Author: niyo

  • ပအိုဝ်းစာပေနှင့်ယဉ်ကျေးမူအဖွဲ့(ဗဟို)၊ ကြက်ခြေနီအဖွဲ့၊ ဗိုလ်မှူး စောမောင်နှင့် လုံခြုံရေးအဖွဲ့တို့ဦးဆောင်ကာ နမ်းနေင်းရွာရှိ မိဘပြည်သူများ၏အခက်အခဲကို လာရောက်တွေ့ဆုံမေးမြန်း၍ လိုအပ်သည်များ လှူဒါန်း

    ပအိုဝ်းစာပေနှင့်ယဉ်ကျေးမူအဖွဲ့(ဗဟို)၊ ကြက်ခြေနီအဖွဲ့၊ ဗိုလ်မှူး စောမောင်နှင့် လုံခြုံရေးအဖွဲ့တို့ဦးဆောင်ကာ နမ်းနေင်းရွာရှိ မိဘပြည်သူများ၏အခက်အခဲကို လာရောက်တွေ့ဆုံမေးမြန်း၍ လိုအပ်သည်များ လှူဒါန်း

    ပအိုဝ်းစာပေနှင့်ယဉ်ကျေးမူအဖွဲ့(ဗဟို)၊ ကြက်ခြေနီအဖွဲ့၊ ဗိုလ်မှူး စောမောင်နှင့် လုံခြုံရေးအဖွဲ့တို့ဦးဆောင်ကာ နမ်းနေင်းရွာရှိ မိဘပြည်သူများ၏အခက်အခဲကို လာရောက်တွေ့ဆုံမေးမြန်း၍ လိုအပ်သည်များ လှူဒါန်း

    ===================================
    မေလ (၁၇)ရက် ၊ ၂၀၂၆ ခုနှစ်
    အထူးဒေသ (၆)၊ရှမ်းပြည်နယ်တောင်ပိုင်း ၊ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊နမ်းနေင်းရွာတွင် တောင်ကြီးမြို့ပအိုဝ်းစာပေနှင့်ယဉ်ကျေးမူအဖွဲ့(ဗဟို)၊ ကြက်ခြေနီအသင်းဖွဲ့၊ဗိုလ်မှူးစောမောင်နှင့် လုံခြုံရေးအဖွဲ့သို ဦးဆောင်ကာ နမ်းနေင်းရွာရှိ မိဘပြည်သူများကို လာရောက်တွေ့ဆုံမေးမြန်းကာ လိုအပ်သည်များ ကို လှူဒါန်းခဲ့ကြကြောင်း သိရှိရပါသည်။


    ပထမဦးစွာ နမ်းနေင်းဆရာတော်ထံမှ တရားနာယူကာ၊ငါပါးသီလခံယူခဲ့ကြပြီး နမ်းနေင်းရွာရှိ မိဘပြည်သူများသည် ပြီးခဲ့သည့် (၂၀၂၃)ခုနှစ်တွင် စစ်ရေးကြောင်း တိမ်းရှောင်ခဲ့ကြရပြီး ပြီးခဲ့သည့် (၄)လပိုင်းတွင် မိမိရပ်ရွာသို အကုန်နီးပါးပြန်လည်ရောက်ရှိနေထိုင်ခဲ့ကြကြောင်းသိရှိရသည်။ထိုရွာတွင် အိမ်ခြေပေါင်း (၃၆၇)အိမ်ခန့်ရှိပြီး အိမ်ခြေ (၁၂၃)ခန့်က ပျက်စီးခဲ့ကြကြောင်း သိရှိရပါသည်။


    ထိုအဖွဲ့များသည် နမ်းနေင်းရွာရှိ မိဘပြည်သူများ ၏ အခက်အခဲများကို မေးမြန်းခဲ့ပြီး ဒေသခံများမှလည်း မိမိတို့ ဆန်၊ဆီ၊ဆား စသောအစားအစာများလိုအပ်ကြောင်းနှင့် အိမ်ဆောက်ရန် မိုးကာများ လိုအပ်ကြောင်း တင်ပြခဲ့ကြသည်။


    အဆိုပါအဖွဲ့ကို တောင်ကြီးမြို့ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမူအဖွဲ(ဗဟို)ဥက္ကဋ္ဌ ဖြားတန်ခွန်ဝင်းကိုမှ (၁)သိန်း၊တောင်ကြီးမြို့နယ် (ခွန်လေဆာ(ခွန်လှဖေ) + နန်းပူးလေး)တို့မှ (၁၄)သိန်း၊တာချီလိတ်မြို့ (PNO)စီးပွားရေး နှင့်ဆက်ဆံရေးရုံးမှ (၁၀)သိန်း ပါဝင်ပံ့ပိုးခဲ့ကြကြောင်း သိရသည်။

    ထို့နောက် အဆိုပါအဖွဲ့များသည် နမ်းနေင်းရွာရှိ မိဘပြည်သူများအတွက် ဆန် (၂၄)ပြည်အိတ် ၂၇အိတ်၊ဆား ၃ အိတ်၊ဆပ်ပြာ ၄အိတ်နှင့်တကိုယ်ရေသုံး ပစ္စည်းဘူး (၂၀) နှင့် ကြာဇံထုပ်များစွာ လှူဒါန်း ခဲ့ကြကြောင်း သိရှိရပါသည်။

  • နန်းတိုင်းဒေသတွင်လူငယ်ပညာရေးအခွင့်အလမ်း ဟောပြောပွဲကျင်းပ

    နန်းတိုင်းဒေသတွင်လူငယ်ပညာရေးအခွင့်အလမ်း ဟောပြောပွဲကျင်းပ

    နန်းတိုင်းဒေသတွင်လူငယ်ပညာရေးအခွင့်အလမ်း ဟောပြောပွဲကျင်းပ

    =============================
    မေလ၁၇ရက်၊၂၀၂၆၊
    ကလောပအိုဝ်းစာပေယဉ်ကျေးမှုအဖွဲ့(ဗဟို)နှင့် ကလောမြို့နယ်ပအိုဝ်းစာပေယဉ်ကျေးမှုအဖွဲ့ ပူးပေါင်းစီစဉ်မှုဖြင့် လူငယ်ပညာရေးအခွင့်အလမ်းနှင့်လူငယ်နှင့်လူမှုစီးပွါးခေါင်းစဉ်ဖြင့် ကလောမြို့နယ် နန်းတိုင်း(တရျက်ꩻ)ကျေးရွာ အုပ်စု ဘော်နှင်းကုန်းကျေးရွာမာ ဟောပြောပွဲကျင်းပပြု လုပ်ခဲ့ပါသည်။


    ဟောပြောပွဲတွင် ပအိုဝ်းစာပေယဉ်ကျေးမှုအဖွဲ့(ဗဟို)မှ ဆရာခွန်မောင်ဘော်နှင့်ဆရာမနန်းခံႏထဉ်ႏ(နန်းခမ်းထယ်)တို့သည် နိုင်ငံတကာပညာသင်ယူခွင့်အကြောင်းအ ရာများဟောပြောပြီး ဆရာခွန်ထွန်းငြိမ်း(ကိုငြိမ်း)ဆိုက်ခေါင်မှ လူငယ်နှင့်လူမှုစီးပွါးအကြောင်းအရာများ လူငယ်များကြုံတွေ့နေရသည့် အလုပ်အကိုင်အခက်အခဲများ လူငယ်သိလိုသည်များကိုအပြန်အလှန်ဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်းနှင့်ကလောမြို့မဆရာတော် ဦးဝိမလသာရမှလူငယ်များကိုအားပေးသြဝါဒစကားမြွက်ကြားခဲ့ကြောင်းသိရသည်။


    ထို့နောက် ပအိုဝ်းကြက်ခြေနီအသင်း မွိုးယံပိ တောင်ကြီးမှ အလုပ်သမားအခွင့်အရေးအကြောင်းအရာများကိုအကျယ် တဝင့်ဟောပြောပေးခဲ့ရာ ယနေ့ဟောပြောပွဲကို ကလော နောင်တရား ပင်လောင်းစသည့် (၁၀)တန်း (၁၁)တန်း (၁၂)တန်းတက်ရောက်ဖူးသည့်လူငယ်များနှင့်တက္ကသိုလ်ကျောင်းသား/သူများ ကျေးရွာလူငယ်ခေါင်းဆောင်နှင့်ရပ်မိရပ်ဖများ(၁၀၀)ဝန်းကျင်တက်ရောက်ခဲ့ပြီး ဟောပြော ပွဲကိုနံနက်(၉)နာရီမှ ညနေ(၃)နာရီထိကျင်းပကြောင်းသိရသည်။

  • ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ပွဲ၌ ရှမ်းပြည်နယ်ဝန်ကြီးချုပ် စိုင်းထိန်စိုး အမှာစကားပြောကြား

    ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ပွဲ၌ ရှမ်းပြည်နယ်ဝန်ကြီးချုပ် စိုင်းထိန်စိုး အမှာစကားပြောကြား

    ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ပွဲ၌ ရှမ်းပြည်နယ်ဝန်ကြီးချုပ် စိုင်းထိန်စိုး အမှာစကားပြောကြား

    ——————-
    မေလ(၁၆)ရက်၊ ၂၀၂၆
    ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ လွိုင်လင်ခရိုင်ဘဏ်ခွဲမှ ကြီးမှူး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ ရက်ပေါင်း (၁၀၀) စီမံချက်အရ ဆောင်ရွက်သည့် ၂၀၂၆ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် စိုင်းထိန်စိုး တက်ရောက် အမှာစကား ပြောကြားခဲ့ပါသည်။


    အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာ၌ ဒေသခံတောင်သူလယ်သမားများ မိုးရာသီစိုက်ပျိုးချိန်တွင် အရင်းအနှီး အဆင်ပြေစေရန်၊ စိုက်ပျိုးစီးပွား မြှင့်တင်နိုင်ရန်နှင့် သတ်မှတ်ကာလအတွင်း အချိန်မီ စိုက်ပျိုးနိုင်ရန်အတွက် ယခုကဲ့သို့ စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးရခြင်းဖြစ်ကြောင်းသိရပါသည်။

    ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တက်ရောက်လာကြသော ဒေသခံတောင်သူများထံသို့ (၂၀၂၆ ) ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ကြသည်။


    အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ ၊ လွိုင်လင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ခွန်အောင်ဆန်း၊ လွိုင်လင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ခွန်သက်နိုင်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်အဆင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ လွိုင်လင်မြို့နယ်အတွင်းရှိ ဒေသခံတောင်သူလယ်သမားများနှင့် ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

  • အင်းလေးဒေသ လမ်း၊ ဆည်မြောင်းနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအား ဝန်ကြီးများအဖွဲ့ ကွင်းဆင်းစစ်ဆေး

    အင်းလေးဒေသ လမ်း၊ ဆည်မြောင်းနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအား ဝန်ကြီးများအဖွဲ့ ကွင်းဆင်းစစ်ဆေး

    အင်းလေးဒေသ လမ်း၊ ဆည်မြောင်းနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအား ဝန်ကြီးများအဖွဲ့ ကွင်းဆင်းစစ်ဆေး

    ————————
    မေလ(၁၆)ရက်၊ ၂၀၂၆ခုနှစ်
    ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေ၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်သန်းထူး၊ အင်းသားတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်တင်တင်ရီနှင့် တိုင်းရင်းသားဝန်ကြီးများအဖွဲ့သည် အင်းလေးဒေသအတွင်းရှိ လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးရေး၊ ဆည်မြောင်းနှင့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။


    နံနက် (၇:၃၀) နာရီအချိန်တွင် အင်းတိန်ရေလွဲဆည်လုပ်ငန်း ခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး၊ ဆက်လက်၍ နံနက် (၁၀:၃၀) နာရီအချိန်တွင် ဖောင်တော်ဦးဘုရားသို့ ရောက်ရှိကာ တည်ဆောက်ရေးလုပ်ငန်းများနှင့် နုန်းဆယ်ယူမှုလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

    ထို့နောက် မွန်းလွဲ (၁၂:၀၀) နာရီအချိန်တွင် လွယ်တန့်နုန်းထိန်းတမံသို့ သွားရောက်၍ သဲနုန်းတူးဖော်ခြင်းလုပ်ငန်းများ၊ ရေစီးရေလာကောင်းမွန်ရေးဆောင်ရွက်နေမှုများနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။


    ခရီးစဉ်အတွင်း တာဝန်ရှိဝန်ကြီးများက လုပ်ငန်းများ အချိန်မီပြီးစီးရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများအကျိုးရှိစေရေးအတွက် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

  • ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးနှင့် လွိုင်လင်ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် တွေ့ဆုံ

    ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးနှင့် လွိုင်လင်ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် တွေ့ဆုံ

    ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးနှင့် လွိုင်လင်ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် တွေ့ဆုံ

    ————————
    မေလ ၁၆ရက်၊ ၂၀၂၆ခုနှစ်
    ရှမ်းပြည်နယ်(တောင်ပိုင်း)၊လွိုင်လင်မြို့ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးနှင့် လွိုင်လင်ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ တွေ့ဆုံပွဲအခမ်းအနား ပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။


    ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးမှ အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။

    တွေ့ဆုံပွဲမှာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးကြည်မြင့်မှ လွိုင်လင် ခရိုင်၏ အုပ်ချုပ်ရေး၊ စီးပွားရေး၊လူမှုရေးဆိုင်ရာကိစ္စရပ်များ ပြည်သူ့ လွှတ်တော် ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက လွိုင်လင်မြို့၏ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လိုအပ် ချက်များကို ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေး တင်ပြခဲ့ကြောင်းသိရပါသည်။

    ထို့နောက် တက်ရောက်လာကြသည့် ခရိုင်အဆင့်ဌာနဆိုင်ရာများမှ ဆွေးနွေးတင်ပြခဲ့ကြကာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများမှ တင်ပြချက်များအပေါ် ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

    နောက်ဆုံးတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပြီး အခမ်းအနားအား အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

  • ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးနှင့်ရှမ်းပြည်အစိုးရအဖွဲ့ ပင်လုံမြို့သို့ မန်ဆူဆရာတော် ဒေါက်တာဘဒ္ဒန္တပုညနန္ဒ သွားရောက်ကန်တော့

    ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးနှင့်ရှမ်းပြည်အစိုးရအဖွဲ့ ပင်လုံမြို့သို့ မန်ဆူဆရာတော် ဒေါက်တာဘဒ္ဒန္တပုညနန္ဒ သွားရောက်ကန်တော့

    ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးနှင့်ရှမ်းပြည်အစိုးရအဖွဲ့ ပင်လုံမြို့သို့ မန်ဆူဆရာတော် ဒေါက်တာဘဒ္ဒန္တပုညနန္ဒ သွားရောက်ကန်တော့

    ———————————————————————-
    မေလ ၁၆ရက်၊ ၂၀၂၆ခုနှစ်
    ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ ဒီကနေ့မေလ(၁၆)ရက်၊ (၂၀၂၆)ခုနှစ် မေတ္တာအေးရိပ် ဝမ်းလုံပရဟိတကျောင်းမှာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး နှင့် ရှမ်းပြည်အစိုးရအဖွဲ့ မှ မန်ဆူဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဍတိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာကမ္မဌာနာစရိယ ဒေါက်တာဘဒ္ဒန္တပုညနန္ဒ ကို လှူဖွယ်ဝတ္ထုပစ္စည်းနှင့် နဝကမ္မအလှူငွေများဖြင့် သွားရောက် ကြည်ညိုကန်တော့ခဲ့ကြကြောင်းသိရပါသည်။


    မေတ္တာအေးရိပ် ဝမ်းလုံပရဟိတကျောင်းမှာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးကို လွိုင်လင်မြို့နယ်၊ ပြည်သူ့လွှတ်တော် ခွန်အောင်ဆန်း၊လွိုင်လင်မြို့နယ် ပြည်နယ်လွှတ်တော် ခွန်သက်နိုင်၊ ဌာနပေါင်းစုံ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရှမ်းတိုင်းရင်းသား၊ ပအိုဝ်းစာပေနှင့်ယဥ်ကျေးမှုအဖွဲ့၊ တောင်ရိုးစာပေနှင့်ယဥ်ကျေးမှုအဖွဲ့ ၊ ယင်းစာပေနှင့်ယဥ်ကျေးမှုအဖွဲ့ တို့က လှိုက်လှဲစွာကြိုဆိုခဲ့ကြပါသည်။
    ရှေးဦးစွာ ဆရာတော်ဦီးဆောင်ပြီး ကျောင်းဆောင်ရှေ့မှာ သစ်တောဦးစီးဌာနမှ လှူဒါန်းထားသောအပင်များကို မြေချစိုက်ပျိုးပြီး အတူတကွရေလောင်းခဲ့ကြပါသည်။


    ထို့နောက် ဝန်ကြီးချူပ်နှင့်အဖွဲ့၊ (S.S.S)ဥက္ကဋ္ဌ ဦးမဟာဂျာတို့က ဆရာတော်ကို လှူဖွယ်ဝတ္ထုပစ္စည်းနှင့် နဝကမ္မအလှူငွေများဆက်ကပ်လှူဒါန်းခဲ့ပြီး နေ့လည်ဆွမ်း ကပ်လှူခဲ့ကြပါသည်။

    ဆက်လက်၍ ဝန်ကြီးနှင့်ဧည်သည့်တော်များကို လက်ဆောင်ပေးအပ်ခဲ့ပြီး မန်ဆူဆရာတော် ဒေါက်တာဘဒ္ဒန္တပုညနန္ဒ သည် မေတ္တာအေးရိပ် ဝမ်းလုံပရဟိတကျောင်း ၏ ပရဟိတလုပ်ငန်းများနှင့် သာသနာရေးဆိုင်ရာကိစ္စရပ်များတွင် ဦးဆောင်လှုပ်ရှားလျက်ရှိကြောင်းသိရပါသည်။

  • ပင်လုံမြို့ ၊(၆၈)ကြိမ်မြောက် သျှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလစာပွဲတော် စာအောင်သံဃာတော် အရှင်သူမြတ်များအား အောင်လက်မှတ်နှင့် ဆုတော်ဆပ်ကပ်ခြင်း အခမ်းအနားကျင်းပ

    ပင်လုံမြို့ ၊(၆၈)ကြိမ်မြောက် သျှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလစာပွဲတော် စာအောင်သံဃာတော် အရှင်သူမြတ်များအား အောင်လက်မှတ်နှင့် ဆုတော်ဆပ်ကပ်ခြင်း အခမ်းအနားကျင်းပ

    ပင်လုံမြို့ ၊(၆၈)ကြိမ်မြောက် သျှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလစာပွဲတော် စာအောင်သံဃာတော် အရှင်သူမြတ်များအား အောင်လက်မှတ်နှင့် ဆုတော်ဆပ်ကပ်ခြင်း အခမ်းအနားကျင်းပ

    မေလ ၁၅ရက်၊ ၂၀၂၆ခုနှစ်
    သျှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင် ၊ လွိုင်လင်မြို့နယ် ၊ပင်လုံမြို့၌ (၁၃၈၈)ခုနှစ် ၊ ကဆုန်လကွယ်(၁၅-၅-၂ဝ၂၆)သောကြာနေ့မှာ (၆၈)ကြိမ်မြောက် သျှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလစာပွဲတော် စာအောင်သံဃာတော် အရှင်သူမြတ်များအား အောင်လက်မှတ်နှင့် ဆုတော်ဆပ်ကပ်ခြင်း အခမ်းအနားကျင်းပခဲ့ကြောင်းသိရပါသည်။

    အခမ်းအနားကို နံနက်(၉းဝဝ)နာရီ မှ (၁၁းဝဝ)နာရီ အထိ သုဝဏ္ဏဘူမိကျောင်းဆောင် ၊ ပိဋကတ်ကျောင်း မှာ သံဃာတော်များ ကို လွိုင်လင်မြို့နယ်၊ ပြည်နယ်လွှတ်တော် ခွန်သက်နိုင်၊ လွိုင်လင်မြို့နယ် ခရိုင်အုပ်ချုပ်ရေးမှူးဦးကြည်မြင့် ၊ လွိုင်လင်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းထွဋ်၊ ဦးစိုင်းရွှေထွန်း၊ ဗိုလ်ကြီးခွန်မောင်လှတို့မှ ဆွမ်းတော်ကပ်ခြင်း၊ ပရိသတ်များကို ဧည့်ခံကျွေးမွေးခြင်းပြုလုပ်ခဲ့ပါသည်။


    နေ့လည်ပိုင်း (၁၂းဝဝ)နာရီမှာ နာယကဆရာတော် နှင့် ပုစ္ဆက စာထောက်စာမ ဆရာတော်များအား မွေတော်ကျောင်း ဓမ္မာရုံတော်မှ ပိဋကတ်ကျောင်း သုဝဏ္ဏဘူမိ ဓမ္မာရုံတော်သို့ ပင့်ဆောင်ခြင်း၊ ဓမ္မာစရိယစာမေးပွဲ စာချတန်းအောင် အရှင်သူမြတ်(၅)ပါးတို့အား အခမ်းအနားကျင်းပရာသို့ သတ်မှတ်နေရာ သည့်နေရာတွင် ပင့်ဆောင်နေရာယူခြင်း၊ အတန်းအသီးသီးမှ စာအောင်သံဃာတော်အရှင်သူမြတ်များအား ပင့်ဆောင်ခြင်း၊ စာချတန်းအောင် သံဃာတော်များ၏ ထေရုပ္ပတ္တိ ဖတ်ကြားခြင်း၊ ပရိယတ္တိသဒ္ဓမ္မပါလစာပွဲတော် စာအောင်သံဃာတော် အရှင်သူမြတ်များအား အောင်လက်မှတ်နှင့် ဆုတော်ဆပ်ကပ်ခြင်း အခမ်းအနားကျင်းပခဲ့ကြောင်းသိရပါသည်။


    ( ၁၃၈၇) ခုနှစ် (၆၇) ကြိမ်မြောက် ပရိယတ္တိသဒ္ဓမ္မပါလဓမ္မာစရိယစာမေးပွဲ စာချတန်းအောင် အရှင် သူမြတ်(၅)ပါးတို့နှင့် အတန်းအသီးသီးမှ စာအောင်သံဃာတော်အရှင်သူမြတ်များအား စာပွဲတော်သံဃာဥက္ကဋ္ဌ၊ လွိုင်လင်မြို့ခရိုင်အုပ်ချုပ်ရေးမှူး၊ ပင်လုံမြို့တပ်ရင်းမှူး အမှတ်(၂) ဝန်တင်တပ်ရင်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ လွိုင်လင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး၊ ပင်လုံမြို့ မြို့အုပ်ချုပ်ရေးမှုးတို့မှ အောင်လက်မှတ်၊ ဘွဲ့တံဆိပ်သေတ္တာ၊ တံဆိပ်တုံး နှင့် ဆုတော်များ ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။

    စာချတန်းအောင် အရှင်သူမြတ်(၅)ပါးနှင့် အတန်းအသီးသီးမှ စာအောင်သံဃာတော်အရှင်သူမြတ်များအား ပင့်ဆောင်နေစဥ်မှာ ဒါကာ၊ ဒါယိကာမ၊ ဧည့်သည်တော်များမှ ပန်းစည်း၊ လှူဖွယ်ဝတ္ထုအစုစု တို့ဖြင့် ကြည်ညို လှူဒါန်းခဲ့ကြပါသည်။

    နောက်ပိုင်းမှာ ပန်းဖကာလုံးစာရေး စင်အွန်လှိုင်းမှ ဦးဆောင်၍ ရတနာတော်မြတ်သုံးပါးတို့အကန်တော့ကာ ရှမ်းပြည်နယ်လုံးဆိုင်ရာ လွိုင်လင်မြို့ သံဃာအဖွဲ့ချုပ် မဟာနာယကဆရာ အာနန္ဒာ ဗုဒ္ဓကောလိပ် သာသနဝိပုလဓာတ်တော်ကျောင်းတိုက် ထံမှ ငါးပါးသီလခံယူ ဆောက်တည်ခြင်း၊သံဃာတော်အရှင်သူမြတ်များထံမှ ပရိတ်တရားတော် နာယူခြင်း၊ နှင့်
    ဘဒ္ဒန္တ D.r. Prof ဓမ္မသာမိ(အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ) သျှာမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်၏ အဓိပတိ ဆရာတော်ဘုရားထံမှ သြဝါဒဓမ္မကထာ နာယူခဲ့ကြပြီး
    လူနတ်ဗြဟ္မာသတ္တဝါတို့အား ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်းသိရပါသည်။

    ထိုနောက် စာပွဲတော် သံဃဩဝါဒခံ ဥက္ကဋ္ဌ ဦးစိုင်းဆန်လိတ် မှ ကျေးဇူးတင်စကား လျှောက်ထားပြီး
    ရတနာတော်မြတ်သုံးပါးတို့အား ပြန်လည်ကန်တော့၍ ဆရာ နှင့် ဒကာများ “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွက်ဆို၍ (၆၈) ကြိမ်မြောက် စာပွဲတော် အောင်မြင်ပြီးဆုံးကြောင်း ကြေငြာခဲ့ပါသည်။
    စာချတန်းအောင် အရှင်သူမြတ်(၅)ပါးမှာ အရှင်သုနန္ဒာဘိပါလ၊ အရှင်အာဇေယျာဘိပါလ၊ အရှင်ဝိဇာရာဘိပါလ၊ အရှင် ဥာဏသာမီဘိပါလ နှင့် အရှင်ဝိဇ္ဇောတာဘိပါလ တို့ဖြစ်ကြပြီး အတန်းအသီးသီးမှ စာအောင်သံဃာတော်အရှင်သူမြတ်များမှာ A Star (၇)ပါး စုစုပေါင်း (၆၇၁)ပါး အောင်လက်မှတ် နှင့် ဆုတော် ဆပ်ကပ်ခဲ့ကြောင်းသိရပါသည်။


    ဤပွဲကို လွိုင်လင်မြို့နယ်၊ ပြည်နယ်လွှတ်တော် ခွန်သက်နိုင်၊ လွိုင်လင်မြို့နယ် ခရိုင်အုပ်ချုပ်ရေးမှူးဦးကြည်မြင့် ၊ လွိုင်လင်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းထွဋ်၊ ဦးစိုင်းရွှေထွန်း၊ ဗိုလ်ကြီးခွန်မောင်လှ၊ ဌာနဆိုင်ရာပေါင်းစုံမှ တာဝန်ရှိပုဂ္ဂိုလ်များ နှင့် ဒေသခံမိဘပြည်သူများ တက်ရောက်ခဲ့ကြပါသည်။

  • ပင်လုံမြို့၌ တတိယည ရှမ်းပြည်နယ်လုံးဆိုင်ရာ  (၆၈) ကြိမ်မြောက် ပရိယတ္တိသဒ္ဓမ္မပါလစာပွဲတော် ၏ အထူးတရားပွဲမှာ အောက်စ်ဖို့ဒ်ဆရာတော် ဘဒ္ဒန္တဒေါက်တာဓမ္မသာမိ ကြွရောက်ဟောကြား

    ပင်လုံမြို့၌ တတိယည ရှမ်းပြည်နယ်လုံးဆိုင်ရာ (၆၈) ကြိမ်မြောက် ပရိယတ္တိသဒ္ဓမ္မပါလစာပွဲတော် ၏ အထူးတရားပွဲမှာ အောက်စ်ဖို့ဒ်ဆရာတော် ဘဒ္ဒန္တဒေါက်တာဓမ္မသာမိ ကြွရောက်ဟောကြား

    ပင်လုံမြို့၌ တတိယည ရှမ်းပြည်နယ်လုံးဆိုင်ရာ (၆၈) ကြိမ်မြောက် ပရိယတ္တိသဒ္ဓမ္မပါလစာပွဲတော် ၏ အထူးတရားပွဲမှာ အောက်စ်ဖို့ဒ်ဆရာတော် ဘဒ္ဒန္တဒေါက်တာဓမ္မသာမိ ကြွရောက်ဟောကြား

    မေလ ၁၅ရက်၊ ၂၀၂၆ခုနှစ်
    ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လုံမြို့ ၌ သာသနာတော်နှစ်( ၂၅၇၀)၊ ကောဇာသက္ကရာဇ် (၁၃၈၈) ခုနှစ်၊ ကဆုန်လပြည့်ကျော် (၁၄)ရက် (၁၄.၅.၂၀၂၆)−ညမှာ ရှမ်းပြည်နယ်လုံးဆိုင်ရာ (၆၈) ကြိမ်မြောက် ပရိယတ္တိသဒ္ဓမ္မပါလစာပွဲတော် ၏ အထိမ်းအမှတ် ညအထူးတရားပွဲမှာ အောက်စ်ဖို့ဒ်ဆရာတော် ဘဒ္ဒန္တဒေါက်တာဓမ္မသာမိ ကြွရောက်စောကြားခဲ့ပါသည်။


    အထူးတရားပွဲကို ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်တည်ထောင်သူ ကမ္ဘာ့ဗုဒ္ဓသာသနာပြု အောက်စ်ဖို့ဒ်ဆရာတော် ဘဒ္ဒန္တဒေါက်တာဓမ္မသာမိ (မဟာဂန္ထဝါစကပဏ္ဍိတ၊ မဟာဓမ္မကထိကဗဟုဇနဟိဓရ) မှ ပင်လုံမြို့၊ မဟာရဌာဘိသာမဂ္ဂီစေတီတော် သာသနရက္ခိတ ဓမ္မဗိမာန်အတွင်း ည (၇:၁၅)မှ (၉:၁၅ )အထိ တရားတော်ကို projector , videos clip ဖြင့် ရှင်းလင်းဟောကြားပေးခဲ့ပြိီးမှာ တရားထိုင်ခြင်းနှင့် ဓမ္မပူဇာအလှူတော်ငွေ ဆပ်ကပ်ခဲ့ကြောင်းသိရပါသည်။


    အစီအစဥ်နောက်ဆုံးညမှာ မေလ (၁၂)ရက် ကနေစပြီး (၁၄)ရက်ညထိ တရားပွဲကျင်းပရာ ပင်လုံမြို့ မဟာရဋ္ဌသာမဂ္ဂီ စေတီတော်၌ မြန်မာဘာသာ၊ ပင်လုံမွေတော် ကျောင်း၌ ရှမ်းဘာသာဖြင့် တာဝန်ကျဆရာတော်များမှ တရားတော် ဟောကြား ခဲ့ကြောင်းသိရပါသည်။


    တရားပွဲကို ဘုရားဂေါပဂအဖွဲ့၊ သီလရှင်နှင့် မြို့မိမြို့ဖများ လာရောက်တရားတော်နာယူကြကြောင်းသိရပါသည်။ တရားပွဲတော်ကို လာရောက်နာယူသူများပြား ဒါကိုတွေ့ရပါသည်။

  • ရက်(၁၀၀) စီမံကိန်းလမ်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးမှုအား လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပတ်ဆက်သွယ်ရေးဝန်ကြီးခွန်သန်းထူး ကွင်းဆင်းစစ်ဆေး

    ရက်(၁၀၀) စီမံကိန်းလမ်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးမှုအား လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပတ်ဆက်သွယ်ရေးဝန်ကြီးခွန်သန်းထူး ကွင်းဆင်းစစ်ဆေး

    ရက်(၁၀၀) စီမံကိန်းလမ်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးမှုအား လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပတ်ဆက်သွယ်ရေးဝန်ကြီးခွန်သန်းထူး ကွင်းဆင်းစစ်ဆေး

    ————————
    မေလ(၁၄)ရက်၊ ၂၀၂၆
    ရှမ်းပြည်နယ်တောင်ပိုင်းအတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ရက်(၁၀၀) စီမံကိန်းလမ်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးမှုအခြေအနေအား ပြည်နယ်အစိုးရ အဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပတ်ဆက်သွယ်ရေးဝန်ကြီး ဦးခွန်သန်းထူးက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

    စစ်ဆေးရာတွင် တောင်ကြီး–စလဲ–လဲသက်လမ်း အပိုင်းရှိ (၄.၀၂၀ – ၄.၄၂၀) ကီလိုမီတာအတွင်း လမ်းအကျယ် (၁၈.၂၈) မီတာအထိ တိုးချဲ့ကာ (၅.၅) မီတာအကျယ် ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းနှင့် ပလီလင်းကျေးရွာအတွင်း (၁၅၀) မီတာ လမ်းခင်းခြင်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး အဆိုပါလုပ်ငန်းများမှာ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။


    ထို့နောက် ဝန်ကြီးက လမ်းအရည်အသွေး ကောင်းမွန်စေရေး၊ ရေရှည်အသုံးပြုနိုင်ရေးနှင့် ပြည်သူများ သွားလာမှုအဆင်ပြေစေရေးတို့အတွက် လိုအပ်သည်များ မှာကြားခဲ့ကြောင်းသိရသည်။

  • ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှု ထွန်းကားပြန့်ပွားရေးအတွက် မြို့နယ်အဆင့် ဆရာဖြစ်သင်တန်း ဖွင့်လှစ်

    ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှု ထွန်းကားပြန့်ပွားရေးအတွက် မြို့နယ်အဆင့် ဆရာဖြစ်သင်တန်း ဖွင့်လှစ်

    ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှု ထွန်းကားပြန့်ပွားရေးအတွက် မြို့နယ်အဆင့် ဆရာဖြစ်သင်တန်း ဖွင့်လှစ်

    မေလ (၁၄)ရက်၊ ၂၀၂၆
    အထူးဒေသ(၆)၊ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျောက်တလုံးမြို့နယ်၊ နာရီကျေးရွာအုပ်စု၊ ဟမ်းဆီကျေးရွာ ၊ ဟမ်းဆီးပညာရေးဘော်ဒါဆောင်အတွင်း၌ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှု(ဗဟို)မှ ဦးဆောင်ကျင်းပသော မြို့နယ်အဆင့် ဆရာဖြစ့် ဆင့်ပွါးသင်တန်းကို ယနေ့ မေလ(၁၄)ရက်၊၂၀၂၆ တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

    ရှေးဦးစွာ အခမ်းအနားကို တက်ရောက်လာကြသော ဧည့်ပရိသတ်အပေါင်းတို့က “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ စတင်ဖွင့်လှစ်ခဲ့ပြီး ပင့်ဖိတ်ထားသော ဆရာတော် သီရိဓမ္မ နှင့် ဆရာတော် စိဏ္ဏမဏိတို့က သင်တန်းသား၊ သင်တန်းသူများအား သာသနာရေးနှင့် စာပေယဉ်ကျေးမှုဆိုင်ရာ သြဝါဒတရားများ အသီးသီးမိန့်ကြားတော်မူခဲ့ကြပါသည်။


    ထို့နောက် ဆရာတော် ပညာလောက က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ပအိုဝ်းစာပေ မြှင့်တင်ရေးတွင် ဆရာ၊ ဆရာမများ၏ အခန်းကဏ္ဍ အရေးကြီးပုံကို သြဝါဒစကား မိန့်ကြားကာ တိုက်တွန်းအားပေးခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

    ယခုဖွင့်လှစ်သည့် မြို့နယ်အဆင့် ဆရာဖြစ်ဆင့်ပွားသင်တန်းကို မေလ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့အထိ (၃) ရက်တိုင်တိုင် ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းသားအယောက်(၇၀)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါအခမ်းအနားသို့ နာရီကျေးရွာအုပ်စုအတွင်းရှိ သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ ဆရာတော်များ၊ သင်တန်းတက်ရောက်မည့် သင်တန်းသူသင်တန်းသားများ ၊သတင်းမီဒီယာအဖွဲ့များ၊ ဒေသခံရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြောင်း သတင်းသိရှိရပါသည်။