ရှမ်းပြည်နယ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် လူရည်ချွန်မောင်မယ်များသည် ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး ထံမှ သြဝါဒခံယူပွဲ ကျင်းပပြုလုပ်

Written by

in

ရှမ်းပြည်နယ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် လူရည်ချွန်မောင်မယ်များသည် ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး ထံမှ သြဝါဒခံယူပွဲ ကျင်းပပြုလုပ်


___________________________________________
ဧပြီလ ၃၀ ရက်၊ ၂၀၂၆ ခုနှစ်၊
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် လူရည်ချွန်မောင်မယ်သည် ပြည်နယ်ဝန်ကြီး
ချုပ် ဦးစိုင်းထိန်စိုး ထံမှ သြဝါဒခံယူပွဲကို
ဒီကနေ့ ၁၃၈၈-ခုနှစ် ကဆုန်လဆန်း(၁၅)ရက် ကြာသပတေးနေ့ ညနေ (၃:၀၀)အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။


အဆိုပါ အခမ်းအနားတွင် ၂၀၂၆ ခုနှစ်၊ ရှမ်းပြည်နယ်မှ နေပြည်တော် လူရည်ချွန်စုရပ်စခန်းသို့သွားမည့် လူရည်ချွန်မောင်မယ်များအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက သြဝါဒစကားမြွက်ကြားပေးခဲ့ပါသည်။

ထိုသို့ပြောကြားရာတွင် ပထမဦးစွာလူရည်ချွန်မောင်မယ်မယ်များအား ခရီးစဥ်တွေကို စီစဥ်ပြီး လေ့လာလို့တဲ့ ရည်ရွယ်ချက်ကို သိရှိဖို့ လိုအပ်ကြောင်း၊ ရည်ရွယ်ချက်ကိုသိမှ လေ့လာရေးခရီးစဥ်မှာ ပိုမိုတန်ဖိုးရှိပြီး အကျိုးများစွာရှိအောင် ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊
အခုသွားကြမဲ့ လူရည်ချွန်မောင်မယ်တွေဟာ ဒေသန္တရ ဗဟုသုတတွေ၊ ဒေသအသီးသီးရဲ့ ဓလေ့ထုံးတမ်းစဥ်လာတွေကို စိတ်ဝင်တစားလေ့လာခဲ့ကြပါ၊ မှတ်သားခဲ့ကြပါ မှာကြားပေးခဲ့ပါသည်။

“ပြည်နယ်တိုင်းအသီးသီးက လာရောက်ပြီးဆုံတွေ့ကြရတဲ့ လူရည်ချွန်အချင်းချင်း မိတ်ဆွေတွေဖြစ်ပြီး ရင်းနှီးခင်မင်မှုတွေ ရကြတဲအတွက်လည်း အဖိုးမဖြတ်နိုင်တဲ့ ခရီးလေးတွေဖြစ်ကြောင်း၊ တိုင်းရင်းသားတွေ သွေးစည်း ညီညွတ်ကြဖို့၊ ချစ်ခင်ရင်းနှီးဖို့ တစ်ယောက်နဲ့တစ်ယောက် ဖေးမငူညီဖို့အတူသွား အတူစား အတူနေထိုင်ရင်း မောင်နှမရင်းတွေပမာ နေထိုင်သွားကြဖို့ မိမိပြည်နယ်ရဲ့ ရိုးရာဝတ်စား ဆင်ယင်မှုကို ထိန်းသိမ်းဖို့နှင့် အတူယှဥ်တွဲ နေထိုင်ရင်း ပူးပေါင်းဆောင်ရွက်တတ်တဲ့အလေ့အကျင့်များ ရရှိလာစေဖို့ကိုလည်း ရည်ရွယ်တာဖြစ်ကြောင်း၊ လေ့လာရေးခရီးစဥ် တစ်လျောက်လုံးမှာ ပြည်နယ်ရဲ့ ဂုဏ်သိက္ခာ ထိခိုက်ကျဆင်းစေနိုင်တဲ့ အပြုအမူမှန်သမျှ ရှောင်ကြပြီး ပြည်နယ်ဂုဏ်ဆောင်တဲ့ လူရည်ချွန်မောင်မယ်များဖြစ်အောင် အထူးကြိုးစားပါလို့လည်း ဆက်လက်တိုက်တွန်းမှာကြား ပေးခဲ့သည်။

နေပြည်တော်စုရပ်စခန်းသို့ သွားမည့် လူရည်ချွန်မောင်မယ်များသည် ရှမ်းပြည်နယ်တောင်ပိုင်းမှ လူရည်ချွန်မောင်မယ်(၂၆)ဦး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ (၂၀)ဦး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ (၁၅)ဦး၊ စုစုပေါင်း(၆၁)ဦး၊ ကြီးကြပ်စရာ၊ ဆရာမ(၁၂)ဦးတို့ရွေးချယ်ခံရပြီး နိုင်ငံတော်က ဂုဏ်ပြုချီးမြှင့်တဲ့ လေ့လာရေးခရီးစခန်းအသီးသီးကို သွားရောက်ကြရမှာဖြစ်ပြီး ၂-၅-၂၀၂၆ ရက်နေ့မှ ၅-၅-၂၀၂၆ ရက်နေ့အထိ နေပြည်တော်မှာ ဒေသန္တရဗဟုသုတ နှင့် အခြားသော လေ့လာမှတ်သားဖွယ်ရာတွေအတွက် (၄)ရက်တိတိ လည်ပတ် လေ့လာကြရမှာ ဖြစ်ကြောင်း သိရသည်။


ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက နေပြည်တော်လူရည်ချွန်စုရပ်စခန်းသ်ု့ သွားမည့် လူရည်ချွန်မောင်မယ်များအား ငွေကျပ်(၇၃)သိန်း ဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၏ဇနီးရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်နန်းစိုးစိုးထွေး တို့က ဂုဏ်ပြုဆုငွေကျပ်(၁၀)သိန်း ချီးမြှင့်ပေးအပ်ခဲ့ပါသည်။


ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးနှင့်အဖွဲ့ဝင်များက နေပြည်တော်စုရပ်စခန်းသို့ သွားမည့် လူရည်ချွန်မောင်မယ်များနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြကာ အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *