ပအိုဝ်းစာပေနှင့်ယဉ်ကျေးမူအဖွဲ့(ဗဟို)၊ ကြက်ခြေနီအဖွဲ့၊ ဗိုလ်မှူး စောမောင်နှင့် လုံခြုံရေးအဖွဲ့တို့ဦးဆောင်ကာ နမ်းနေင်းရွာရှိ မိဘပြည်သူများ၏အခက်အခဲကို လာရောက်တွေ့ဆုံမေးမြန်း၍ လိုအပ်သည်များ လှူဒါန်း

===================================
မေလ (၁၇)ရက် ၊ ၂၀၂၆ ခုနှစ်
အထူးဒေသ (၆)၊ရှမ်းပြည်နယ်တောင်ပိုင်း ၊ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊နမ်းနေင်းရွာတွင် တောင်ကြီးမြို့ပအိုဝ်းစာပေနှင့်ယဉ်ကျေးမူအဖွဲ့(ဗဟို)၊ ကြက်ခြေနီအသင်းဖွဲ့၊ဗိုလ်မှူးစောမောင်နှင့် လုံခြုံရေးအဖွဲ့သို ဦးဆောင်ကာ နမ်းနေင်းရွာရှိ မိဘပြည်သူများကို လာရောက်တွေ့ဆုံမေးမြန်းကာ လိုအပ်သည်များ ကို လှူဒါန်းခဲ့ကြကြောင်း သိရှိရပါသည်။


ပထမဦးစွာ နမ်းနေင်းဆရာတော်ထံမှ တရားနာယူကာ၊ငါပါးသီလခံယူခဲ့ကြပြီး နမ်းနေင်းရွာရှိ မိဘပြည်သူများသည် ပြီးခဲ့သည့် (၂၀၂၃)ခုနှစ်တွင် စစ်ရေးကြောင်း တိမ်းရှောင်ခဲ့ကြရပြီး ပြီးခဲ့သည့် (၄)လပိုင်းတွင် မိမိရပ်ရွာသို အကုန်နီးပါးပြန်လည်ရောက်ရှိနေထိုင်ခဲ့ကြကြောင်းသိရှိရသည်။ထိုရွာတွင် အိမ်ခြေပေါင်း (၃၆၇)အိမ်ခန့်ရှိပြီး အိမ်ခြေ (၁၂၃)ခန့်က ပျက်စီးခဲ့ကြကြောင်း သိရှိရပါသည်။


ထိုအဖွဲ့များသည် နမ်းနေင်းရွာရှိ မိဘပြည်သူများ ၏ အခက်အခဲများကို မေးမြန်းခဲ့ပြီး ဒေသခံများမှလည်း မိမိတို့ ဆန်၊ဆီ၊ဆား စသောအစားအစာများလိုအပ်ကြောင်းနှင့် အိမ်ဆောက်ရန် မိုးကာများ လိုအပ်ကြောင်း တင်ပြခဲ့ကြသည်။


အဆိုပါအဖွဲ့ကို တောင်ကြီးမြို့ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမူအဖွဲ(ဗဟို)ဥက္ကဋ္ဌ ဖြားတန်ခွန်ဝင်းကိုမှ (၁)သိန်း၊တောင်ကြီးမြို့နယ် (ခွန်လေဆာ(ခွန်လှဖေ) + နန်းပူးလေး)တို့မှ (၁၄)သိန်း၊တာချီလိတ်မြို့ (PNO)စီးပွားရေး နှင့်ဆက်ဆံရေးရုံးမှ (၁၀)သိန်း ပါဝင်ပံ့ပိုးခဲ့ကြကြောင်း သိရသည်။

ထို့နောက် အဆိုပါအဖွဲ့များသည် နမ်းနေင်းရွာရှိ မိဘပြည်သူများအတွက် ဆန် (၂၄)ပြည်အိတ် ၂၇အိတ်၊ဆား ၃ အိတ်၊ဆပ်ပြာ ၄အိတ်နှင့်တကိုယ်ရေသုံး ပစ္စည်းဘူး (၂၀) နှင့် ကြာဇံထုပ်များစွာ လှူဒါန်း ခဲ့ကြကြောင်း သိရှိရပါသည်။



Leave a Reply