Category: Uncategorized

  • ပင်လုံမြို့၌ ရှမ်းပြည်နယ်လုံးဆိုင်ရာ  (၆၈) ကြိမ်မြောက် ပရိယတ္တိသဒ္ဓမ္မပါလစာပွဲတော်အထိမ်းအမှတ် ညအထူးတရားပွဲ ကျင်းပ

    ပင်လုံမြို့၌ ရှမ်းပြည်နယ်လုံးဆိုင်ရာ (၆၈) ကြိမ်မြောက် ပရိယတ္တိသဒ္ဓမ္မပါလစာပွဲတော်အထိမ်းအမှတ် ညအထူးတရားပွဲ ကျင်းပ

    ပင်လုံမြို့၌ ရှမ်းပြည်နယ်လုံးဆိုင်ရာ (၆၈) ကြိမ်မြောက် ပရိယတ္တိသဒ္ဓမ္မပါလစာပွဲတော်အထိမ်းအမှတ် ညအထူးတရားပွဲ ကျင်းပ

    မေလ ၁၄ရက်၊ ၂၀၂၆ခုနှစ်
    အထူးဒသ(၆)၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လုံမြို့
    သာသနာတော်နှစ် ၂၅၇၀၊ ကောဇာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် (၁၃)ရက်ိနေ့ညမှာ ရှမ်းပြည်နယ်လုံးဆိုင်ရာ (၆၈) ကြိမ်မြောက် ပရိယတ္တိသဒ္ဓမ္မပါလစာပွဲတော် အထိမ်းအမှတ်အနေဖြင့် ညအထူးတရားပွဲကိုပင်လုံမြို့ မဟာရဌာဘိသာမဂ္ဂီစေတီတော် သာသနရက္ခိတ ဓမ္မဗိမာန်အတွင်း၌ ကျင်းပခဲ့ကြောင်းသိရှိရပါသည်။


    တရားပွဲကို ပင်လုံမြို့၊ မဟာရဌာဘိသာမဂ္ဂီစေတီတော် သာသနရက္ခိတ ဓမ္မဗိမာန်အတွင်း ည (၇:၃၀ )မှ (၉:၀၀ )အထိ ဆရာတော် ဘဒ္ဒန္တဒေါက်တာဝါယာမိန္ဒာဘိပါလ သာသနာဓဇဓမ္မာစရိယ၊ ပရိယတ္တိသဒ္ဓမ္မပါလ ဓမ္မာစရိယ၊ သဒ္ဓမ္မဇောတိကဓဇ၊ မဟာသဒ္ဓမ္မဇောတိကဓဇ၊ MA (PBU, Sri Lanka ), PhD (Kelaniya, Sri Lanka) မှ တရားတော်ရေးအေး ဟောကြားပေးခဲ့ကြောင်းသိရပါသည်။


    အဆိုပါတရားပွဲသို့ သီလရှင်နှင့် မြို့မိမြို့ဖများ ၂၀၀ကျော် လာရောက်တရားတော်နာယူကြကြောင်းသိရပါသည်။

    ထိုတရားပွဲကို မေလ (၁၂/၁၃/၁၄ )နေ့ (၃ )ရက်ဆက်တိုက် တရားပွဲကျင်းပသွားမည်ဖြစ်ပြီး ည (၇ )နာရီအချိန်တွင် ပင်လုံမြို့ မဟာရဋ္ဌသာမဂ္ဂီ စေတီတော်၌ မြန်မာဘာသာ၊ ပင်လုံမွေတော် ကျောင်း၌ ရှမ်းဘာသာဖြင့် တာဝန်ကျဆရာတော်များမှ (၃ )ညစလုံး တရားတော် ဟောကြားသွားမှာဖြစ်ကြောင်းသိရပါသည်။

  • ပင်လုံတိုက်နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် နေရာအခန်းကျဉ်းကျပ်မှုများကြောင့် လူနာများ အဆင်မပြေမှုများကြုံတွေ့နေရ

    ပင်လုံတိုက်နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် နေရာအခန်းကျဉ်းကျပ်မှုများကြောင့် လူနာများ အဆင်မပြေမှုများကြုံတွေ့နေရ

    ပင်လုံတိုက်နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် နေရာအခန်းကျဉ်းကျပ်မှုများကြောင့် လူနာများ အဆင်မပြေမှုများကြုံတွေ့နေရ


    ————————–
    မေလ(၁၃)ရက်၊ ၂၀၂၆
    ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လုံမြို့ရှိ မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ကုသမှုခံယူနေသည့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးလူနာများအတွက် အခန်းနေရာကျဉ်း ကျပ်မှုများ ဖြစ်ပေါ်နေပြီး အချို့အခန်းများမှာလည်း ပျက် စီးယိုယွင်းနေသဖြင့် ဆရာမများနှင့် လူနာများအနေဖြင့် အခက်အခဲများ ကြုံတွေ့နေရကြောင်း တာဝန်ရှိဆရာမတစ်ဦးထံမှ သိရသည်။

    ကျန်းမာရေးဌာနသို့ လာရောက်ကုသသူများနှင့် လိုက်ပါစောင့်ရှောက်သူများ များပြားလာသည့်အတွက် အခန်းများအတွင်းလူပြည့်ကျပ်နေကာ နေရာမလုံလောက်မှုများလည်း ဖြစ်ပေါ်နေကြောင်း လူနာရှင်အချို့က ပြောကြားသည်။

    “ဗိုက်ကြီးသည်တွေလည်း များတယ်၊ ကလေးနဲ့လာတဲ့သူတွေလည်း များတော့ အခန်းတွေက အရမ်းကြပ်နေတယ်။ တချို့အခန်းတွေဆို နံရံတွေကွာနေပြီး အဆင်မပြေတာတွေရှိတယ်” ဟု လူနာရှင်တစ်ဦးက ပြောကြားခဲ့သည်။

    ထို့ပြင် မိုးရာသီကာလများတွင် အခန်းပျက်စီးနေသည့် နေရာများမှ ရေစိမ့်ဝင်မှုများနှင့် သန့်ရှင်းရေးပိုင်းဆိုင်ရာ အခက်အခဲများလည်း ရှိနေကြောင်း သိရသည်။

    ပင်လုံတိုက်နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနသည် ပင်လုံမြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံများ အားထားကုသနေရသည့် ကျန်းမာရေးဌာနတစ်ခုဖြစ် ကြောင်းသိရသည်။
    လူနာများနှင့် မိသားစုဝင်များက မိခင်နှင့်ကလေးကျန်းမာရေးဌာနအတွင်းရှိ အခန်းများကို ပြုပြင်မွမ်းမံပေးခြင်း၊ လူနာဆောင်များ တိုးချဲ့ဆောက်လုပ်ပေးခြင်းများ ဆောင်ရွက်ပေးရန်သက်ဆိုင်ရာတာဝန်ရှိသူများထံတောင်း ဆိုထားကြကြောင်း သိရသည်။

  • ပင်လုံမြို့ ပြည်သူ့ဆေးရုံ ဒေါက်တာရှိုန်းထက်ဝေအောင် ဦးဆောင်ပြီး ဒေသခံပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်းဆောင်ရွက်

    ပင်လုံမြို့ ပြည်သူ့ဆေးရုံ ဒေါက်တာရှိုန်းထက်ဝေအောင် ဦးဆောင်ပြီး ဒေသခံပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်းဆောင်ရွက်

    ပင်လုံမြို့ ပြည်သူ့ဆေးရုံ ဒေါက်တာရှိုန်းထက်ဝေအောင် ဦးဆောင်ပြီး ဒေသခံပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်းဆောင်ရွက်

    မေလ ၁၃ရက်၊ ၂၀၂၆ခုနှစ်
    ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ် ၊ ပင်လုံမြို့အနီး ကျူးရုံးရွာ၊ ကျူရုံးသိရိမင်္ဂလာကျောင်းမှာ ဒီနေ့ (၁၃.၅.၂၀၂၆)၊ (၉း၃၀)မှာ ပင်လုံမြို့ ပြည်သူ့ဆေးရုံ ဒေါက်တာရှိုန်းထက်ဝေအောင် ဦးဆောင်ပြီး ဒေသခံပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှု ရရှိစေရန် ရည်ရွယ်၍ ကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်းပြုလုပ်ခဲ့ကြောင်းသိရပါသည်။

    အဆိုပါကွင်းဆင်းရာတွင် လွိုင်လင်မြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စာလှယ် ခွန်သက်နိုင် လိုက်ပါ ကြည့်ရှုခဲ့ကြောင်းသိရပါသည်။

    ရှေးဦးစွာ ကျောင်းထိုင်ဆရာတော် နှင့် ကိုရင်တွေကို အထွေထွေကျန်းမာရေး စစ်ဆေးပေးခြင်း၊ သွေးပေါင်ချိန်နှင့် ဆီးချိုရောဂါ စစ်ဆေးပေးခြင်း၊ ရာသီတုပ်ကွေးနှင့် အဖြစ်များသောရောဂါများအတွက် ဆေးဝါးကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး ဒေသခံမိဘပြည်သူများကိုလည်း ကျန်းမာရေးစစ်ဆေးခြင်း၊ ဆေးဆေးပေးခြင်း၊ ကုသခြင်းများ ဆက်လက်ပြုလုပ်ခဲ့ကြောင်းသိရပါသည်။


    ထို့အပြင် မိခင်နှင့်ကလေး ကျန်းမာရေးစောင့်ရှောက်မှု၊ အာဟာရဆိုင်ရာ အသိပညာပေးခြင်းနှင့် သန့်ရှင်းရေး၊ ကျန်းမာရေး အသိပညာပေး ပြောကြားခဲ့ ကြောင်း သိရသည်။
    ဒေသခံပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ဆောင်မှုများကို အလွယ်တကူ ရရှိနိုင်ရန် ယင်းကဲ့သို့ ကွင်းဆင်းဆောင်ရွက်ပေးခြင်းသည် အကျိုးရှိကြောင်း ဒေသခံများက ပြောကြားခဲ့သည်။


    တာဝန်ရှိသူများကလည်း ကျေးလက်ဒေသများရှိ ပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုရရှိစေရန် အလားတူ ကွင်းဆင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

    ဤကွင်းဆင်းဆောင်ရွက်မှုတွင် လွိုင်လင်မြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စာလှယ် ခွန်သက်နိုင်၊ ပင်လုံမြို့ ပြည့်သူဆေးရုံ ဒေါက်တာရှိုန်းထက်ဝေအောင်ဇော်၊ တာဝန်ရှိပုဂ္ဂိုလ်များ သွားရောက်ခဲ့ကြပြီး ဒေသခံမိဘပြည်သူများ (၅၀)​ကျော်တက်ရောက်ခဲ့ကြောင်းသိရပါသည်။

  • ပအိုဝ်းစာပေနှင့် ယဉ်‌ကျေးမူအဖွဲ့၊ ဗဟိုကြက်ခြေနီအဖွဲ့တို့က စုပေါင်းကာ ဗိုလ်မှူးစောမောင်နှင့် လုံခြုံရေးအဖွဲ့တို့ကဦးဆောင်ကာ တောင်မဲသင်းရှိ ပြည်သူတို့၏အခက်အခဲကို လာရောက်တွေ့ဆုံမေးမြန်း၍ လိုအပ်သည်များ လှူဒါန်း

    ပအိုဝ်းစာပေနှင့် ယဉ်‌ကျေးမူအဖွဲ့၊ ဗဟိုကြက်ခြေနီအဖွဲ့တို့က စုပေါင်းကာ ဗိုလ်မှူးစောမောင်နှင့် လုံခြုံရေးအဖွဲ့တို့ကဦးဆောင်ကာ တောင်မဲသင်းရှိ ပြည်သူတို့၏အခက်အခဲကို လာရောက်တွေ့ဆုံမေးမြန်း၍ လိုအပ်သည်များ လှူဒါန်း

    ပအိုဝ်းစာပေနှင့် ယဉ်‌ကျေးမူအဖွဲ့၊ ဗဟိုကြက်ခြေနီအဖွဲ့တို့က စုပေါင်းကာ ဗိုလ်မှူးစောမောင်နှင့် လုံခြုံရေးအဖွဲ့တို့ကဦးဆောင်ကာ တောင်မဲသင်းရှိ ပြည်သူတို့၏အခက်အခဲကို လာရောက်တွေ့ဆုံမေးမြန်း၍ လိုအပ်သည်များ လှူဒါန်း
    ====================================

    မေလ (၁၀)ရက်၊ ၂၀၂၆ခုနှစ်
    အထူးဒေသ (၆) ၊ရှမ်းပြည်နယ်‌တောင်ပိုင်း၊ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ပင်လောင်းမြို့နယ်၊ တောင်မဲသင်းရွာတွင် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမူအဖွဲ့၊ ဗဟိုကြက်ခြေနီအဖွဲ့တို့စု‌ပေါင်းကာ ဗိုလ်မှူးစောမောင်နှင့်လုံခြုံရေးအဖွဲ့တို့ကဦး‌‌​ဆောင်၍ ဒေသခံပြည်သူတို့၏အခက်အခဲကို လာရောက်တွေ့ဆုံမေးမြန်းကာ လိုအပ်သည်များကို လှူဒါန်းခဲ့ကြောင်း သိရပါသည်။


    တောင်မဲသင်းရွာရှိ ပြည်သူများသည် စစ်ရေးအခြေအနေကြောင့် တိမ်းရှောင်ခဲ့ရပြီး ပြီးခဲ့သည် (၄)လပိုင်းက မိမိရပ်ရွာသို့ အကုန်နီးပါးပြန်လည်ရောက်ရှိနေထိုင်လာကြပြီး အဆိုပါရွာတွင် အိမ်ခြေပေါင်း (၃၁၆)ခန့်ရှိပြီး နေအိမ်(၆၉) ခန့်က ပျက်စီးသွားကြောင့်သိရသည်။


    အဆိုပါအဖွဲ့များသည် ဒေသခံပြည်သူတို့၏ လိုအပ်ချက်များ၊နေထိုင်ရေးအခြေအနေများစသည်ဖြင့် လာရောက်တွေ့ဆုံမေးမြန်းခဲ့ပြီး ဒေသခံပြည်သူများသည်လည်း မိမိတို့အရေးပေါ် အိမ်ဆောက်ဖို့ မိုးကာများလိုအပ်ကြောင်းနှင့် လိုအပ်သော အိမ်ထောင်စု ဘယ်နှစ်စုရှိကြောင်း တင်ပြခဲ့ကြပါသည်။


    အဆိုပါအဖွဲ့များသည် တောင်မဲသင်းရှိ ပြည်သူများအတွက် ဆန် (၆)ပြည်အိတ် ၆၀ခန့်၊ ဆန် ၂၄ပြည် (၄)အိတ်၊ဆား(၃)အိတ်၊ ဆပ်ပြာ(၄) အိတ်၊ ကြာဆန်များ၊ အကျီနှင့် ခေါင်းလျှော်ရည်များ ပါဝင်ကြောင်းသိရှိရပါသည်။

  • တောင်ကြီးမြို့ရှိ မြို့တော်ခန်းမတွင် လူငယ်တွေ့ဆုံပွဲအခမ်းအနားကျင်းပ

    တောင်ကြီးမြို့ရှိ မြို့တော်ခန်းမတွင် လူငယ်တွေ့ဆုံပွဲအခမ်းအနားကျင်းပ

    တောင်ကြီးမြို့ရှိ မြို့တော်ခန်းမတွင် လူငယ်တွေ့ဆုံပွဲအခမ်းအနားကျင်းပ


    ——————————————————————-
    မေလ ၉ ရက်၊ ၂၀၂၆-ခုနှစ်၊
    ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ မြို့တော်ခန်းမ၌ ယနေ့ မေ ၇ ရက် ၂၀၂၆-ခုနှစ် နံနက် ၉:၀၀ အ ချိန်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် လူငယ်များ၏ အမြင်နှင့် အကြံပြုချက်များကို နားထောင်၍ လူငယ်ဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ကာ လူငယ်တွေ့ဆုံပွဲအခမ်းအနားကို ကျင်းပခဲ့သည်။


    အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ လူငယ်ရေးရာကော်မတီဝင်များ၊ လူငယ်ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
    <


    အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံ လူငယ်ရေးရာ ဗဟိုကော်မတီ ဒုတိယ ဥက္ကဋ္ဌ(၁)၊ လူငယ်ရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်းက အခမ်းအနားသို့ တက်ရောက်လာသည့်လူငယ်များအား လမ်းညွှန်အမှာစကားပြောကြားပေးခဲ့ပြီး၊ ထို့နောက် တိုင်းရင်း သားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်တောင်စုဝန်ကြီး ဦးသန်းမောင် က ဆက်လက်အမှာစကားပြောကြားခဲ့ပေးခဲ့ပါသည်။


    ဆက်လက်၍ ရှမ်းပြည်နယ် လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်အသင်း တာဝန်ရှိသူတစ်ဦးက မိမိတို့ လုပ်ဆောင်နေသည့် လုပ်ငန်းများအား ကြုံတွေ့နေရသော အခက်အခဲများ၊ လိုအပ်ချက်များနှင့် အကြံပြုချက်များကို တင်ပြဆွေးနွေးခဲ့ကြပြီး သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။


    ယင်းလူငယ်တွေ့ဆုံပွဲသည် လူငယ်များ၏ အသံကို တိုက်ရိုက်နားထောင်၍ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် လူငယ်များ ပိုမိုပါဝင်နိုင်စေရန်နှင့် အနာဂတ်ခေါင်းဆောင်ကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။


    ရှမ်းပြည်နယ် လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်အသင်းဥက္ကဌ၊ ဦးခွန်နေမျိုးက ရှမ်းပြည်နယ်လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်အသင်း၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေအားတင်ပြခြင်းနှင့် ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

    ထို့နောက် ရှမ်းပြည်နယ် လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်းမှ ထုတ်လုပ်သည့် ဒေသထုတ်ကုန်များအား နေရာအရောက် ဂါရဝပြုလက်ဆောင်ပေးအပ်ခဲ့ပြီး ဖိတ်ကြားထားသည့်
    ဧည့်သည်တော်များ၊ တိုင်းရင်းသားစာပေနှင့်ယဥ်ကျေးမှုကိုယ်စားလှယ်အဖွဲ့ဝင်များအား ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များက ရင်းရင်းနီးနီးလိုက်လံနုတ်ဆက် အားပေးစကားပြောကြားပေးခဲ့ကြောင်း သိရှိရသည်။

  • လွိုင်လင်မြို့၊ သာသနဝိပုလ ဓါတ်တော်ကျောင်းတိုက် ပဓာနနာယက ဆရာတော် Dr.ပညာနန္ဒ (အဂ္ဂမဟာပဏ္ဍိတ)၏ (၇၅) နှစ်ပြည့် စိန်ရတုမွေးနေ့ ကို ပင်လုံမြို့ မြို့မ မင်္ဂလာနောင်ကွတ် ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တပညာဗလ ကြွရောက်ချီးမြှင့်

    လွိုင်လင်မြို့၊ သာသနဝိပုလ ဓါတ်တော်ကျောင်းတိုက် ပဓာနနာယက ဆရာတော် Dr.ပညာနန္ဒ (အဂ္ဂမဟာပဏ္ဍိတ)၏ (၇၅) နှစ်ပြည့် စိန်ရတုမွေးနေ့ ကို ပင်လုံမြို့ မြို့မ မင်္ဂလာနောင်ကွတ် ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တပညာဗလ ကြွရောက်ချီးမြှင့်

    လွိုင်လင်မြို့၊ သာသနဝိပုလ ဓါတ်တော်ကျောင်းတိုက် ပဓာနနာယက ဆရာတော် Dr.ပညာနန္ဒ (အဂ္ဂမဟာပဏ္ဍိတ)၏ (၇၅) နှစ်ပြည့် စိန်ရတုမွေးနေ့ ကို ပင်လုံမြို့ မြို့မ မင်္ဂလာနောင်ကွတ် ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တပညာဗလ ကြွရောက်ချီးမြှင့်


    ———————————————————————-
    မေလ ၈ ရက်၊ ၂၀၂၆ခုနှစ်၊
    ရှမ်ပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့၌ ဓါတ်တော်ကျောင်းတိုက်ပဓာနနာယက ဆရာတော် Dr.ပညာနန္ဒ (ရှမ်းပြည်နယ်လုံးဆိုင်ရာ သံဃာ့အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ နိုင်ငံတော်သြဝါဒါစာရိယ အဂ္ဂမဟာပဏ္ဍိတ)၏ (၇၅) နှစ်ပြည့် စိန်ရတုမွေးနေ့ ကို ပင်လုံမြို့ မြို့မ မင်္ဂလာနောင်ကွတ် ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တပညာဗလ ကြွရောက်ချီးမြှင့်ပြီး လွိုင်လင်မြို့ ၊ တပ်နယ်မှူး အမှတ် ၂-ဒုံးဆင်ရေး ကွပ်ကဲမှူး ဌာနချုပ်ဗိုလ်မှူးချုပ် သန်းထွန်းအောင်၊ (S.S.S) ဥက္ကဌ ဦးမဟာကြာ နှင့် လွိုင်လင်ခရိုင် အုပ်ချုပ်ရေးမှူး ဦးကြည့်မြင့် တို့က မွေးနေ့မင်္ဂလာဆုတောင်းစကားများဖြင့် တက်ရောက်ဂါရဝပြုခဲ့သည်။


    ဆရာတော်၏ မွေးနေ့ ပွဲတော် ပထမရက် (၈.၅ .၂၀၂၆) နံနက် ( ၆ :၀၀) နာရီမှာ ကြွရောက်လာသော သံဃာတော်များကို အာရုဏ်ဆွမ်းဆက်ကပ်ခဲ့ကြပြီး နံနက်(၇:၀၀) နာရီ မုဒ်ဦး နှင့် ပြခန်း ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြပါသည်။

    ဖဲကြိုးကို ဓါတ်တော်ကျောင်းတိုက်ဆရာတော် Dr.ပညာနန္ဒ၊ လွိုင်လင်မြို့ တပ်နယ်မှူး အမှတ် ၂-ဒုံးဆင်ရေး ကွပ်ကဲမှူး ဌာနချုပ် ဗိုလ်မှူးချုပ် သန်းထွန်းအောင်၊ လွိုင်လင်ခရိုင် အုပ်ချုပ်ရေးမှူးဦးကြည်မြင့်၊ ပွဲတော်ကော်မတီ ဥက္ကဌအဖွဲ့ ဦးစိုင်းညွန့်ရွှေ၊ ပိဋကတ်ကျောင်း ပင်လုံမြို့ဆရာတော် ဝိစာရဏ ၊ ရတနာစည်ကျောင်း လွိုင်လင်မြို့ ဆရာတော် ဝိဇယာနန္ဒ ၊ မြို့နယ်အုပ်ချုပ်ရေးမှူး လွိုင်လင်မြို့ ဦးသိန်းထွဋ် တို့က ဖွင့်လှစ်ပေးခဲ့ကြပါသည်။


    ထို့နောက် နံနက် ( ၈:၀၀) နာရီ မှာ စာပေကွန်ဖရင့်အခမ်းအနား ဖွင့်လှစ်ခြင်း၊ ဖွင့်ပွဲသို့ ရောက်ရှိလာသော ရပ်နီး/ ရပ်ဝေး အလှူရှင်များမှ ဆရာတော်အား ကန်တော့ခြင်း ၊ နံနက် ( ၁၁:၀၀) နာရီ နေ့ဆွမ်း ကပ်လှူခြင်း၊နေ့လည် ( ၁၁:၀၀)နာရီ ပိဋကတ်တော်ကို ရိုးရာ နှင့် ခေတ်သစ် လေ့လာခြင်း စာတမ်းဖတ်ပွဲပါ ထည့်သွင်း ကျင်းပကြောင်းသိရပါသည်။


    ညဘက် (၇)ရက် ၊ (၈)ရက် ညတွေမှာတော့ အောက်စဖိုဒ့်ဆရာတော် ဘဒ္ဒန္တဒေါက်တာ ဓမ္မသာမိ(အဂ္ဂမဟာသဒ္ဒဓမ္မဇောတိဓာဇ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍ္ဎိတ) ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်၊တောက်ကြီးမြို့ နှင့် ဆရာတော် ဘဒ္ဒန္တ သုခမိန္ဒ(စဝ်းသုခမ်း) လွယ်တိန်းခမ်းကျောင်း၊ မူစယ်မြို့ တို့က အထူးတရားဟောကြာားမည်ဖြစ်ပြီး တိုင်းရင်းသားပေါင်းစုံ ယဉ်ကျေးမှု အဆိုအက/ တေးဂီတ များပါဝင်ကြောင်းသိရသည်။

    ဆရာတော်မွေးနေ့ပွဲကို ကဆုန်လပြည့်ကျော်(၁၀)ရက်၊ တနင်္ဂနွေနေ့ မနက်ပိုင်းမှာ ကံထပ် နှင့် ရဟန်းခံပြီး နေ့လည်ပိုင်းမှာတော့ တရားတော်နာ ရေစက်ချအမျှဝေ သွားမည်ဖြစ်ပါသည်။ ဤပွဲကို သုံးရက်တိတိ နေ့ဘက်၊ ညဘက် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်းသိရပါသည်။

  • စစ်မှုထမ်းဟောင်းအဆင့်မြင့်အိမ်ရာ၌ စက်ချုပ်နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားတွင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်ဆက်သွယ်ရေးဝန်ကြီး ဦးခွန်သန်းထူး က တက်ရောက်အမှာစကားပြောကြား

    စစ်မှုထမ်းဟောင်းအဆင့်မြင့်အိမ်ရာ၌ စက်ချုပ်နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားတွင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်ဆက်သွယ်ရေးဝန်ကြီး ဦးခွန်သန်းထူး က တက်ရောက်အမှာစကားပြောကြား

    စစ်မှုထမ်းဟောင်းအဆင့်မြင့်အိမ်ရာ၌ စက်ချုပ်နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားတွင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်ဆက်သွယ်ရေးဝန်ကြီး ဦးခွန်သန်းထူး က တက်ရောက်အမှာစကားပြောကြား

    ———————————————————————-
    မေလ(၇)ရက်၊ ၂၀၂၆-ခုနှစ်
    စက်ချုပ်နည်းပညာသင်တန်အသေးစားကုန်ထုတ်လုပ်ငန်များ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်း အစီအစဥ်ဖြင့် တောင်ကြီးမြို့နယ် ၊ အေးသာ ယာမြို့ရှိ. စစ်မှုထမ်း ဟောင်းအဆင့်မြင့်အိမ်ရာအတွင်း၌ စက်ချုပ်နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ မေလ ၇ ရက် ညနေ ၂:၃၀အချိန်တွင်လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးခွန်သန်းထူး က တက်ရောက်အမှာစကားပြောကြားပေးခဲ့ပါသည်။



    “ယခုဖွင့်လှစ်သည့် စက်ချုပ်နည်းပညာသင်တန်းသည် စစ်မှုထမ်းဟောင်းမိသားစုဝင်များနှင့် အမျိုးသမီးများ မိသားစုဝင်ငွေတိုးပွားလာစေရေး၊ ကိုယ်ပိုင်အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ထူထောင်နိုင်စေရေးကို ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ သင်တန်းတွင် စက်ချုပ်နည်းပညာရပ်များကို စနစ်တကျ စာတွေ့၊ လက်တွေ့ပေါင်းစပ်သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသူများအနေဖြင့် အခြေခံပညာရပ်များကို ကျွမ်းကျင်ပိုင်နိုင်စွာ သင်ယူကာ ဈေးကွက်ဝင်ထုတ်ကုန်များ ထုတ်လုပ်နိုင်သည်အထိ ကြိုးစားဆောင်ရွက်သွားကြစေလိုကြောင်း၊ ထူးချွန်အောင်မြင်သူများအား လုပ်ငန်းစတင်နိုင်ရေးအတွက် လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း” လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးခွန်သန်းထူး က ပြောကြားခဲ့သည်။
    ဆက်လက်၍ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးခွန်သန်းထူးနှင့် တောင်ကြီးမြို့နယ် ပြည်သူ့လွှတ်တော်က်ုယ်စားလှယ် ဒေါ်နန်းကျင်း(ခ)ဒေါ်နန်းစိန်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒု-တိုင်းမှူး တို့က သင်တန်းအတွက် သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့ပြီး၊ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။


    ထို့နောက် တာဝန်ရှိပုဂ္ဂိုလ်များကသင်တန်းသား/သင်တန်းသူများ စက်ချုပ်နေမှုအခြေအနေကို လှည့်လည့်ကြည့်ရှူ့စစ်ဆေးခဲ့ပြီး အားပေးအမှာစကားပြောကြားပေးခဲ့ကြောင်း သိရသည်။


    ထို စက်ချုပ်နည်းပညာသင်တန်းတွင် စက်ကိုင်တွယ်အသုံးပြုနည်းများ၊ Pattern ရေးဆွဲနည်း၊ အမျိုးသမီးဝတ်ရင်ဖုံးအင်္ကျီ၊ အမျိုးသမီးဝတ်ရင်စေ့အင်္ကျီ၊ စက်ချုပ်နည်းအမျိုးမျိုး၊ ကလေးဝတ်ဂါဝန်၊ ကလေးဝတ်သင်္ဘောသားအင်္ကျီ၊ ကလေးဝတ်ဘောင်းဘီ၊ အမျိုးသမီးရှပ်အင်္ကျီ၊ အမျိုးသမီးဝတ်အပေါ်ထပ် အနွေးထည်အင်္ကျီ၊ ချိတ်လုံချည်အမျိုးမျိုး၊ ၃လွှာစကပ်၊ ၄လွှာစကပ်ချုပ်နည်း စသည့်အထည်အမျိုးမျိုးချုပ်နည်းတို့ကို စနစ်တကျသင်ကြားပေးမှာဖြစ်ကြောင်း သိရှိရပါသည်။

  • တောင်ကြီးမြို့တွင် ဆောင်ရွက်မည့် တောမီးလောင်ကျွမ်းမှု လေ့လာစောင့်ကြည့်ရေးအတွက် ကွန်ပျူတာစနစ် တပ်ဆင်ခြင်းနှင့် စီမံခန့်ခွဲခြင်းဆိုင်ရာ သင်တန်းဖွင့်လှစ်

    တောင်ကြီးမြို့တွင် ဆောင်ရွက်မည့် တောမီးလောင်ကျွမ်းမှု လေ့လာစောင့်ကြည့်ရေးအတွက် ကွန်ပျူတာစနစ် တပ်ဆင်ခြင်းနှင့် စီမံခန့်ခွဲခြင်းဆိုင်ရာ သင်တန်းဖွင့်လှစ်

    တောင်ကြီးမြို့တွင် ဆောင်ရွက်မည့် တောမီးလောင်ကျွမ်းမှု လေ့လာစောင့်ကြည့်ရေးအတွက် ကွန်ပျူတာစနစ် တပ်ဆင်ခြင်းနှင့် စီမံခန့်ခွဲခြင်းဆိုင်ရာ သင်တန်းဖွင့်လှစ်

    ———————————————————————-
    မေလ ၇ ရက်၊ ၂၀၂၆-ခုနှစ်၊
    ရှမ်းပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးက ကြီးမှူး၍ တောင်ကြီးမြို့တွင် ဆောင် ရွက်မည့် တောမီး လောင်ကျွမ်းမှု လေ့လာစောင့်ကြည့်ရေးအတွက် ကွန်ပျူတာစနစ်တပ်ဆင်ခြင်းနှင့် စီမံခန့်ခွဲခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို မြို့တော်ခန်းမ၌ ယနေ့ မေလ ၇ ရက် နံနက် (၉:၀၀)နာရီအချိန်တွင် ကျင်းပခဲ့ပါသည်။

    အဆိုပါ အခမ်းအနားတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးစိုင်းဝမ်းလှိုင်းတစ်မ်မှ နှုတ်ခွန်း ဆက် စကားပြောကြားခဲ့ရာမှာ “မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများတွင် နှစ်စဉ်ပွင့်လင်းခြောက် သွေ့ရာသီကာလများအတွင်း တောမီးလောင်ကျွမ်းမှု Fire Hotspot များ ဖြစ်ပေါ်လေ့ရှိပြီး နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုများ ဖြစ်ပေါ်နေကြောင်း၊ ယင်းမီးခိုးမြူငွေ့ညစ်ညမ်းမှုများသည် ပတ်ဝန်းကျင်၊ လူမှုရေး၊ ကျန်းမာ ရေးနှင့် စီးပွားရေးကဏ္ဍများအပေါ် ထိခိုက်မှုများဖြစ်စေသ ဖြင့် မြန်မာ-ထိုင်းနှစ်နိုင်ငံအနေဖြင့် တောမီးကာကွယ်ထိန်း ချုပ်ရေးနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချရေးလုပ်ငန်းများကို ပူးပေါင်းညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။”


    ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး နယ်စပ်ရေးရာဌာန၊ ညွှန်ကြားရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ချွမ်ဖော့နရက်ကေ့မှ တောမီး လောင်ကျွမ်းမှု စောင့်ကြည့်ရေးအတွက် ကွန်ပျူတာစနစ်တပ်ဆင်ခြင်းနှင့် စီမံခန့်ခွဲခြင်းဆိုင်ရာ သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်သည်များအား ရှင်းလင်းဆွေးနွေးခဲ့ရာမှာ “ထိုင်း-မြန်မာနှစ်နိုင်ငံအနေဖြင့် နယ်စပ်ဖြတ်ကျော် တောမီးနှင့် မီးခိုးမြူပြဿနာများကို အလေး ထားပူးပေါင်းဆောင်ရွက်လျက်ရှိပြီး၊ တောမီးလေ့လာစောင့်ကြည့်ရေး စက်ပစ္စည်းတပ်ဆင်ခြင်းနှင့် သင်တန်းပေးခြင်းလုပ်ငန်းများမှာ နှစ်နိုင်ငံကာကွယ် ရေးဦးစီးချုပ်များ၏ ဆွေးနွေးသဘောတူညီချက်များမှ ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း၊ ယခု တောင်ကြီးမြို့တွင် ဆောင် ရွက်ခြင်းအားဖြင့် လေထုအရည်အသွေးဆိုင်ရာ အချက်အလက်များကို အသုံးပြုကာ ပြည်သူများအား ကြို တင်သတိပေးနိုင်ခြင်းနှင့် တောမီးထိန်းချုပ်ရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။”


    ထို့နောက် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး နယ်စပ်ရေးရာဌာန၊ ညွှန်ကြားရေးမှူး ဒုတိယဗိုလ် ချုပ်ကြီး ချွမ်ဖော့နရက်ကေ့မှ တောမီးလောင်ကျွမ်းမှုစောင့် ကြည့်ရေးအတွက် ကွန်ပျူတာစနစ်တပ်ဆင်ခြင်းနှင့်ပတ် ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဆန်းဦးထံ လွှဲပြောင်း စီမံခန့်ခွဲခြင်းဆိုင်ရာသင် တန်းနှင့် စပ်လျဉ်းသည့်ပစ္စည်းများအား ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြပါသည်။


    ယနေ့ကျင်းပတဲ့ အခမ်းအနားတွင် ထိုင်းဘုရင့်တပ်မ တော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၊ နယ်စပ်ရေးရာဌာနမှ ညွှန်ကြားရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ချွမ်ဖော့ နရက်ကေ့ ဦးဆောင်သည့် ကိုယ် စားလှယ်အဖွဲ့များ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ရှမ်းပြည်နယ် လွှတ်တော် ဒုဥက္ကဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ စာရင်းစစ်ချုပ်၊ တိုင်းဦးစီးချုပ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်း သား၊ သင်တန်း သူများ၊ တောင်ကြီးမြို့ပေါ်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

  • ပအို၀်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ ပင်လောင်းမြို့နယ်တွင် လူထုနှင့်တွေ့ဆုံဆွေးနွေး

    ပအို၀်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ ပင်လောင်းမြို့နယ်တွင် လူထုနှင့်တွေ့ဆုံဆွေးနွေး

    ပအို၀်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ ပင်လောင်းမြို့နယ်တွင် လူထုနှင့်တွေ့ဆုံဆွေးနွေး

    ————————-
    မေလ(၅)ရက်၊ ၂၀၂၆
    ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် ရင်းမှီးရပ်ကွက်ရှိ မြသိန်းတန်စာသင်တိုက်၌ ပအို၀်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဒေသဦးစီးဥက္ကဌ ဦးခွန်ဖိုးစိန်နှင့် လွှတ်တော်ကိုယ်စားလှယ်များမှ ဒေသအတွင်းရှိ တာဝန်ရှိသူများနှင့် မိဘပြည်သူများအား တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကို နေ့လည် (၁) နာရီအချိန်တွင် ကျင်းပခဲ့ကြောင်းသိရသည်။

    အခမ်းအနားတွင် မြသိန်းတန်စာသင်တိုက် ဆရာတော်ထံမှ တရားတော်နာယူကာ သရဏဂုဏ်နှင့် ငါးပါးသီလ ခံယူခဲ့ကြပြီးနောက် အမျိုးသားအလံအား အလေးပြုကာ အမျိုးသားသီချင်းကို သီဆိုခဲ့ကြသည်။

    ထို့နောက် ပင်လောင်းမြို့နယ် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီဥက္ကဌ ဒေါက်တာစိုးမိုးကျော်က အဖွင့်အမှာစကားပြောကြားခဲ့ကြသည်။ အဖွင့်အမှာစကားပြောကြားရာတွင် ဒေသဦးစီးနှင့် လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့သည် မိဘပြည်သူများနှင့် တိုက်ရိုက်တွေ့ဆုံကာ ဒေသလိုအပ်ချက်များကို တင်ပြနိုင်ရန် ရည်ရွယ်ကြောင်း၊ ပြည်သူများ၏ မဲတစ်မဲ၏ အရေးပါမှုနှင့် အနာဂတ်အုပ်ချုပ်ရေးဆိုင်ရာ ပြောင်းလဲမှုများကိုလည်း ရှင်းလင်းပြောကြားခဲ့သည်။

    ထို့နောက်ဒေသဦးစီးဥက္ကဌ ဦးခွန်ဖိုးစိန်က လွှတ်တော်နှင့် ဒေသအုပ်ချုပ်ရေးဆိုင်ရာ အတွေ့အကြုံများကို မျှဝေခဲ့ပြီး လာမည့် (၅) နှစ်အတွင်း ပညာရေးနှင့် စီးပွားရေးကဏ္ဍများကို အဓိကဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကျန်းမာရေး၊ လူမှုရေး၊ လမ်းနှင့် တံတားစသည့် ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များကိုလည်း ပြည်သူများမှ တင်ပြနိုင်ကြောင်း ပြောကြားခဲ့သည်။

    ထို့အပြင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နန်းရီရီဝင်း (ခ) နန်းလုံခမ်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ခွန်ထွိုင်ႏနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ခွန်ဝင်းနောင်တို့မှလည်း လွှတ်တော်အတွေ့အကြုံများကို ပြန်လည်မျှဝေခဲ့ကြပြီး လူထုနှင့်ပူးပေါင်းဆောင်ရွက်မှု၏ အရေးပါမှုကို အလေးထားပြောကြားခဲ့ကြသည်။


    တွေ့ဆုံပွဲတွင် မိဘပြည်သူများမှ မိမိတို့ဒေသနှင့် သက်ဆိုင်သော လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ကြပြီး အချို့သောအချက်များအပေါ် အကောင်အထည်ဖော်နိုင်မှု၊ အချိန်လိုအပ်ချက်များနှင့် ပတ်သက်၍ အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

    ထို့နောက်ပအိုဝ်းအမျိုးသားပါတီ (PNO) အဖွဲ့ဝင် မော်ခွန်စောထီးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး ညနေ (၅) နာရီအချိန်တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။ အဆိုပါ တွေ့ဆုံပွဲသို့ ပအို၀်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဌနှင့် လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့များ၊ ဒေသခံမိဘပြည်သူများ စုစုပေါင်း (၂၅၀) ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

  • လွိုင်လင်မြို့နယ်တွင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ခွန်သက်နိုင် လူထုနှင့်တွေ့ဆုံဆွေးနွေး

    လွိုင်လင်မြို့နယ်တွင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ခွန်သက်နိုင် လူထုနှင့်တွေ့ဆုံဆွေးနွေး

    လွိုင်လင်မြို့နယ်တွင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ခွန်သက်နိုင် လူထုနှင့်တွေ့ဆုံဆွေးနွေး

    ———————————–
    မေလ(၅) ရက်၊ ၂၀၂၆ ခုနှစ်
    ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်ဆဟောင်း ကျေးရွာအုပ်စုရှိ ပန်းတင်ဗော်၊ ရွှေစာရံ ကိုးနဝင်း၊ဆုတောင်းပြည့် (ခ)ငြိမ်းချမ်းရေးစေတီတော်၌ လွိုင်လင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ခွန်သက်နိုင်မှ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့ကြောင်းသိရသည်။

    အဆိုပါတွေ့ဆုံပွဲကို မနက် ၉ နာရီတွင် စတင်ကျင်းပခဲ့ပြီး ခွန်သက်နိုင်မှလွှတ်တော်လုပ်ငန်းစဉ်များ၊ ကိုယ်တိုင်ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများကိုမျှဝေရှင်းလင်းပြောကြားခဲ့သည်။ ထို့ပြင် အနာဂတ်လုပ်ငန်းစဉ်များတွင်မိဘပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်းလည်းထည့်သွင်းပြောကြားခဲ့သည်။

    ဆက်လက်၍ဟိုင်းနန်းကျေးရွာအုပ်စု ဥက္ကဋ္ဌ ဦးခွန်လှမောင်မှ အမှာစကား ပြောကြားခဲ့ပြီးဆဟောင်းကျေးရွာ အုပ်စု ဥက္ကဋ္ဌမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။


    အဆိုပါဆွေးနွေးပွဲသို့ လွိုင်လင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရွာသူကြီးများနှင့် ဒေသခံ မိဘပြည်သူများ စုစုပေါင်း (၁၀၆) ဦးကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။