ပင်လုံမြို့ ၊(၆၈)ကြိမ်မြောက် သျှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလစာပွဲတော် စာအောင်သံဃာတော် အရှင်သူမြတ်များအား အောင်လက်မှတ်နှင့် ဆုတော်ဆပ်ကပ်ခြင်း အခမ်းအနားကျင်းပ


မေလ ၁၅ရက်၊ ၂၀၂၆ခုနှစ်
သျှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင် ၊ လွိုင်လင်မြို့နယ် ၊ပင်လုံမြို့၌ (၁၃၈၈)ခုနှစ် ၊ ကဆုန်လကွယ်(၁၅-၅-၂ဝ၂၆)သောကြာနေ့မှာ (၆၈)ကြိမ်မြောက် သျှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလစာပွဲတော် စာအောင်သံဃာတော် အရှင်သူမြတ်များအား အောင်လက်မှတ်နှင့် ဆုတော်ဆပ်ကပ်ခြင်း အခမ်းအနားကျင်းပခဲ့ကြောင်းသိရပါသည်။

အခမ်းအနားကို နံနက်(၉းဝဝ)နာရီ မှ (၁၁းဝဝ)နာရီ အထိ သုဝဏ္ဏဘူမိကျောင်းဆောင် ၊ ပိဋကတ်ကျောင်း မှာ သံဃာတော်များ ကို လွိုင်လင်မြို့နယ်၊ ပြည်နယ်လွှတ်တော် ခွန်သက်နိုင်၊ လွိုင်လင်မြို့နယ် ခရိုင်အုပ်ချုပ်ရေးမှူးဦးကြည်မြင့် ၊ လွိုင်လင်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းထွဋ်၊ ဦးစိုင်းရွှေထွန်း၊ ဗိုလ်ကြီးခွန်မောင်လှတို့မှ ဆွမ်းတော်ကပ်ခြင်း၊ ပရိသတ်များကို ဧည့်ခံကျွေးမွေးခြင်းပြုလုပ်ခဲ့ပါသည်။


နေ့လည်ပိုင်း (၁၂းဝဝ)နာရီမှာ နာယကဆရာတော် နှင့် ပုစ္ဆက စာထောက်စာမ ဆရာတော်များအား မွေတော်ကျောင်း ဓမ္မာရုံတော်မှ ပိဋကတ်ကျောင်း သုဝဏ္ဏဘူမိ ဓမ္မာရုံတော်သို့ ပင့်ဆောင်ခြင်း၊ ဓမ္မာစရိယစာမေးပွဲ စာချတန်းအောင် အရှင်သူမြတ်(၅)ပါးတို့အား အခမ်းအနားကျင်းပရာသို့ သတ်မှတ်နေရာ သည့်နေရာတွင် ပင့်ဆောင်နေရာယူခြင်း၊ အတန်းအသီးသီးမှ စာအောင်သံဃာတော်အရှင်သူမြတ်များအား ပင့်ဆောင်ခြင်း၊ စာချတန်းအောင် သံဃာတော်များ၏ ထေရုပ္ပတ္တိ ဖတ်ကြားခြင်း၊ ပရိယတ္တိသဒ္ဓမ္မပါလစာပွဲတော် စာအောင်သံဃာတော် အရှင်သူမြတ်များအား အောင်လက်မှတ်နှင့် ဆုတော်ဆပ်ကပ်ခြင်း အခမ်းအနားကျင်းပခဲ့ကြောင်းသိရပါသည်။


( ၁၃၈၇) ခုနှစ် (၆၇) ကြိမ်မြောက် ပရိယတ္တိသဒ္ဓမ္မပါလဓမ္မာစရိယစာမေးပွဲ စာချတန်းအောင် အရှင် သူမြတ်(၅)ပါးတို့နှင့် အတန်းအသီးသီးမှ စာအောင်သံဃာတော်အရှင်သူမြတ်များအား စာပွဲတော်သံဃာဥက္ကဋ္ဌ၊ လွိုင်လင်မြို့ခရိုင်အုပ်ချုပ်ရေးမှူး၊ ပင်လုံမြို့တပ်ရင်းမှူး အမှတ်(၂) ဝန်တင်တပ်ရင်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ လွိုင်လင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး၊ ပင်လုံမြို့ မြို့အုပ်ချုပ်ရေးမှုးတို့မှ အောင်လက်မှတ်၊ ဘွဲ့တံဆိပ်သေတ္တာ၊ တံဆိပ်တုံး နှင့် ဆုတော်များ ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။

