တောင်ကြီးမြို့နယ်၊ နောင်ပစ် အခြေခံပညာမူလတန်းလွန်ကျောင်း ကျောင်းဆောင်သစ်ဖွင့်လှစ်လွဲပြောင်းပေးအပ်

Written by

in

တောင်ကြီးမြို့နယ်၊ နောင်ပစ် အခြေခံပညာမူလတန်းလွန်ကျောင်း ကျောင်းဆောင်သစ်ဖွင့်လှစ်လွဲပြောင်းပေးအပ်

===================================
တောင်ကြီး မေလ ၃ရက်၊ ၂၀၂၆-ခုနှစ်၊
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်၊ နောင်ပစ်ရွာရှိ နောင်ပစ် အခြေခံပညာမူလတန်းလွန်ကျောင်း ကျောင်းဆောင်သစ်ဖွင့်လှစ်လွဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့ ၁၃၈၈-ခုနှစ် ကဆုန်လပြည့်ကျော် ၃ ရက်နေ့ နံနက် ၉:၀၀ နာအချိန်တွင် ကျင်းပပြုခဲ့ပါသည်။

ကျောင်းဆောင်သစ်လွဲပြောင်းပေးအပ်ပွဲ အ ခမ်းအနားတွင် နောင်ပစ် အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသား ကျောင်းသူလေးများက “ထာဝရသစ္စာ”သီချင်းဖြင့် ကပြဖျော်ဖြေပေးခဲ့ကြပါသည်။

ထို့နောက် တောင်ကြီးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အမှတ်(၂)ဦးခွန်ဆောင်းရွှေနှင့် ပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယ ညွန်ကြားရေးမှူး ဦးမောင်မောင်လွန်း၊ ပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယ ညွန်ကြားရေးမှူး ဦးစိုးကျော်ဝင်း၊ PNO ပါတီ ဖြားခွန်ယွန်း၊ ကျောင်းဆောင်သစ်အလှူရှင် ဒေါ်ငဲမူ၊ မြို့နယ်ပညာရေးမှူးရုံး ပညာ ရေးမှူး ဦးဇော်လှိုင်ထွန်း၊ မူလွန်နောင်ပစ် ကျောင်းအုပ် ဦးဇော်မင်းဦးတို့ကကျောင်းဆောင်သစ်အားဖြဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး၊ အမွှေးနံသာရေ ပက်ဖြန်းပေးခဲ့ကြပါသည်။


ဆက်လက်၍ တောင်ကြီးမြို့နယ် ပြည်နယ်လွှတ် တော်ကိုယ်စားလှယ်အမှတ်(၂) ဦးခွန်ဆောင်းရွှေက အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး၊ မြို့နယ်ပညာရေးမှူးရုံးမှ လက်ထောက်ညွန်ကြားရေးမှူး ဦးခင်မောင်ကိုနှင့် တောင်ကြီးမြို့နယ် မြို့နယ်ပညာရေးမှူး ဆရာရကြီး ဦးဇော်လှိုင်ထွန်း တို့ကဆက်လက်အမှာစကားပြေားခဲ့ပါသည်။ ထို့ပြင် တောင်ကြီးမြို့နယ် နောင်ပစ် အခြေခံပညမူလတန်းလွန်ကျောင်း ကျောင်းအုပ်ဆရာကြီး ဦးဇော်မင်းဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။

ထို့နောက် ကျောင်းဆောင်သစ်လွဲပြောင်းပေးအပ်ပွဲ အထိမ်းအမှတ်အလံများအား တောင်ကြီးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဦးခွန်ဆောင်းရွှေနှင့် နောင်ပစ်ကျောင်းအုပ်ဆရာကြီး၊ ကျောင်းအလှူရှင် ဒေါ်ငဲမူတို့က လက်ခံရယူခဲ့ကြကာ ဆက်လက်၍ ကျောင်းအုပ်ဆရာကြီးက ကျောင်းဆောင်သစ်အလှူရှင်ထံမှ ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ခဲ့ပါသည်။

အဆိုပါကျောင်းဆောင်သစ်တွင် အလှူရှင် (ဦးခင်မောင်မောင်)+ ဒေါ်နန်းမိုးမိုးဝင်း(ခ)ဒေါ်ငဲမူ (ထူးကျော်ပွဲရုံ၊ တောင်ကြီး) မိသားစုမှ ဆောက်လုပ်လှူဒါန်းသော (၆၀×၃၀)ပေ RCနှစ်ထပ်ကျောင်းဆောင်သစ်ကို မတည်လှူဒါန်းပေးခဲ့သည်။

ထို နောင်ပစ် အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကျောင်းသား ကျောင်းသူဦးရေ ၂၆၃ ဦးရှိပြီး ကျောင်းဆရာ ၁ ဦးနှင့် ဆရာမ ၉ ဦးတို့က ပညာသင်ကြားပေးလျက်ရှိကြောင်း သိရှိရပါသည်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *