အ.ထ.က(၁) ပင်လုံ အခြေခံပညာအထက်တန်းကျောင်းမှ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း

ဇူလိုင် ၁၇ရက်၊ ၂၀၂၆ခုနှစ်
လွိုင်လင်ခရိုင်၊ပင်လုံမြို့ ဝမ်းအဲန်စာသင်တိုက်၌ အ.ထ.က(၁) အခြေခံပညာအထက်တန်းကျောင်း မှ ဆရာ၊ ဆရာမများ ဦးဆောင်၍ ဝါဆိုလအထိမ်းအမှတ် ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်း (၉:၁၅)က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရပါသည်။

ရှေးဦးစွာ ဗုဒ္ဓဘာသာဓလေ့ထုံးစံအတိုင်းရတနာမြတ်သုံးပါးအား ကန်တော့ခဲ့ကြပြီး တက်ရောက်လာသော ဆရာ၊ဆရာမ၊ကျောင်းသား၊ ကျောင်းသူများက သံဃာတော်များထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက် သံဃာတော်များက ရွတ်ဖတ်ချီးမြှင့်သော ပရိတ်တရားတော်များကို နာယူကာ မေတ္တာပို့ အန္တရာယ်ကင်းပရိတ်တရားတော်များကို ခံယူကြသည်။

ယင်းနောက် အလှူရှင်များက သံဃာတော်များအား ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းပြီး ဆန်၊ ဆီ၊ ဆားနှင့် ဝတ္ထုငွေများကိုလည်း ကြည်ညိုသဒ္ဓါတရားဖြင့် ဆက်ကပ်လှူဒါန်းကြသည်။

တရားတော်နာယူပြီးနောက် ရေစက်သွန်းချ အမျှအတန်းပေးဝေကာ ကုသိုလ်ကောင်းမှုများကို အားလုံးအတွက် ရည်စူးမျှဝေကာ ရတနာမြတ်သူံးပါးကို ပြန်လည်ကန်တော့ခဲ့ကြပါသည်။အဆိုပါ လှူဒါန်းရာတွင် ဝါဆိုသင်္ကန်း၊ ဆန်၊ ဆီ၊ ဆားနှင့် ဝတ္ထုငွေတို့၏ စုပေါင်းတန်ဖိုးမှာ ကျပ် ၁၃,၃၉၃,၀၀၀ ဖြစ်ကြောင်း သိရသည်။


Leave a Reply