ပင်လုံမြို့၌ တတိယည ရှမ်းပြည်နယ်လုံးဆိုင်ရာ (၆၈) ကြိမ်မြောက် ပရိယတ္တိသဒ္ဓမ္မပါလစာပွဲတော် ၏ အထူးတရားပွဲမှာ အောက်စ်ဖို့ဒ်ဆရာတော် ဘဒ္ဒန္တဒေါက်တာဓမ္မသာမိ ကြွရောက်ဟောကြား

မေလ ၁၅ရက်၊ ၂၀၂၆ခုနှစ်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လုံမြို့ ၌ သာသနာတော်နှစ်( ၂၅၇၀)၊ ကောဇာသက္ကရာဇ် (၁၃၈၈) ခုနှစ်၊ ကဆုန်လပြည့်ကျော် (၁၄)ရက် (၁၄.၅.၂၀၂၆)−ညမှာ ရှမ်းပြည်နယ်လုံးဆိုင်ရာ (၆၈) ကြိမ်မြောက် ပရိယတ္တိသဒ္ဓမ္မပါလစာပွဲတော် ၏ အထိမ်းအမှတ် ညအထူးတရားပွဲမှာ အောက်စ်ဖို့ဒ်ဆရာတော် ဘဒ္ဒန္တဒေါက်တာဓမ္မသာမိ ကြွရောက်စောကြားခဲ့ပါသည်။


အထူးတရားပွဲကို ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်တည်ထောင်သူ ကမ္ဘာ့ဗုဒ္ဓသာသနာပြု အောက်စ်ဖို့ဒ်ဆရာတော် ဘဒ္ဒန္တဒေါက်တာဓမ္မသာမိ (မဟာဂန္ထဝါစကပဏ္ဍိတ၊ မဟာဓမ္မကထိကဗဟုဇနဟိဓရ) မှ ပင်လုံမြို့၊ မဟာရဌာဘိသာမဂ္ဂီစေတီတော် သာသနရက္ခိတ ဓမ္မဗိမာန်အတွင်း ည (၇:၁၅)မှ (၉:၁၅ )အထိ တရားတော်ကို projector , videos clip ဖြင့် ရှင်းလင်းဟောကြားပေးခဲ့ပြိီးမှာ တရားထိုင်ခြင်းနှင့် ဓမ္မပူဇာအလှူတော်ငွေ ဆပ်ကပ်ခဲ့ကြောင်းသိရပါသည်။


အစီအစဥ်နောက်ဆုံးညမှာ မေလ (၁၂)ရက် ကနေစပြီး (၁၄)ရက်ညထိ တရားပွဲကျင်းပရာ ပင်လုံမြို့ မဟာရဋ္ဌသာမဂ္ဂီ စေတီတော်၌ မြန်မာဘာသာ၊ ပင်လုံမွေတော် ကျောင်း၌ ရှမ်းဘာသာဖြင့် တာဝန်ကျဆရာတော်များမှ တရားတော် ဟောကြား ခဲ့ကြောင်းသိရပါသည်။


တရားပွဲကို ဘုရားဂေါပဂအဖွဲ့၊ သီလရှင်နှင့် မြို့မိမြို့ဖများ လာရောက်တရားတော်နာယူကြကြောင်းသိရပါသည်။ တရားပွဲတော်ကို လာရောက်နာယူသူများပြား ဒါကိုတွေ့ရပါသည်။



Leave a Reply