တောင်ကြီးမြို့နယ် လင်းလေကျေးရွာ၌ အမျိုးသမီးများဝင်ငွေတိုးရေး အပ်ချုပ်နည်းပညာ သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

Written by

in

တောင်ကြီးမြို့နယ် လင်းလေကျေးရွာ၌ အမျိုးသမီးများဝင်ငွေတိုးရေး အပ်ချုပ်နည်းပညာ သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ


———————————————————————-
မေလ(၅)ရက်၊ ၂၀၂၆-ခုနှစ်
အထူးဒသ(၆)၊ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ၊ ဖက်ကွံကျေးရွာအုပ်စု ၊လင်းလေကျေးရွာရှိလင်းလေဘုန်းကြီးကျောင်း၌ ယနေ့ မေလ(၅)ရက် မနက်(၁၀)နာရီအချိန်တွင် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်းအစီအစဉ်ဖြင့်ဆောင်ရွက်သည့် “အသေးစားထုတ်ကုန်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် အမျိုးသမီးများ ဝင်ငွေတိုးရေး အပ်ချုပ်နည်းပညာသင်တန်း”ကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနက အသေးစား လက်မှုလုပ်ငန်းဦးစီးဌာနမှ ရက်(၁၀၀)အတွင်း ကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင်စေရန် ရည်ရွယ်ပြီး သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ပါသည်။


အခမ်းအနားသို့ တောင်ကြီးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အမှတ်(၁) ဦးခွန်ကြည် က အား ပေးအမှာစကားပြောကြားပေးခဲ့ပြီး၊အသေးစား လက်မှုလုပ်ငန်းဦးစီးဌာန ညွန်ကြားရေးမှူး ဦးစိုးနိုင်ထူးမှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ် ချက်နှင့် လုပ်ဆောင်မှုအခြေအနေများကို ရှင်းလင်းတင်ပြပေးခဲ့ပြီး၊သင်တန်းသား/ သင်တန်းသူများအား လက်တွေ့လေ့ကျင့်ရာတွင် အသုံးပြုနိုင်ရန်အတွက် သင်တန်းသုံး သင်ထောက်ကူပစ္စည်းများကို တာဝန်ရှိသူများက အသီးသီး ပေးအပ်ခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြပါသည်။


ဆက်လက်၍ တောင်ကြီးမြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဒေါ်နန်းကျင်း(ခ)ဒေါ်နန်းစိန်နှင့် တောင်ကြီးမြို့နယ် ပြည်နယ်လွတ်တော်ကိုယ်စားလှယ် အမှတ်(၁)ဦးခွန်ကြည်၊ တောင်ကြီးမြို့နယ် ပြည်နယ်လွတ်တော်ကိုယ်စားလှယ် အမှတ်(၂)ဦးခွန်ဆောင်းရွှေနှင့် ရှမ်းပြည်နယ် အသေးစား လက်မှုလုပ်ငန်း ညွှန်ကြားရေးမှူး ဦးစိုးနိုင်ထူး တို့က သင်တန်းတွင် အသုံးပြုမည့် စက်ပစ္စည်းများနှင့် သင်တန်းခန်းမအတွင်းပြင်ဆင်မှုများကို လှည့်လည်ကြည့်ရှုခဲ့ကြခဲ့ကြကြောင်း သိရှိရပါသည်။


အဆိုပါ အခြေခံစက်ချုပ်နည်းသင်တန်းအား(၅-၅-၂၀၂၆)ရက်နေ့မှ (၃-၆-၂၀၂၆)ရက်နေ့အထိ (၃၀)ရက်နေ့ မွမ်းမံစက်ချုပ်နည်းပညာသင်တန်းအား (၁၁-၆-၂၀၂၆)ရက်နေ့မှ (၂၅-၆-၂၀၂၆)ရက်နေ့အထိ (၁၅)ရက်၊စုစုပေါင်း(၄၅)ရက်ကြာ သင်တန်းသူ (၁၅)ဦးဖြင့် စာတွေ့ လက်တွေ့ သင်ကြားပို့ချမည်ဖြစ်ပြီး သင်တန်းသား၊သင်တန်းသူများထဲမှ အမှန်တကယ် ကိုယ်ပိုင်လုပ်ငန်းထူထောင်မည့် ထူးချွန်သင်တန်းသား(၅)ဦးအား ရွေးချယ်ပြီး ရက်(၁၀၀)အတွင်း ကိုယ်ပိုင်လုပ်ငန်း ထူထောင်နိုင်ရန်အတွက် ကူညီဆောင်ရွက်သွားမည်ဖြစ်ပြီး လုပ်ငန်းသုံးပစ္စည်းများကိုလည်း သုံးစွဲခွင့် ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

အခမ်းအနားသို့ တောင်ကြီးမြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဒေါ်နန်းကျင်း(ခ)ဒေါ်နန်းစိန်၊ တောင်ကြီးမြို့နယ် ပြည်နယ်လွတ်တော်ကိုယ်စားလှယ် အမှတ်(၁)ဦးခွန်ကြည်၊ တောင်ကြီးမြို့နယ် ပြည်နယ်လွတ်တော်ကိုယ်စားလှယ် အမှတ်(၂)ဦးခွန်ဆောင်းရွှေနှင့် ရှမ်းပြည်နယ် အသေးစား လက်မှုလုပ်ငန်း ညွှန်ကြားရေးမှူး ဦးစိုးနိုင်ထူးနှင့် အဖွဲ့ဝင်များ သင်တန်းသူ/သင်တန်းသားများ၊ ဒေသခံ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြောင်း သတင်းသိရှိရပါသည်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *