အင်းလေးဒေသ လမ်း၊ ဆည်မြောင်းနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအား ဝန်ကြီးများအဖွဲ့ ကွင်းဆင်းစစ်ဆေး

Written by

in

အင်းလေးဒေသ လမ်း၊ ဆည်မြောင်းနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအား ဝန်ကြီးများအဖွဲ့ ကွင်းဆင်းစစ်ဆေး

————————
မေလ(၁၆)ရက်၊ ၂၀၂၆ခုနှစ်
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေ၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်သန်းထူး၊ အင်းသားတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်တင်တင်ရီနှင့် တိုင်းရင်းသားဝန်ကြီးများအဖွဲ့သည် အင်းလေးဒေသအတွင်းရှိ လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးရေး၊ ဆည်မြောင်းနှင့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။


နံနက် (၇:၃၀) နာရီအချိန်တွင် အင်းတိန်ရေလွဲဆည်လုပ်ငန်း ခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး၊ ဆက်လက်၍ နံနက် (၁၀:၃၀) နာရီအချိန်တွင် ဖောင်တော်ဦးဘုရားသို့ ရောက်ရှိကာ တည်ဆောက်ရေးလုပ်ငန်းများနှင့် နုန်းဆယ်ယူမှုလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့နောက် မွန်းလွဲ (၁၂:၀၀) နာရီအချိန်တွင် လွယ်တန့်နုန်းထိန်းတမံသို့ သွားရောက်၍ သဲနုန်းတူးဖော်ခြင်းလုပ်ငန်းများ၊ ရေစီးရေလာကောင်းမွန်ရေးဆောင်ရွက်နေမှုများနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။


ခရီးစဉ်အတွင်း တာဝန်ရှိဝန်ကြီးများက လုပ်ငန်းများ အချိန်မီပြီးစီးရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများအကျိုးရှိစေရေးအတွက် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *