Author: niyo

  • သုတစုံလင် ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲ အလယ်တန်းအဆင့် ပထမဆုရှင် မအိမ့်ချစ်သူနှင့် ဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်

    သုတစုံလင် ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲ အလယ်တန်းအဆင့် ပထမဆုရှင် မအိမ့်ချစ်သူနှင့် ဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်

    သုတစုံလင် ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲ အလယ်တန်းအဆင့် ပထမဆုရှင် မအိမ့်ချစ်သူနှင့် ဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်

    ———————————————————————-
    ဇွန်လ ၆ ရက်၊ ၂၀၂၆ ခုနှစ်
    တေရသမအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင် ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲ အလယ်တန်းအဆင့်တွင် ဗုဒ္ဓဝံသဝိသာရဒဘွဲ့၊ ဗုဒ္ဓဝံသသုကုမာရီဘွဲ့၊ ဗုဒ္ဓဝံသဗဟုဿုတဓရဘွဲ့များ ရရှိကာ မြန်မာနိုင်ငံလုံးဆိုင်ရာ ပထမ (Winner) ဆု ဆွတ်ခူးနိုင်ခဲ့သော ရှမ်းပြည်နယ်ကိုယ်စားပြု အေးမြကရုဏာဓမ္မစကူးလ်မှ မအိမ့်ချစ်သူနှင့် ဆုရကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ဇွန်လ ၆ ရက်နေ့ မွန်းလွဲ ၃ နာရီတွင် တောင်ကြီးမြို့ရှိ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

    အခမ်းအနားတွင် သုတစုံလင်ဗုဒ္ဓဝင် ဒုတိယဥက္ကဋ္ဌဆရာတော်မှ သြဝါဒမိန့်ကြားခဲ့ပြီး၊ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက ဂုဏ်ပြုဝမ်းမြောက်စကား ပြောကြားခဲ့သည်။


    ထို့နောက် ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးစံလင်းက ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ ပြည်နယ်အဆင့် အောင်မြင်သူများ၊ ဗုဒ္ဓဝံသဝိသာရဒဘွဲ့ရများနှင့် ဆုရရှိသူများအား တာဝန်ရှိသူများက အသီးသီး ဆုများချီးမြှင့်ခဲ့ကြသည်။


    အထူးသဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အလယ်တန်းအဆင့် ပထမဆုရှင် မအိမ့်ချစ်သူအား ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ YMBA (ဗဟို) ဗုဒ္ဓကလျာဏယုဝအသင်းနှင့် ကျင်းပရေးကော်မတီတို့က ဂုဏ်ပြုဆုများ၊ ဂုဏ်ပြုလွှာများနှင့် ဒိုင်းဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြသည်။


    ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အလယ်တန်းအဆင့် ပထမဆုရှင် မအိမ့်ချစ်သူအား ငွေကျပ် (၁၀,၀၀၀,၀၀၀)၊ စတုတ္ထဆုရှင် မောင်သူရိန်လင်းအား ငွေကျပ် (၁,၀၀၀,၀၀၀)၊ ပြည်နယ်အဆင့် ဖြေဆိုအောင်မြင်သူ (၁၁)ဦးအား ငွေကျပ် (၂,၂၀၀,၀၀၀)၊ ပါဝင်ဖြေဆိုသူ (၅၂)ဦးအား ငွေကျပ် (၅,၄၀၀,၀၀၀) တို့ကို ချီးမြှင့်ခဲ့ပြီး စုစုပေါင်း ငွေကျပ် (၁၈,၆၀၀,၀၀၀) ချီးမြှင့်ပေးအပ်ခဲ့သည်။


    ထို့နောက် ပြည်နယ်လွှတ်တော်မှ အလယ်တန်းအဆင့် ပထမဆုရှင် မအိမ့်ချစ်သူအား ငွေကျပ် (၄,၅၀၀,၀၀၀) ချီးမြှင့်ခဲ့သည်။ သုတစုံလင်ကျင်းပရေးကော်မတီမှလည်း မအိမ့်ချစ်သူအား ငွေသားဆု ငွေကျပ် (၁၅,၀၀၀,၀၀၀)၊ Laptop (၁)လုံး၊ စာအုပ် (၅၆)အုပ်နှင့် ဆိုင်ကယ် (၁)စီးတို့ကို ဂုဏ်ပြုချီးမြှင့်ခဲ့သည်။


    ထို့အပြင် ဖြေဆိုသူအားလုံးအတွက် ငွေကျပ် (၁၂,၂၀၀,၀၀၀)၊ ဆရာတော် သံဃာတော်များအား လှူဒါန်းငွေ ကျပ် (၁,၅၀၀,၀၀၀)၊ သီလရှင်ဆရာလေးများအား လှူဒါန်းငွေ ကျပ် (၁,၅၀၀,၀၀၀) စုစုပေါင်း ငွေကျပ် (၂၉,၈၀၀,၀၀၀) ချီးမြှင့်လှူဒါန်းခဲ့သည်။


    အလားတူ ပြည်နယ်အဆင့်ဌာနဆိုင်ရာများမှလည်း ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ငွေကျပ် (၁၇,၆၁၁,၅၀၀) ကို ပါဝင်လှူဒါန်းခဲ့ကြသည်။ထို့ပြင် မအိမ့်ချစ်သူအား ဗုဒ္ဓစာပေများ သင်ကြားပြသပေးခဲ့သော သီလရှင်ဆရာကြီး ဒေါ်ကေသရဉာဏီအား ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ခဲ့ပြီး ပထမဆုရှင်၏ ဖြေဆိုယှဉ်ပြိုင်ခဲ့ပုံများကို Video Clip ဖြင့် ပြသကာ ရတုတေးထပ်များဖြင့်လည်း ဂုဏ်ပြုခဲ့ကြသည်။


    အခမ်းအနားအပြီးတွင် ဆုရကျောင်းသား၊ ကျောင်းသူများက ဆရာတော်ကြီးများအား ဂါရဝပြု ကန်တော့ခဲ့ကြပြီး တက်ရောက်လာသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးကာ “ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု” သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

  • မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်ပြိုင်ပွဲမှာ တစ်နိုင်ငံလုံးအဆင့်ပထမဆုရရှိခဲ့တဲ့ ရှမ်းပြည်နယ်ကိုယ်စားပြု မအိမ့်ချစ်သူကို အောင်ပန်းမြို့ပေါ်ရှိကျောင်းသား/သူများကြိုဆို

    မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်ပြိုင်ပွဲမှာ တစ်နိုင်ငံလုံးအဆင့်ပထမဆုရရှိခဲ့တဲ့ ရှမ်းပြည်နယ်ကိုယ်စားပြု မအိမ့်ချစ်သူကို အောင်ပန်းမြို့ပေါ်ရှိကျောင်းသား/သူများကြိုဆို

    မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်ပြိုင်ပွဲမှာ တစ်နိုင်ငံလုံးအဆင့်ပထမဆုရရှိခဲ့တဲ့ ရှမ်းပြည်နယ်ကိုယ်စားပြု မအိမ့်ချစ်သူကို အောင်ပန်းမြို့ပေါ်ရှိကျောင်းသား/သူများကြိုဆို

    ဇွန်လ(၆)ရက်၊၂၀၂၆၊

    ကလောတေရသမအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင် ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲကြီးတွင် ပထမ (Winner) ဆုကို ဆွတ်ခူးရရှိခဲ့သည့်ရှမ်းပြည်နယ်ကိုယ်စားပြု သမီးငယ် မအိမ့်ချစ်သူနှင့်အတူ ဂုဏ်ထူးဆောင်အဖြစ် အောင်မြင်ခဲ့ကြသည့် (၄၃) ဦးတို့အား ယနေ့ဇွန်လ ၆ ရက်နေ့ နံနက်(၉:၄၀)အချိန်တွင် အောင်ပန်းမြို့ပေါ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများ တိုင်းရင်းသားပေါင်းစုံနှင့် မိဘပြည်သူများ ကျောင်းသား/သူများက တစ်ခဲနက် ကြိုဆိုဂုဏ်ပြုကြကြောင်း သိရသည်။

    ယခုနှစ် သုတစုံလင် ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲကြီးတွင် ရှမ်းပြည်နယ်ကိုယ်စားပြု သမီးငယ်တစ်ဦးက နိုင်ငံအဆင့် ပထမဆုကို ဆွတ်ခူးနိုင်ခဲ့သည့်အပြင် ဂုဏ်ထူးဆောင် (၄၃) ဦး ပေါ်ထွက်လာခဲ့သည်။


    အောင်ပန်းမြို့ကြိုဆိုဂုဏ်ပြုပွဲတွင် အောင်ပန်းမြို့ပေါ်ရှိဌာနဆိုင်ရာများ တိုင်းရင်းသားမိဘပြည်သူများနှင့်ကျောင်းသား/သူများ လူမှုရေးအသင်းအဖွဲ့များသောင်းသောင်းဖျဖျ ဝမ်း မြောက်စွာဂုဏ်ပြုကြိုဆိုကြကြောင်းသိရသည်။

  • ပင်လုံမြို့၌ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာများမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများ၊ လုပ်ငန်းရှင်များနှင့် ပင်လုံမြို့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆွေးနွေးခြင်းအခမ်းအနားပြုလုပ်

    ပင်လုံမြို့၌ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာများမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများ၊ လုပ်ငန်းရှင်များနှင့် ပင်လုံမြို့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆွေးနွေးခြင်းအခမ်းအနားပြုလုပ်

    ပင်လုံမြို့၌ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာများမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများ၊ လုပ်ငန်းရှင်များနှင့် ပင်လုံမြို့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆွေးနွေးခြင်းအခမ်းအနားပြုလုပ်
    ———————————————————————-
    ဇွန်လ၅ ရက်၊၂ဝ၂၆ခုနှစ်၊ ပင်လုံ
    ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ မဟာရဌာဘိသာမဂ္ဂီစေတီတော်ရှိ သာသနာ့ရက္ခိတဓမ္မာရုံ၌ သောကြာနေ့၊ နံနက် (၉:၀၀)နာရီအချိန်တွင် လွိုင်လင်မြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ခွန်သက်နိုင်နှင့် ဌာနဆိုင်ရာများမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများ၊ လုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး ပင်လုံမြို့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းနှင့်ပတ်သက်၍ ဆွေးနွေးခြင်းအခမ်းအနားပြုလုပ်ခဲ့ကြကြောင်းသိရပါသည်။
    ရှေးဦးစွာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးခွန်သက်နိုင်မှ မြို့ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ ဆွေးနွေး ပြောကြားခဲ့ပြီး မြို့အုပ်ချုပ်ရေးမှူးဦးရန်ပိုင်ဖြိုးမှ မြို့ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ ဆက်လက်ဆွေးနွေးပြောကြားခဲ့ပါသည်။
    ထို့နောက် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲအုပ်ကောင်းမြတ်ကျော်က ယာဉ်စည်းကမ်းလမ်းစည်းကမ်းအသိပညာပေးကို ပရိုဂျက်တာ ပုံနှင့် video clip.တကွ ဆွေးနွေး ပြောကြားခဲ့ပါသည်။
    နောက်ပိုင်းမှာ ဌာနဆိုင်ရာအကြီးအကဲများနှင့် ပင်လုံမြို့၊ လုပ်ငန်းရှင်များ၊ ေရပ်မိရပ်ဖများမှ မြို့ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များဆွေးနွေးပြောကြားခဲ့ပါသည်။ အခမ်းအနားမှာ ရပ်ကွက်(၁) အုပ်ချုပ်ရေးမှူး ဦးစိုင်းမှူးလိန်၊ ရပ်ကွက်(၂) အုပ်ချုပ်ရေးမှူး ဦးစိုင်းရွှေထွန်း၊ ရပ်ကွက်(၃) အုပ်ချုပ်ရေးမှူး ဦးစိုင်းဆန်ငင်း၊ ရပ်ကွက်(၄) အုပ်ချုပ်ရေးမှူး ဦးမျိုးမြင့်အောင် တို့မှ မြို့ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ ဆွေးနွေးပြောကြားခဲ့ကြပါသည်။
    ဆွေးနွေးပြီးတဲ့နောက် ရပ်ကွက် အုပ်ချုပ်ရေးမှူးများမှ ပင်လုံမြို့၊ပြည်သူ့လုံခြုံရေးနှင့်အကြမ်း ဖက်နှိမ်နင်းရေးအဖွဲ့ အဖွဲ့ခေါင်းဆောင်အား ရပ်ကွက်အုပ်ချုပ်ရေးမှူး များမှ ထောက်ပံ့ငွေ သုံးသိန်းကျပ် ပေးအပ်ခဲ့ကြပါသည်။ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးခွနသက်နိုင်မှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။
  • တောင်ကြီးမြို့ရှိ မြို့တော်ခန်းမတွင် ၂၀၂၆ ခုနှစ် ကမ္ဘာ့ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်း အနားကျင်းပ

    တောင်ကြီးမြို့ရှိ မြို့တော်ခန်းမတွင် ၂၀၂၆ ခုနှစ် ကမ္ဘာ့ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်း အနားကျင်းပ

    တောင်ကြီးမြို့ရှိ မြို့တော်ခန်းမတွင် ၂၀၂၆ ခုနှစ် ကမ္ဘာ့ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်း အနားကျင်းပ

    ———————————————————————-
    ဇွန်လ ၅ ရက်၊ ၂၀၂၆-ခုနှစ်၊
    ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ၂၀၂၆ ခုနှစ် ကမ္ဘာ့ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်း အနားကို ဇွန်လ ၅ ရက် နံနက် ၉ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။

    အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် Video Clip များနှင့် အမျိုးသားအဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းဆုရရှိထားသည့် အခြေခံ ပညာအထက်တန်းကျောင်း(ခွဲ) မယ်ဟုတ်၊ တာချီလိတ်မြို့၏ မှတ်တမ်း Video Clip ကို ပြသခဲ့သည်။


    ထို့နောက် အမျိုးသားအဆင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော ကျေးရွာဆု၊ အမျိုး သားအဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းဆုများနှင့် ပြည်နယ်အဆင့် ပတ်ဝန်း ကျင်စီမံခန့်ခွဲမှုကောင်းမွန်သော မြို့ဆု၊ စက်ရုံဆုများ ရရှိခဲ့ကြသည့် ကျေးရွာများ၊ မြို့များ၊ စက်ရုံများနှင့် ကျောင်းများအား တာဝန်ရှိပုဂ္ဂိုလ်များက ကျောက်စီပန်းချီကားများ၊ ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဂုဏ်ပြုဆုငွေများ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြသည်။


    ယင်းအပြင် အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


    ဆက်လက်၍ ရှမ်းပြည်နယ်အတွင်း သန့်ရှင်း ၍ စိမ်းလန်းစိုပြည်သော ကျောင်းများ ဖော်ဆောင်နိုင်ရေးအတွက် ပါဝင်ကူညီ လှူဒါန်းပေးခဲ့ကြသည့် အလှူရှင်များအား ပြည်နယ်အစိုးရ အဖွဲ့ ဝန်ကြီးများနှင့် တိုင်းရင်းသားရေးရာဝန်ကြီးများက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။


    ထို့နောက် တက်ရောက်လာကြသူများက စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး အခမ်းအနားအပြီးတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

     

  • ဦးခွန်သက်နိုင်နှင့် သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ ဆနင်းကျေးရွာတွင် ဆိုလာစနစ်များ ဖြန့်ဝေပေး

    ဦးခွန်သက်နိုင်နှင့် သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ ဆနင်းကျေးရွာတွင် ဆိုလာစနစ်များ ဖြန့်ဝေပေး

    ဦးခွန်သက်နိုင်နှင့် သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ ဆနင်းကျေးရွာတွင် ဆိုလာစနစ်များ ဖြန့်ဝေပေး

    ———————–
    ဇွန်လ(၂)ရက်၊ ၂၀၂၆ခုနှစ်
    ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ပင်လုံမြို့၊ ဆနင်းကျေးရွာအုပ်စုအတွင်း ယနေ့ ညနေပိုင်း (၁:၀၀)နာရီမှာ ဆနင်းကျေးရွာရှိ မိဘပြည်သူများအား အိမ်သုံးမီးအဆင်ပြေစွာ အသုံးပြုနိုင်ရေးအတွက် နတလ(နယ်စပ်ဒေ သနှင့်တိုင်းရင်းသႏးလူမျိုးများဖွံဖြိုးတိုးတက်ရေးဦးစီး ဌာန) နှင့် သက်ဆိုင်ရာဌာနများ ပူးပေါင်းကာ ဆိုလာ Panel 50W နှင့် Control Box ၁၂၀၀၀ mah များကို အိမ်ထောင် စုများအား ဖြန့်ဝေပေးခဲ့သည်။

    ရှေးဦးစွာ လွိုင်လင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဦးခွန်သက်နိုင်အား အမှာစကားပြောကြားပြီး နယ်စပ်ရေးရာဝန်ကြီးဌာနမှ နတလခရိုင်မှူး ဦးဇော်ဇော်ထွန်းက လိုအပ်တာမှာကြားရင်း ဆိုလာသုံးပုံ သုံးနည်းကိုလည်း ပြောကြားခဲ့ပါသည်။

    ထို့နောက် လွိုင်လင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဦးခွန်သက်နိုင်နှင့် နယ်စပ်ရေးရာဝန်ကြီးဌာနမှ နတလခရိုင်မှူး ဦးဇော်ဇော်ထွန်းတို့မှ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများသို့ ဆိုလာလျှပ်စစ်မီးများကိုပေးအပ်ပြီး ဆနင်းကျေးရွာ ဥက္ကဋ္ဌအား ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။

    ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ ဆိုလာစနစ်များကို မှန်ကန်စွာအသုံးပြုနိုင်ရေးအတွက် တာဝန်ရှိပုဂ္ဂိုလ်များက ဆိုလာများကိုတပ်ဆင်ပေးခဲ့ပြီး လိုအပ်သော ရှင်းလင်းမှုများကိုလည်း ဆောင်ရွက်ပေးခဲ့ကြသည်။

    ယင်းဆောင်ရွက်မှုသည် ကျေးလက်ဒေသ မိဘပြည်သူများ၏ အိမ်တိုင်းမီးလင်းနိုင်ရေး၊ ကျေးလက်တိုးတက်စေရေးနှင့် လူနေမှုအဆင့်အတန်း တစ်စိတ်တစ်ပိုင်းမြှင့်တင်ပေးနိုင်ရေးအတွက် အထောက်အကူဖြစ်စေမည် ဖြစ်ကြောင်း သိရသည်။

    ယင်းဆောင်ရွက်မှုသည် ကျေးလက်ဒေသ မိဘပြည်သူများ၏ အိမ်တိုင်းမီးလင်းနိုင်ရေး၊ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူနေမှုအဆင့်အတန်း မြှင့်တင်ရေးအတွက် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါအစီအစဉ်အရ ဆနင်းကျေးရွာရှိ အိမ်ခြေပေါင်း (၂၃၀) ကျော်အား အိမ်ခြေတစ်အိမ်လျှင် 50W ဆိုလာ Panel (၁) ချပ်၊ Control Box (၁) လုံးနှင့် LED မီးသီး (၃) လုံး ပါဝင်သည့် ဆိုလာလျှပ်စစ်မီးစနစ်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ အခမ်းအနားသို့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

  • ဦးခွန်သက်နိုင်နှင့် တာဝန်ရှိသူများ ဆနင်းကျေးရွာအုပ်စု စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ကွင်းဆင်းလေ့လာ

    ဦးခွန်သက်နိုင်နှင့် တာဝန်ရှိသူများ ဆနင်းကျေးရွာအုပ်စု စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ကွင်းဆင်းလေ့လာ

    ဦးခွန်သက်နိုင်နှင့် တာဝန်ရှိသူများ ဆနင်းကျေးရွာအုပ်စု စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ကွင်းဆင်းလေ့လာ

    ———————–
    ဇွန်လ(၂)ရက်၊ ၂၀၂၆ခုနှစ်
    ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ပင်လုံမြို့၊ ဆနင်းကျေးရွာအုပ်စုအတွင်း ယနေ့ မနက်ပိုင်း (၁၀:၀၀)နာရိီမှာ ဒေသခံတောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဆောင်း၊ နွေသီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဦးခွန်သက်နိုင်၊ နယ်စပ်ရေးရာဝန်ကြီးဌာနမှ နတလ (နယ်စပ်ဒေသနှင့်တိုင်းရင်းသႏးလူမျိုးများဖွံဖြိုးတိုးတက်ရေးဦးစီးဌာန) ခရိုင်မှူး ဦးဇော်ဇော်ထွန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။


    ကွင်းဆင်းလေ့လာစဉ် ဒေသခံတောင်သူ ဦးစိုင်းစိုင်လူက “လယ်ဧကပေါင်း (၁၀၀) ခန့်ကို မိုးရာသီတွင် စပါးစိုက်ပျိုးရန် ရေဒလက်ဖြင့် ရေပေးနေရတယ် ဆောင်းရာသီ နဲ့ နွေရာသီကျတော့ ရေကျလို့ ရေဒလက်ကမလည်တော့ဘူး အဲဒီရာသီမှာ နေကြာ၊ ကြက်သွန်ဖြူ၊ ပဲပုတ်စေ့နှင့် အာလူး စတဲ့သီးနှံများစိုက်ဖို့ လုံလောက်သောရေအရင်းအမြစ် ရရှိရင်တော့ အဆင်ပြေစွာ စိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။


    ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သက်နိုင်နှင့် နတလခရိုင်မှူး ဦးဇော်ဇော်ထွန်းတို့က စိုက်ပျိုးမြေများ၏ ရေအရင်းအမြစ်အခြေအနေ၊ ပွန်ချောင်းရေသုံးစွဲနိုင်မှုနှင့် သီးနှံတိုးချဲ့စိုက်ပျိုးနိုင်မည့် အလားအလာများကို လေ့လာကြည့်ရှုခဲ့ပြီး ဒေသခံတောင်သူများ၏ လိုအပ်ချက်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။ အဆိုပါ လယ်ယာမြေများတွင် ရေအလုံအလောက် ရရှိနိုင်ပါက မိုးစပါးအပြင် ဆောင်းနှင့် နွေသီးနှံများကို တိုးချဲ့စိုက်ပျိုးနိုင်မည်ဖြစ်သဖြင့် ဒေသခံတောင်သူများ၏ စားနပ်ရိက္ခာနှင့်ဝင်ငွေ အခက်အခဲ့များကို အထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။


    မိုးအကုန်မှာ ရေအရင်းအမြစ်ရရှိရေးတွက် ရေဒလက်အစား ဆိုလာရေပေးစနစ် တပ်ဆင်ပေးနိုင်ရန်၊ သက်ဆိုင် ရာသို့တင်ပြနိုင်ရန် တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဒေသခံများက ပူပေါင်းကွင်းဆင်းလေ့လာခဲ့ကြသည်။ ထို့နောက် ဒေသတွင်းထွက် မြေပဲ၊ နှမ်း စသည်တို့ကြိတ်နိုင်တဲ့ ဆီကြိတ်စက် ဆန်ကြိတ်စက် တို့ကို လိုက်လံကြည်ရှုခဲ့ကြကြောင်းသိရသည်။

  • တောင်ကြီးမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း မြို့နယ်အဆင့် သုံးသပ်ဆွေးနွေးပွဲ ကျင်းပ

    တောင်ကြီးမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း မြို့နယ်အဆင့် သုံးသပ်ဆွေးနွေးပွဲ ကျင်းပ

    တောင်ကြီးမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း မြို့နယ်အဆင့် သုံးသပ်ဆွေးနွေးပွဲ ကျင်းပ


    ———————————————————————-
    ဇွန်လ ၂ ရက်၊ ၂၀၂၆-နှစ်
    ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်ရှိ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေး (ဒဲဉ်သီႏဗွေ) ကွင်းခန်းမ၌ သမဝါယမနှင့် ကျေး လက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန (ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန) တောင်ကြီးမြို့ နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ကြီးမှူးပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် မြစိမ်းရောင်ကျေးရွာစီမံကိန်း မြို့နယ်အဆင့် သုံးသပ်ဆွေးနွေးပွဲကို ဇွန်လ ၂ ရက် နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


    အခမ်းအနားတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးမောင်မောင်ဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ရှမ်းပြည်နယ် စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ ဦးမောင်မောင်လွင်က စီမံကိန်းဆိုင်ရာ သုံးသပ်ဆွေးနွေးမှုများ တင်ပြဆွေးနွေးခဲ့ပါသည်။


    ထို့နောက် စီမံကိန်းကျေးရွာများမှ ကျေးရွာလုပ်ငန်းအဖွဲ့ဝင်များက စီမံကိန်းနှင့်ပတ်သက်သည့် အကြောင်းအရာများကို အုပ်စု ၁၂ ဖွဲ့ခွဲ၍ ဆွေးနွေးခဲ့ကြပြီး အုပ်စုတစ်ဖွဲ့ချင်းစီ၏ ကိုယ်စားလှယ်များက ဆွေးနွေးချက်များကို ပြန်လည်တင်ပြခဲ့ကြသည်။

    ယင်းနောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် တောင်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးခွန်သူရအောင်တို့က အမှာစကားများ ပြောကြားခဲ့ကြသည်။ အုပ်စု ၁၂ ဖွဲ့မှ ရရှိလာသည့် ဆွေးနွေးအကြံပြုချက်များကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှူးက သုံးသပ်တင်ပြခဲ့ပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်း စံပြဆုရရှိသည့် ကျေးရွာများအား ဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

    တောင်ကြီးမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှ စတင်အကောင်အထည်ဖော်ခဲ့ရာ ယခုအခါ ကျေးရွာပေါင်း ၁၁၆ ရွာအထိ လွှမ်းခြုံဆောင်ရွက်လျက်ရှိပြီး စီမံကိန်းရန်ပုံငွေ ကျပ်သန်း ၅ သောင်းကျော် လည်ပတ်အသုံးပြုလျက်ရှိကြောင်း သိရသည်။


    အခမ်းအနားသို့ သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စီမံကိန်းကျေးရွာများမှ ကျေးရွာလုပ်ငန်းကော်မတီဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

  • စံချိန်မီ ဘောလုံးကွင်းတစ်ကွင်း ဖြစ်ပေါ်လာစေရန် စန္တားခမ်းရုမ်းကော်မတီအဖွဲ့မှ ပြန်လည်ပြုပြင်ဆောင်ရွက်

    စံချိန်မီ ဘောလုံးကွင်းတစ်ကွင်း ဖြစ်ပေါ်လာစေရန် စန္တားခမ်းရုမ်းကော်မတီအဖွဲ့မှ ပြန်လည်ပြုပြင်ဆောင်ရွက်

    စံချိန်မီ ဘောလုံးကွင်းတစ်ကွင်း ဖြစ်ပေါ်လာစေရန် စန္တားခမ်းရုမ်းကော်မတီအဖွဲ့မှ ပြန်လည်ပြုပြင်ဆောင်ရွက်

    ဇွန်လ ၂ ရက်၊ ၂၀၂၆ ခုနှစ်
    ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့၊ စန္တားခမ်း ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေး တပေါင်းကွင်း (ဒဲဉ်သီဗွေကွင့်) အတွင်းရှိ ဘောလုံးကွင်းအား စံချိန်မီဘောလုံးကွင်းတစ်ကွင်းအဖြစ် ပိုမိုကောင်းမွန်စွာ အသုံးပြုနိုင်စေရန် စန္တားခမ်းရုမ်းကော်မတီအဖွဲ့မှ မေလ ၃၁ ရက်နေ့ ၂၀၂၆-ခုနှစ်တွင် ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


    အဆိုပါ ပြန်လည်ပြုပြင်ရေးလုပ်ငန်းတွင် ကွင်းပြင်ညှိခြင်း၊ မြက်ခင်းစိုက်ပျိုးထိန်းသိမ်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရန် ဆောင်ရွက်ခြင်းနှင့် အားကစားသမားများ လေ့ကျင့်ယှဉ်ပြိုင်ရာတွင် အဆင်ပြေစေရန် လိုအပ်သည့် အခြေခံအဆောက်အအုံများကို အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


    ယင်းသို့ ပြုပြင်ဆောင်ရွက်ခြင်းဖြင့် ဒေသတွင်း လူငယ်များ၏ အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ကျန်းမာကြံ့ခိုင်သော လူငယ်များ ပေါ်ထွန်းလာစေရန်နှင့် အနာဂတ်တွင် ဒေသအဆင့်၊ ပြည်နယ်အဆင့်နှင့် နိုင်ငံအဆင့် ပြိုင်ပွဲများကို လက်ခံကျင်းပနိုင်မည့် ဘောလုံးကွင်းတစ်ကွင်း ဖြစ်ပေါ်လာစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း စန္တားခမ်းရုမ်းကော်မတီအဖွဲ့ထံမှ သိရသည်။
    ဒေသခံများကလည်း ယခုကဲ့သို့ ဘောလုံးကွင်း အဆင့်မြှင့်တင်ပြုပြင်ဆောင်ရွက်မှုသည် လူငယ်များအတွက် အားကစားလှုပ်ရှားမှုများ ပိုမိုတိုးတက်လာစေမည်ဖြစ်ပြီး ဒေသဖွံ့ဖြိုးရေးအတွက် အထောက်အကူဖြစ်စေမည်ဟု မျှော်လင့်ထားကြောင်း သိရသည်။


    စန္တာႏခမ်း

  • ပေါမူကျေးရွာတွင် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ပအိုဝ်းရိုးရာ မီးရှူး(လူးဖိုင်ꩻ)ပွဲတော် စည်ကားသိုက် မြိုက်စွာ ကျင်းပ

    ပေါမူကျေးရွာတွင် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ပအိုဝ်းရိုးရာ မီးရှူး(လူးဖိုင်ꩻ)ပွဲတော် စည်ကားသိုက် မြိုက်စွာ ကျင်းပ

    ပေါမူကျေးရွာတွင် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ပအိုဝ်းရိုးရာ မီးရှူး(လူးဖိုင်ꩻ)ပွဲတော် စည်ကားသိုက် မြိုက်စွာ ကျင်းပ

    မေလ ၃၀ ရက်၊ ၂၀၂၆-ခုနှစ်
    ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ နန်းဟူးကျေးရွာအုပ်စု၊ ပေါမူကျေးရွာတွင် ၁၃၈၈ ခုနှစ် နယုန်လပြည့်နေ့ကို ဂုဏ်ပြုသည့် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ပအိုဝ်းရိုးရာ မီးရှူး(လူးဖိုင်ꩻ)ပွဲတော်၊ ပရိယတ္တိစာအောင် သံဃာတော်များနှင့် သက္ကသိုလ်ဝင်တန်း ဘွဲ့ရကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုပေးပွဲ အခမ်းအနားကို မေလ ၃၀ ရက် နေ့လယ်ပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။


