွဲအခမ်းအနား ပထမပိုင်းတွင် ပြိုင်ပွဲဝင်အသင်းများ ကွင်းအတွင်းသို့ ဝင်ရောက်နေရာယူခဲ့ကြပြီး၊ နိုင်ငံတော်အလံနှင့် ပအိုဝ်းအမျိုးသားအလံတော်အား အလေးပြုခြင်း၊ အားကစားအဓိဋ္ဌာန် (၄)ချက် ရွတ်ဆိုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
    ထို့နောက် ပအိုဝ်းအမျိုးသားဘောလုံးအဖွဲ့ချုပ် နယက ဦးပီတာထွန်းနိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
    ဆက်လက်၍ ပြိုင်ပွဲဝင်အားကစားအသင်းများ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြပြီး၊ ဖွင့်ပွဲတွင် ယှဉ်ပြိုင်ကစားကြမည့် နှစ်ဘက်အသင်းများသည် Fair Play အလံကိုင်ဆောင်၍ ကွင်းအတွင်းသို့ ဝင်ရောက်နေရာယူခဲ့ကြရာ ပြိုင်ပွဲကျင်းပရေးကော်မတီဝင်များက နှစ်ဖက်အသင်းမှ အားကစားသမားများအား လိုက်လံနှုတ်ဆက် အားပေးခဲ့ကြသည်။
    အဆိုပါ ၂၀၂၆ ခုနှစ်၊ (၄)ကြိမ်မြောက် ကျေးရွာကော်မတီဖလားတွင်အလွတ်တန်း (၃၀)သင်းနှင့် old star(၆)သင်းတို့ဝင်‌ေရာက်ယဥ်ပြိုင်ကစားကြမည်ကြောင်းသိရှိရပါသည်။
    ဖွင့်ပွဲအခန်းနားတွင် ပအိုဝ်းအမျိုးသားဘောလုံးအဖွဲ့ချုပ် ဖြားတန်ပီတာထွန်းနိုင် ၊(ကန်ꩻတောႏတန်၀ေင်ꩻနယ် ဥက္ကဌ ဗိုလ်မှူးကျော်သူ ၊(ကန်ꩻတောႏတန်ဝေင်ꩻနယ်ႏ)ဒုခမ်းဗွေ ဖြားဆရာယွန်း ၊ကက္ကူကျေးရွာအုပ်ချုပ်ရေးမှူး ဖြားခွန်သာယာနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ရောက် အားပေးခဲ့ကြပါသည်။
  • ပင်လုံမြို့၊ ကျေးလက်လူငယ်ပြုစုပျိုးထောင်ရေးကျောင်း၌ ဝါဆိုသင်္ကန်းကပ်လှူခြင်းနှင့် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများအား ဂုဏ်ပြုပွဲကျင်းပ

    ပင်လုံမြို့၊ ကျေးလက်လူငယ်ပြုစုပျိုးထောင်ရေးကျောင်း၌ ဝါဆိုသင်္ကန်းကပ်လှူခြင်းနှင့် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများအား ဂုဏ်ပြုပွဲကျင်းပ

    ပင်လုံမြို့၊ ကျေးလက်လူငယ်ပြုစုပျိုးထောင်ရေးကျောင်း၌ ဝါဆိုသင်္ကန်းကပ်လှူခြင်းနှင့် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများအား ဂုဏ်ပြုပွဲကျင်းပ
    ————————
    ​ဇူလိုင် (၁၉) ရက်၊ ၂၀၂၆ ခုနှစ်
    ​ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့ရှိ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့က ဦးဆောင်ဖွင့်လှစ်ထားသော ကျေးလက်လူငယ်ပြုစုပျိုးထောင်ရေးကျောင်းတွင် ယနေ့ (၁၉.၇.၂၀၂၆) ရက်နေ့၌ ဝါဆိုသင်္ကန်းကပ်လှူခြင်း၊ ပရိတ်တရားတော်နာယူခြင်းနှင့် (၂၀၂၅-၂၀၂၆) ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
    ​ အခမ်းအနားတွင် သံဃာတော်အရှင်သူမြတ်များအား ပင့်ဖိတ်၍ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းခြင်း၊ ပရိတ်တရားတော်များ နာယူခြင်းနှင့် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် ဖိတ်ကြားထားသော ဧည့်သည်တော်များအား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
    ​ မွန်းလွဲ (၁:၀၀) နာရီအချိန်တွင် (၂၀၂၅-၂၀၂၆) ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုပွဲအခမ်းအနားကို ဆက်လက်ကျင်းပခဲ့သည်။
    ​ အဆိုပါပညာသင်နှစ် တက္ကသိုလ်ဝင်တန်း (Grade-12) စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၂၂) ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ (၁၅) ဦး အောင်မြင်ခဲ့သဖြင့် အောင်ချက်ရာခိုင်နှုန်းအနေဖြင့် (၆၈.၁၈%) ရှိကြောင်းနှင့် ကျောင်း၏ ပညာရေးအောင်မြင်မှုအတွက် ဝမ်းမြောက်ဖွယ်ရာ သတင်းကောင်းကိုလည်း သိရှိရသည်။
  • စီမံကိန်းအောင်မြင်ရေးနှင့် ကျေးလက်ပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားရေးအတွက်ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုး က အလေးထားတိုက်တွန်း အမှာစကားပြောကြား

    စီမံကိန်းအောင်မြင်ရေးနှင့် ကျေးလက်ပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားရေးအတွက်ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုး က အလေးထားတိုက်တွန်း အမှာစကားပြောကြား

    စီမံကိန်းအောင်မြင်ရေးနှင့် ကျေးလက်ပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားရေးအတွက်ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုး က အလေးထားတိုက်တွန်း အမှာစကားပြောကြား
    တောင်ကြီး၊ ဇူလိုင် ၁၇
    ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းအရ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ ဇူလိုင် ၁၇ ရက် နံနက် ၁၀ နာရီတွင် တောင်ကြီးမြို့ရှိ မြို့တော်ခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက စီမံကိန်းအောင်မြင်ရေးနှင့် ကျေးလက်ပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားရေးကို အလေးထားတိုက်တွန်းပြောကြားခဲ့သည်။
    အခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး နှင့် ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်နှင့် မြို့နယ်အဆင့် တာဝန်ရှိသူများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စီမံကိန်းအဖွဲ့ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များ၊ သင်တန်းသူ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။
    အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက အမှာစကားပြောကြားရာ၌ ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသည် ကျေးလက်ပြည်သူများ၏ ဝင်ငွေတိုးတက်ရေးနှင့် လူမှုစီးပွားဘဝ မြင့်မားရေးအတွက် စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၃-၂၀၂၄ မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အထိ ရှမ်းပြည် နယ်ရှိ ကျေးရွာ (၉၆) ရွာတွင် စီမံကိန်းများ ဆောင်ရွက်ခဲ့ပြီး သင်တန်းသား (၁၁၄၄) ဦးအား လေ့ကျင့်ပေးနိုင်ခဲ့သလို လုပ်ငန်းထူထောင်သူ (၄၈၀) ဦး ပေါ်ထွက်လာခဲ့ကြောင်း ပြောကြား သည်။
    ထို့ပြင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာ (၃၂) ရွာ၌ စီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး စုစု ပေါင်း ကျပ် (၄၄၈) သန်း အသုံးပြုသွားမည်ဖြစ်ကြောင်း၊ ကျေးရွာတစ်ရွာလျှင် ကျပ် (၁၄) သန်း ခွဲဝေသုံးစွဲကာ အသက်မွေးဝမ်းကျောင်းသင်တန်းများအတွက် ကျပ် (၅) သန်းနှင့် လုပ်ငန်းစတင်မည့် သင်တန်းသား (၅) ဦးအား တစ်ဦးလျှင် ကျပ် (၁၈) သိန်းတန် လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ရန် ကျပ် (၉) သန်း သုံးစွဲသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြား သည်။
    ယင်းနောက် တာဝန်ရှိသူများက တောင်ကြီးနှင့် ကလောခရိုင်အတွင်းရှိ စီမံကိန်း (၁၀) ခုမှ သင်တန်းသား (၅၀) ဦးအား လုပ်ငန်းသုံးပစ္စည်း အမျိုးအစား (၂၀) မျိုး၊ စုစုပေါင်း (၂၅၁) ခုကို ပေးအပ်ခဲ့သည်။
    ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး ကဆက်လက်ပြောကြားရာတွင် စီမံကိန်း၏ အဓိကရည်ရွယ်ချက်မှာ သင်တန်းဆင်းပြီးချင်း ရင်းနှီးမတည်ငွေ အခက်အခဲမရှိဘဲ လုပ်ငန်းစတင်နိုင်စေရန်ဖြစ်ကြောင်း၊ လုပ်ငန်းထူထောင်မည့်သူများကို စိတ်ပါဝင်စားမှု၊ အရည်အချင်း၊ လုပ်ငန်းဆောင်ရွက်လိုစိတ်နှင့် ကျေးရွာဖွံ့ဖြိုးရေးအပေါ် ကတိကဝတ်စသည့် စံနှုန်းများဖြင့် ရွေးချယ်ထားကြောင်း ပြောကြားသည်။
    ထို့အပြင် လုပ်ငန်းသုံးပစ္စည်း ရရှိသူများအနေ ဖြင့် (၃) လအတွင်း လုပ်ငန်းစတင်ဆောင်ရွက်ရမည်ဖြစ်ပြီး (၆) လအတွင်း MSME မှတ်ပုံတင်ရမည်၊ (၃) နှစ်ဆက်တိုက် လုပ်ငန်းဆောင်ရွက်ရမည်ဖြစ်ကာ စည်းကမ်းသတ်မှတ်ချက်များကို မလိုက်နာပါက ပေးအပ်ထားသည့် လုပ်ငန်းသုံးပစ္စည်းများကို ပြန်လည်သိမ်းယူနိုင်ကြောင်း အသိပေးပြောကြားခဲ့သည်။
    အဆုံးတွင် စီမံကိန်းများ အောင်မြင်စွာ အ ကောင်အထည်ဖော်နိုင်ပါက ကျေးလက်ပြည်သူများ၏ ဝင်ငွေတိုးတက်လာခြင်း၊ အလုပ်အ ကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာခြင်း၊ လူနေမှု အဆင့်အတန်း မြင့်မားလာခြင်းနှင့် ရှမ်းပြည် နယ်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု (GDP) ကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
  • အ.ထ.က(၁) ပင်လုံ အခြေခံပညာအထက်တန်းကျောင်းမှ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း