စာချတန်းအောင် အရှင်သူမြတ်(၅)ပါးနှင့် အတန်းအသီးသီးမှ စာအောင်သံဃာတော်အရှင်သူမြတ်များအား ပင့်ဆောင်နေစဥ်မှာ ဒါကာ၊ ဒါယိကာမ၊ ဧည့်သည်တော်များမှ ပန်းစည်း၊ လှူဖွယ်ဝတ္ထုအစုစု တို့ဖြင့် ကြည်ညို လှူဒါန်းခဲ့ကြပါသည်။

နောက်ပိုင်းမှာ ပန်းဖကာလုံးစာရေး စင်အွန်လှိုင်းမှ ဦးဆောင်၍ ရတနာတော်မြတ်သုံးပါးတို့အကန်တော့ကာ ရှမ်းပြည်နယ်လုံးဆိုင်ရာ လွိုင်လင်မြို့ သံဃာအဖွဲ့ချုပ် မဟာနာယကဆရာ အာနန္ဒာ ဗုဒ္ဓကောလိပ် သာသနဝိပုလဓာတ်တော်ကျောင်းတိုက် ထံမှ ငါးပါးသီလခံယူ ဆောက်တည်ခြင်း၊သံဃာတော်အရှင်သူမြတ်များထံမှ ပရိတ်တရားတော် နာယူခြင်း၊ နှင့်
ဘဒ္ဒန္တ D.r. Prof ဓမ္မသာမိ(အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ) သျှာမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်၏ အဓိပတိ ဆရာတော်ဘုရားထံမှ သြဝါဒဓမ္မကထာ နာယူခဲ့ကြပြီး
လူနတ်ဗြဟ္မာသတ္တဝါတို့အား ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်းသိရပါသည်။

ထိုနောက် စာပွဲတော် သံဃဩဝါဒခံ ဥက္ကဋ္ဌ ဦးစိုင်းဆန်လိတ် မှ ကျေးဇူးတင်စကား လျှောက်ထားပြီး
ရတနာတော်မြတ်သုံးပါးတို့အား ပြန်လည်ကန်တော့၍ ဆရာ နှင့် ဒကာများ “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွက်ဆို၍ (၆၈) ကြိမ်မြောက် စာပွဲတော် အောင်မြင်ပြီးဆုံးကြောင်း ကြေငြာခဲ့ပါသည်။
စာချတန်းအောင် အရှင်သူမြတ်(၅)ပါးမှာ အရှင်သုနန္ဒာဘိပါလ၊ အရှင်အာဇေယျာဘိပါလ၊ အရှင်ဝိဇာရာဘိပါလ၊ အရှင် ဥာဏသာမီဘိပါလ နှင့် အရှင်ဝိဇ္ဇောတာဘိပါလ တို့ဖြစ်ကြပြီး အတန်းအသီးသီးမှ စာအောင်သံဃာတော်အရှင်သူမြတ်များမှာ A Star (၇)ပါး စုစုပေါင်း (၆၇၁)ပါး အောင်လက်မှတ် နှင့် ဆုတော် ဆပ်ကပ်ခဲ့ကြောင်းသိရပါသည်။


ဤပွဲကို လွိုင်လင်မြို့နယ်၊ ပြည်နယ်လွှတ်တော် ခွန်သက်နိုင်၊ လွိုင်လင်မြို့နယ် ခရိုင်အုပ်ချုပ်ရေးမှူးဦးကြည်မြင့် ၊ လွိုင်လင်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းထွဋ်၊ ဦးစိုင်းရွှေထွန်း၊ ဗိုလ်ကြီးခွန်မောင်လှ၊ ဌာနဆိုင်ရာပေါင်းစုံမှ တာဝန်ရှိပုဂ္ဂိုလ်များ နှင့် ဒေသခံမိဘပြည်သူများ တက်ရောက်ခဲ့ကြပါသည်။



Leave a Reply