    အခမ်းအနားသို့ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ တောင်ကြီးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အမှတ်(၁) ခွန်ကြည်၊ အမှတ်(၂) ခွန်ဆောင်းရွှေ၊ တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်းနှင့် ပွဲတော်ကျင်းပရေးကော်မတီ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ဖဲကြိုးဖြတ်၍ ပွဲတော်ကို ဖွင့်လှစ်ပေးခဲ့ကြသည်။


    ထို့နောက် ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပွဲတော်ကျင်းပရေးကော်မတီမှ ရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
    ဆက်လက်၍ ဗုဒ္ဓပူဇနိယပွဲတော်၊ ပဌာန်းအောင်ပွဲနှင့် ပအိုဝ်းရိုးရာ မီးရှူး(လူးဖိုင်ꩻ)ပွဲတော် အထိမ်းအမှတ် အလှူပဒေသာများကို စည်ကားစွာ လှည့်လည်စီတန်းခဲ့ကြပြီး ပင့်ကျောင်းသံဃာတော်များနှင့် ကျောင်းပေါင်း (၄၀) ကျော်မှ သံဃာတော်များအား ဖူးမြော်ကြည်ညိုကာ တရားတော်များ နာယူခဲ့ကြကြောင်း သိရသည်။


    အဆိုပါပွဲတော်သည် ဗုဒ္ဓသာသနာတော် ထွန်းကားပြန့်ပွားရေး၊ ပအိုဝ်းရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ပရိယတ္တိစာအောင် ဘွဲ့ရသံဃာတော်များ၊ လူငယ်မျိုးဆက်သစ်များအား ပညာရေးနှင့် ပအိုဝ်းစာပေယဉ်ကျေးမှုဆိုင်ရာ ထူးချွန်မှုများကိုပါ နယုန်လပြည့်ကျော် ၁ ရက်နေ့ တွင် ဂုဏ်ပြုအားပေးနိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

  • ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ရှမ်းပြည်နယ် (တောင်ပိုင်း) ပြည်နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ

    ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ရှမ်းပြည်နယ် (တောင်ပိုင်း) ပြည်နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ

    ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ရှမ်းပြည်နယ် (တောင်ပိုင်း) ပြည်နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ


    ___________________________________________
    မေလ ၂၉ ရက်၊ ၂၀၂၆ ခုနှစ်
    ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ အထက(၁)ကျောင်း၌ ၂၀၂၆-၂၀၂၇ ပညာ သင်နှစ် ပြည်နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မေလ ၂၉ ရက် နံနက်ပိုင်းတွင် ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက အခမ်းအနားဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့သည်။

    အခမ်းအနားတွင် ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစိုင်းလုံကျော်၊ အရှေ့ပိုင်းတိုင်းစစ်ဌာန ချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်ဆန်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူနှင့် ပြည်နယ်ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ယဉ်မင်းစုတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။

    ထို့နောက် အထက(၁)တောင်ကြီးမှ ကျောင်းသား၊ ကျောင်းသူများက “ကမ္ဘာ့အဆင့်မီ ပညာရည်” သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။


    ဝန်ကြီးချုပ်က နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူသားအရင်းအမြစ်နှင့် ပညာရေးကဏ္ဍ၏ အရေးပါမှုကို အလေးထားပြောကြားခဲ့ပြီး KG+12 သင်ရိုးသစ်ကို အပြည့်အဝ အ ကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း၊ ၂၁ ရာစု ကျွမ်းကျင်မှုများနှင့် နိုင်ငံတကာအဆင့်မီ ပညာရေးရရှိစေရေး ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။


    ထို့ပြင် အခြေခံပညာကျောင်းများတွင် အခမဲ့ပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်နေပြီး ကျောင်းသား၊ ကျောင်းသူများအား ဗလာစာအုပ်၊ ဖတ်စာအုပ်၊ စာရေးကိရိယာနှင့် ကျောင်းဝတ်စုံများကို အခမဲ့ထောက်ပံ့ပေးလျက်ရှိကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။


    အခမ်းအနားအတွင်း အခမဲ့ပုံနှိပ်စာအုပ်များ၊ Grade-9 သင်ထောက်ကူပစ္စည်းများ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများနှင့် ကျောင်းဝတ်စုံများကို တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအား အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။