    အ.ထ.က(၁) ပင်လုံ အခြေခံပညာအထက်တန်းကျောင်းမှ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း

    အ.ထ.က(၁) ပင်လုံ အခြေခံပညာအထက်တန်းကျောင်းမှ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း
    ဇူလိုင် ၁၇ရက်၊ ၂၀၂၆ခုနှစ်
    လွိုင်လင်ခရိုင်၊ပင်လုံမြို့ ဝမ်းအဲန်စာသင်တိုက်၌ အ.ထ.က(၁) အခြေခံပညာအထက်တန်းကျောင်း မှ ဆရာ၊ ဆရာမများ ဦးဆောင်၍ ဝါဆိုလအထိမ်းအမှတ် ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်း (၉:၁၅)က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရပါသည်။
    ရှေးဦးစွာ ဗုဒ္ဓဘာသာဓလေ့ထုံးစံအတိုင်းရတနာမြတ်သုံးပါးအား ကန်တော့ခဲ့ကြပြီး တက်ရောက်လာသော ဆရာ၊ဆရာမ၊ကျောင်းသား၊ ကျောင်းသူများက သံဃာတော်များထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက် သံဃာတော်များက ရွတ်ဖတ်ချီးမြှင့်သော ပရိတ်တရားတော်များကို နာယူကာ မေတ္တာပို့ အန္တရာယ်ကင်းပရိတ်တရားတော်များကို ခံယူကြသည်။
    ယင်းနောက် အလှူရှင်များက သံဃာတော်များအား ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းပြီး ဆန်၊ ဆီ၊ ဆားနှင့် ဝတ္ထုငွေများကိုလည်း ကြည်ညိုသဒ္ဓါတရားဖြင့် ဆက်ကပ်လှူဒါန်းကြသည်။
    တရားတော်နာယူပြီးနောက် ရေစက်သွန်းချ အမျှအတန်းပေးဝေကာ ကုသိုလ်ကောင်းမှုများကို အားလုံးအတွက် ရည်စူးမျှဝေကာ ရတနာမြတ်သူံးပါးကို ပြန်လည်ကန်တော့ခဲ့ကြပါသည်။အဆိုပါ လှူဒါန်းရာတွင် ဝါဆိုသင်္ကန်း၊ ဆန်၊ ဆီ၊ ဆားနှင့် ဝတ္ထုငွေတို့၏ စုပေါင်းတန်ဖိုးမှာ ကျပ် ၁၃,၃၉၃,၀၀၀ ဖြစ်ကြောင်း သိရသည်။
  • ပအိုဝ်းတိုင်းရင်းသူ မနန်းအေးမြတ်မွန် ASEAN+3 လူငယ်သိပ္ပံပြိုင်ပွဲတွင် တတိယဆု ဆွတ်ခူး

    ပအိုဝ်းတိုင်းရင်းသူ မနန်းအေးမြတ်မွန် ASEAN+3 လူငယ်သိပ္ပံပြိုင်ပွဲတွင် တတိယဆု ဆွတ်ခူး

    ပအိုဝ်းတိုင်းရင်းသူ မနန်းအေးမြတ်မွန် ASEAN+3 လူငယ်သိပ္ပံပြိုင်ပွဲတွင် တတိယဆု ဆွတ်ခူး
    ————————
    ဇူလိုင်လ(၁၁)ရက်၊ ၂၀၂၆ခုနှစ်
    ဖိလစ်ပိုင်နိုင်ငံ၌ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၅ ရက်မှ ၁၁ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် The 11th ASEAN+3 Junior Science Odyssey (APTJSO-11) ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပအိုဝ်းတိုင်းရင်းသူ မနန်းအေးမြတ်မွန် သည် တတိယဆု (Third Prize) ကို ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
    မနန်းအေးမြတ်မွန်သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျောက်တလုံးကြီးမြို့နယ်၊ နောင်လုံရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး အဖ ဦးခွန်ကျော်အေး၊ အမိ ဒေါ်နန်းမြနွဲ့တို့၏ သမီးဖြစ်သည်။ လက်ရှိတွင် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း အ.ထ.က(၁)၊ အေးသာယာမှ ဒုတိယနှစ်ကျောင်းသူအဖြစ် ပညာသင်ကြားလျက်ရှိသည်။
    မနန်းအေးမြတ်မွန်သည် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၏ ရွေးချယ်စေလွှတ်မှုဖြင့် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့်အတူ အဆိုပါ နိုင်ငံတကာ လူငယ်သိပ္ပံပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အပေါင်းသုံးနိုင်ငံတို့မှ လူငယ်သိပ္ပံထူးချွန်သူများအကြား ယှဉ်ပြိုင်ကာ တတိယဆုကို ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။
    ပအိုဝ်းတိုင်းရင်းသူ မနန်းအေးမြတ်မွန်၏ ယခုကဲ့သို့ နိုင်ငံတကာပြိုင်ပွဲတွင် ဆုရရှိမှုသည် မြန်မာနိုင်ငံနှင့် ပအိုဝ်းတိုင်းရင်းသားအသိုက်အဝန်းအတွက် ဂုဏ်ယူဝမ်းမြောက်ဖွယ် အောင်မြင်မှုတစ်ရပ်ဖြစ်ကြောင်း သိရသည်။
  • (၈)ကြိမ်မြောက် ခွန်ဖါဖြားဗွာခမ်းဖလား ဗိုလ်ချုပ်ချန်ဇုံကွင်း (နားဘောင်) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

    (၈)ကြိမ်မြောက် ခွန်ဖါဖြားဗွာခမ်းဖလား ဗိုလ်ချုပ်ချန်ဇုံကွင်း (နားဘောင်) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

