ပင်လုံမြို့၊ ကျေးလက်လူငယ်ပြုစုပျိုးထောင်ရေးကျောင်း၌ ဝါဆိုသင်္ကန်းကပ်လှူခြင်းနှင့် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများအား ဂုဏ်ပြုပွဲကျင်းပ

Written by

in

ပင်လုံမြို့၊ ကျေးလက်လူငယ်ပြုစုပျိုးထောင်ရေးကျောင်း၌ ဝါဆိုသင်္ကန်းကပ်လှူခြင်းနှင့် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများအား ဂုဏ်ပြုပွဲကျင်းပ
————————
​ဇူလိုင် (၁၉) ရက်၊ ၂၀၂၆ ခုနှစ်
​ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့ရှိ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့က ဦးဆောင်ဖွင့်လှစ်ထားသော ကျေးလက်လူငယ်ပြုစုပျိုးထောင်ရေးကျောင်းတွင် ယနေ့ (၁၉.၇.၂၀၂၆) ရက်နေ့၌ ဝါဆိုသင်္ကန်းကပ်လှူခြင်း၊ ပရိတ်တရားတော်နာယူခြင်းနှင့် (၂၀၂၅-၂၀၂၆) ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
​ အခမ်းအနားတွင် သံဃာတော်အရှင်သူမြတ်များအား ပင့်ဖိတ်၍ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းခြင်း၊ ပရိတ်တရားတော်များ နာယူခြင်းနှင့် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် ဖိတ်ကြားထားသော ဧည့်သည်တော်များအား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
​ မွန်းလွဲ (၁:၀၀) နာရီအချိန်တွင် (၂၀၂၅-၂၀၂၆) ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုပွဲအခမ်းအနားကို ဆက်လက်ကျင်းပခဲ့သည်။
​ အဆိုပါပညာသင်နှစ် တက္ကသိုလ်ဝင်တန်း (Grade-12) စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၂၂) ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ (၁၅) ဦး အောင်မြင်ခဲ့သဖြင့် အောင်ချက်ရာခိုင်နှုန်းအနေဖြင့် (၆၈.၁၈%) ရှိကြောင်းနှင့် ကျောင်း၏ ပညာရေးအောင်မြင်မှုအတွက် ဝမ်းမြောက်ဖွယ်ရာ သတင်းကောင်းကိုလည်း သိရှိရသည်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *