လွိုင်လင်ခရိုင်၊ပင်လုံမြို့၊ ရပ်ကွက် (၂) တွင် အခြေခံစက်ချုပ်နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

————————-
မေလ ၅ရက်၊ ၂၀၂၆ခုနှစ်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊လွိုင်လင်ခရိုင်၊ ပင်လုံမြို့ ရပ်ကွက် (၂)အထွေထွေအုပ်ချုပ်ရေးမှူးရရုံးတွင် မေလ (၅)ရက် (၂၀၂၆)ခုနှစ် အင်္ဂါနေ့ ၊ နေ့လယ်(၂:ဝဝ) နာရီ ခန့်အချိန်တွင် သမဝါယမနှင့် ကျေးလက်ဖွံဖြိုးရေးဝန်ကြီး ဌာန၊ အသေးစားစက််မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းဖန်တီးပေးနိုင်ရေးနှင့်ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီးမံကိန်း အခြေခံစက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနား ပြုလုပ်ခဲ့ကြောင်းသိရပါသည်။


ရှေးဦးစွာ လွိုင်လင်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဒုဥက္ကဋ္ဌ ဦးအောင်မိုးက သင်တန်းအဖွင့်အမှာစကားပြောကြားခဲ့ပြီး လွိုင်လင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနခရိုင် ဦးစီးမှူး ဦးရာဇာက စီမံကိန်းသင်တန်းနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြခဲ့ကြောင်းသိရပါသည်။


ဆက်လက်ပြီးလွိုင်လင်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းထွဋ်ကသင်တန်းသားများအား သင်တန်းတွင်အသုံးပြုမည့် စက်ပစ္စည်းများပေးအပ်ခဲ့ပြီးလွိုင်လင်ခရိုင် အမျိုးသမီးရေးရာအဖွဲ့၊ ဥက္ကဋ္ဌ ဒေါ်ခင်လေးမြင့်ကသင်တန်းသားများအား သင်တန်းသုံးကုန်ကြမ်း ပစ္စည်းများပေး အပ်ခဲ့ကြောင်းသိရပါသည်။ အခမ်းအနားပြီးဆုံးချိန်တွင် စုပေါင်း မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခြင်းနှင့်သင်တန်းသုံးပစ္စည်းများအားကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

















































