    (၈)ကြိမ်မြောက် ခွန်ဖါဖြားဗွာခမ်းဖလား ဗိုလ်ချုပ်ချန်ဇုံကွင်း (နားဘောင်) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ
    ——————–
    ဇူလိုင်လ ၁၂ရက်၊ ၂၀၂၆-ခုနှစ်၊
    ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ် ၊နားဘောင်ကျေးရွာ၌၂၀၂၆ ခုနှစ်၊ (၈)ကြိမ်မြောက် ခွန်ဖါဖြားဗွာခမ်းဖလား ဗိုလ်ချုပ်ချန်ဇုံကွင်း (နားဘောင်) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ ၂၀၂၆ ခုနှစ် ဇူလိုင် ၁၂ ရက်နေ့ နံနက်ပိုင်းအချိန်တွင် ကျင်းပခဲ့သည်။
    ဖွင့်ပွဲအခမ်းအနား ပထမပိုင်းတွင် ပြိုင်ပွဲဝင်အသင်းများ ကွင်းအတွင်းသို့ ဝင်ရောက်နေရာယူခဲ့ကြပြီး၊ နိုင်ငံတော်အလံနှင့် ပအိုဝ်းအမျိုးသားအလံတော်အား အလေးပြုခြင်း၊ အားကစားအဓိဋ္ဌာန် (၄)ချက် ရွတ်ဆိုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
    ထို့နောက် ပအိုဝ်းအမျိုးသားဘောလုံးအဖွဲ့ချုပ် နယက ဦးပီတာထွန်းနိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
    ဆက်လက်၍ ပြိုင်ပွဲဝင်အားကစားအသင်းများ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြပြီး၊ ဖွင့်ပွဲတွင် ယှဉ်ပြိုင်ကစားကြမည့် နှစ်ဘက်အသင်းများသည် Fair Play အလံကိုင်ဆောင်၍ ကွင်းအတွင်းသို့ ဝင်ရောက်နေရာယူခဲ့ကြရာ ပြိုင်ပွဲကျင်းပရေးကော်မတီဝင်များက နှစ်ဖက်အသင်းမှ အားကစားသမားများအား လိုက်လံနှုတ်ဆက် အားပေးခဲ့ကြသည်။
    အဆိုပါ ၂၀၂၆ ခုနှစ်၊ (၈)ကြိမ်မြောက် ခွန်ဖါဖြားဗွာခမ်းဖလား ဗိုလ်ချုပ်ချန်ဇုံကွင်း (နားဘောင်) ဘောလုံးပြိုင်ပွဲတွင် (၅)ရက်တစ်ကြိမ်ဈေးနေ့တိုင်း ဆက်လက်ကစားသွားမည်ဖြစ်ပြီး အသင်းပေါင်း (၃၃)သင်း ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
    အဆိုပါ ခွန်ဖါဖြားဗွာခမ်းဖလားပြိုင်ပွဲတွင် ပြိုင်ပွဲကျင်းပရေးကောမတီအနေဖြင့် ပထမဆု ရရှိမည့်အသင်းက သိန်း(၆၀)ကျပ်၊ ဒုတိယဆု ရရှိမည့်အသင်းတွင် သိန်း(၄၀)ကျပ် နှင့် ဆုဖလားအပါအဝင် နေရာအလိုက်အကောင်းဆုံးဆု ရရှိသောအားကစားသမားများလည်း ဆုချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
    ဖွင့်ပွဲအခမ်းအနားတွင် ပအိုဝ်းအမျိုးသားဘောလုံးအဖွဲ့ချုပ် နယက ဦးပီတာထွန်းနိုင်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ပါတီ ဥက္ကဌဖြားခွန်းစံလွင်၊ အတွင်းရေးမှူးချုပ်ဖြားသိန်းဖေ နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ရောက် အားပေးခဲ့ကြပါသည်။
  • ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ရှိ ဒေသဦးစီးခန်းမ တွင် ထူးချွန်အောင်မြင်ခဲ့သည့် ကျောင်းသား/ကျောင်းသူများအား ဆုချီးမြှင့်ပေးအပ်

    ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ရှိ ဒေသဦးစီးခန်းမ တွင် ထူးချွန်အောင်မြင်ခဲ့သည့် ကျောင်းသား/ကျောင်းသူများအား ဆုချီးမြှင့်ပေးအပ်

    ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ရှိ ဒေသဦးစီးခန်းမ တွင် ထူးချွန်အောင်မြင်ခဲ့သည့် ကျောင်းသား/ကျောင်းသူများအား ဆုချီးမြှင့်ပေးအပ်
    ===================================
    ဟိုပုံးမြို့၊ ဇူလိုင်လ ၁၃ရက်၊ ၂၀၂၆ခုနှစ်၊
    အထူးဒေသ(၆)၊ ပအိုဝ်းကိုယ်ပိုင်အုချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ ဒေသဦးစီးခန်းမ၌ ၂၀၂၅- ၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ် ဝင်စာမေးပွဲများတွင် ထူးချွန်စွာ ဖြေဆိုအောင်မြင်ခဲ့ကြသည့် ဂုဏ်ထူးရ ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ ဇူလိုင်လ ၁၃ရက် နံနက် ၁၀ နာရီအချိန်တွင် ကျင်းပခဲ့ပါ သည်။
    ထိုအခမ်းအနားတွင် အခြေခံပညာအထက်တန်း ကျောင်း အထက(၁)မှ ကျောင်းသား/ကျောင်း သူများက “မြန်မာ့ကျောင်းအဖွင့်” သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပညာရေးသည် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်ကြောင်း၊ ထူးချွန်ကျောင်းသား/ကျောင်းသူများအနေဖြင့် နိုင်ငံနှင့် ဒေသအကျိုးကို ဆက်လက်သယ်ပိုးဆောင်ရွက်ကြရန် တိုက်တွန်းအားပေးခဲ့သည်။
    ထို့ပြင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူ (၁၉၂၈) ဦးအနက် (၉၃၉) ဦး အောင်မြင်ပြီး အောင်ချက် (၄၈.၇၀%) ရရှိကာ ဂုဏ်ထူးရှင် (၁၈၇) ဦး ပေါ်ထွက်လာခဲ့ပြီး၊ တက္ကသိုလ်ဝင်တန်းနှင့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲများကို ပေါင်းစည်းတွက်ချက်ရာ စာစစ်ဌာန (၁၃) ခုမှ ဖြေဆိုသူ (၂၀၁၆) ဦးအနက် (၁၀၀၄) ဦး အောင်မြင်ပြီး အောင်ချက် (၄၉.၈၀%) ရရှိကာ ဂုဏ်ထူးရှင် (၂၁၅) ဦး ပေါ်ထွက်ခဲ့ကြောင်း၊ ၆ ဘာသာဂုဏ်ထူးရှင် (၁) ဦး၊ ၅ ဘာသာ (၃) ဦး၊ ၄ ဘာသာ (၉) ဦး၊ ၃ ဘာသာ (၂၈) ဦး စုစုပေါင်း (၄၁)ရှိကြောင်း ထည့်သွင်းပြောကြားသည်။
    ဟိုပုံးမြို့နယ်ရှိ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)(ပေါင်လင်း)မှ အောင်ချက် (၇၃.၈၆%) ရရှိခဲ့ပြီး ၆ ဘာသာဂုဏ်ထူးရှင် (၁) ဦးအပါအဝင် ဂုဏ်ထူးရှင် (၃၀) ဦး မွေးထုတ်နိုင်ခဲ့ကာ နိုင်ငံအဆင့် Top Ten (၂) ဦးနှင့် ရှမ်းတောင်ဒေသ Top Ten ကျောင်းသား/သူများလည်း ပေါ်ထွက်ခဲ့သည်။
    ယင်းနောက် တာဝန်ရှိသူများက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲများတွင် ထူးချွန်အောင်မြင်ခဲ့သည့် ဂုဏ်ထူးရ ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
    ဆက်လက်၍ ဆုရကျောင်းသား/ကျောင်းသူများကိုယ်စား ကျောင်းသူတစ်ဦးကကျေးဇူးတင်စကား ပြောကြားခဲ့ပြီး အခြေခံပညာအထက် တန်းကျောင်း (၂)မှ ကျောင်းသား/ကျောင်းသူများက “ဇာတိမာန်” အပိတ်သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီးနောက် စုပေါင်းမတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြပါသည်။
    ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနား
    ကြွရောက်လာကြသော ဂုဏ်သရေရှိလူကြီးမင်းများ နှင့်တကွ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဟိုပုံးမြို့ ဒေသဦးစီးအဖွဲ့ ၊ တပ်မတော် ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်း (ခေတ္တ) ကျောင်း အုပ်ကြီး ၊ ဒေသအဆင့်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ပုဂ္ဂိုလ်များ၊ ဆရာ၊ ဆရာမများ၊ ဂုဏ်ထူး နှင့် ထူးချွန်ဆုရ ကျောင်းသား/ သူများ ၊ ကျောင်းသားမိဘများ တက်ရောက်အားပေး ခဲ့ကြကြောင်း သိရသည်။
  • ပင်လုံမြို့၊ နောင်ကွတ်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပညာဗလကျောက်တလုံးကြီးမြို့နယ်ရှိ မွေတော်ကက္ကူဘုရားတွင် ထီးတင်လှူခြင်းနှင့် ဓာတ်တော်/စွယ်တော် ပင့်ဆောင်ခြင်းဆိုင်ရာ အစည်းအဝေးသို့ ကြွရောက်

    ပင်လုံမြို့၊ နောင်ကွတ်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပညာဗလကျောက်တလုံးကြီးမြို့နယ်ရှိ မွေတော်ကက္ကူဘုရားတွင် ထီးတင်လှူခြင်းနှင့် ဓာတ်တော်/စွယ်တော် ပင့်ဆောင်ခြင်းဆိုင်ရာ အစည်းအဝေးသို့ ကြွရောက်

    ပင်လုံမြို့၊ နောင်ကွတ်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပညာဗလကျောက်တလုံးကြီးမြို့နယ်ရှိ မွေတော်ကက္ကူဘုရားတွင် ထီးတင်လှူခြင်းနှင့် ဓာတ်တော်/စွယ်တော် ပင့်ဆောင်ခြင်းဆိုင်ရာ အစည်းအဝေးသို့ ကြွရောက်
    ——————————————–
    ဇူလိုင်လ (၁၄)ရက်၊ ၂၀၂၆ခုနှစ်
    ​ ပင်လုံမြို့၊ နောင်ကွတ်ကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တပညာဗလ သည် ကျောက်တလုံးကြီးမြို့နယ်တွင် ကျင်းပပြုလုပ်သည့် မွေတော်ကက္ကူဘုရား၏ ဓာတ်တော်/စွယ်တော် ထီးတော်တင်လှူ ခြင်းနှင့် ဓာတ်တော်/စွယ်တော် ပင့်ဆောင်ခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ကြွရောက်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
    ​ အဆိုပါ အစည်းအဝေးတွင် ဘုရားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ထီးတော်တင်လှူခြင်း၊ ဓာတ်တော်/စွယ်တော် ပင့်ဆောင်ခြင်းတို့အတွက် လုပ်ငန်းစဉ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။
  • မိုင်းပွန်မြို့တွင် ကျန်းမာရေးနှင့် ပညာရေးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူ ကွင်းဆင်းကြည့်ရှုစစ်ဆေး

    မိုင်းပွန်မြို့တွင် ကျန်းမာရေးနှင့် ပညာရေးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူ ကွင်းဆင်းကြည့်ရှုစစ်ဆေး

    မိုင်းပွန်မြို့တွင် ကျန်းမာရေးနှင့် ပညာရေးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူ ကွင်းဆင်းကြည့်ရှုစစ်ဆေး
    ——————-
    ဇူလိုင် ၁၄ ရက်၊ ၂၀၂၆
    ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းပွန်မြို့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူသည် ရှမ်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန်၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇူလိုင် ၁၄ ရက်က မိုင်းပွန်မြို့ရှိ ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာ လုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
    ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် အဖွဲ့အား လဲချားမြို့နယ် ပြည်သူ့ကိုယ်စားလှယ်(PR) ဦးခွန်ထွန်းလေးနှင့် မိုင်းပွန်မြို့ အမျိုးသမီးရေးရာအဖွဲ့တို့က နွေးထွေးစွာ ကြိုဆိုခဲ့ကြသည်။
    ထို့နောက် ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများသည် မိုင်းပွန်တိုက်နယ်ဆေးရုံသို့ သွားရောက်၍ မြို့နယ်ဆရာဝန်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများအား တွေ့ဆုံနှုတ်ဆက်ကာ ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် အခြေအနေများကို လေ့လာကြည့်ရှုခဲ့သည်။ ထို့ပြင် ဆေးရုံတက်ရောက်ကုသမှုခံယူနေသော လူနာများအား လိုက်လံအားပေး၍ အာဟာရဖြည့်အစားအစာများ ပေးအပ်ခဲ့သလို ဆေးရုံအတွက် ထောက်ပံ့ငွေများကိုလည်း လှူဒါန်းခဲ့သည်။ ယင်းနောက် တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
    ယင်းနောက် အမှတ်(၂)ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ပြီး ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံနှုတ်ဆက်ကာ ပညာသင်ကြားနေမှုအခြေအနေ၊ ဘာသာရပ်အလိုက် လက်တွေ့သင်ကြားမှုပြခန်းများနှင့် ကျောင်း၏ ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
    ထို့နောက် တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ကျောင်းသုံးစာရေးကိရိယာများ၊ အားကစားပစ္စည်းများ၊ လှူဒါန်းငွေများနှင့် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။
    အဆိုပါ ကွင်းဆင်းစစ်ဆေးရေးခရီးစဉ်တွင် လွိုင်လင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ခွန်သက်နိုင်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက လိုက်ပါဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။