ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးနှင့်ရှမ်းပြည်အစိုးရအဖွဲ့ ပင်လုံမြို့သို့ မန်ဆူဆရာတော် ဒေါက်တာဘဒ္ဒန္တပုညနန္ဒ သွားရောက်ကန်တော့

Written by

in

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးနှင့်ရှမ်းပြည်အစိုးရအဖွဲ့ ပင်လုံမြို့သို့ မန်ဆူဆရာတော် ဒေါက်တာဘဒ္ဒန္တပုညနန္ဒ သွားရောက်ကန်တော့

———————————————————————-
မေလ ၁၆ရက်၊ ၂၀၂၆ခုနှစ်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ ဒီကနေ့မေလ(၁၆)ရက်၊ (၂၀၂၆)ခုနှစ် မေတ္တာအေးရိပ် ဝမ်းလုံပရဟိတကျောင်းမှာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး နှင့် ရှမ်းပြည်အစိုးရအဖွဲ့ မှ မန်ဆူဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဍတိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာကမ္မဌာနာစရိယ ဒေါက်တာဘဒ္ဒန္တပုညနန္ဒ ကို လှူဖွယ်ဝတ္ထုပစ္စည်းနှင့် နဝကမ္မအလှူငွေများဖြင့် သွားရောက် ကြည်ညိုကန်တော့ခဲ့ကြကြောင်းသိရပါသည်။


မေတ္တာအေးရိပ် ဝမ်းလုံပရဟိတကျောင်းမှာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးကို လွိုင်လင်မြို့နယ်၊ ပြည်သူ့လွှတ်တော် ခွန်အောင်ဆန်း၊လွိုင်လင်မြို့နယ် ပြည်နယ်လွှတ်တော် ခွန်သက်နိုင်၊ ဌာနပေါင်းစုံ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရှမ်းတိုင်းရင်းသား၊ ပအိုဝ်းစာပေနှင့်ယဥ်ကျေးမှုအဖွဲ့၊ တောင်ရိုးစာပေနှင့်ယဥ်ကျေးမှုအဖွဲ့ ၊ ယင်းစာပေနှင့်ယဥ်ကျေးမှုအဖွဲ့ တို့က လှိုက်လှဲစွာကြိုဆိုခဲ့ကြပါသည်။
ရှေးဦးစွာ ဆရာတော်ဦီးဆောင်ပြီး ကျောင်းဆောင်ရှေ့မှာ သစ်တောဦးစီးဌာနမှ လှူဒါန်းထားသောအပင်များကို မြေချစိုက်ပျိုးပြီး အတူတကွရေလောင်းခဲ့ကြပါသည်။


ထို့နောက် ဝန်ကြီးချူပ်နှင့်အဖွဲ့၊ (S.S.S)ဥက္ကဋ္ဌ ဦးမဟာဂျာတို့က ဆရာတော်ကို လှူဖွယ်ဝတ္ထုပစ္စည်းနှင့် နဝကမ္မအလှူငွေများဆက်ကပ်လှူဒါန်းခဲ့ပြီး နေ့လည်ဆွမ်း ကပ်လှူခဲ့ကြပါသည်။

ဆက်လက်၍ ဝန်ကြီးနှင့်ဧည်သည့်တော်များကို လက်ဆောင်ပေးအပ်ခဲ့ပြီး မန်ဆူဆရာတော် ဒေါက်တာဘဒ္ဒန္တပုညနန္ဒ သည် မေတ္တာအေးရိပ် ဝမ်းလုံပရဟိတကျောင်း ၏ ပရဟိတလုပ်ငန်းများနှင့် သာသနာရေးဆိုင်ရာကိစ္စရပ်များတွင် ဦးဆောင်လှုပ်ရှားလျက်ရှိကြောင်းသိရပါသည်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *