ပအိုဝ်းစာပေနှင့် ယဉ်ကျေးမူအဖွဲ့၊ ဗဟိုကြက်ခြေနီအဖွဲ့တို့က စုပေါင်းကာ ဗိုလ်မှူးစောမောင်နှင့် လုံခြုံရေးအဖွဲ့တို့ကဦးဆောင်ကာ တောင်မဲသင်းရှိ ပြည်သူတို့၏အခက်အခဲကို လာရောက်တွေ့ဆုံမေးမြန်း၍ လိုအပ်သည်များ လှူဒါန်း
====================================

မေလ (၁၀)ရက်၊ ၂၀၂၆ခုနှစ်
အထူးဒေသ (၆) ၊ရှမ်းပြည်နယ်တောင်ပိုင်း၊ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ပင်လောင်းမြို့နယ်၊ တောင်မဲသင်းရွာတွင် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမူအဖွဲ့၊ ဗဟိုကြက်ခြေနီအဖွဲ့တို့စုပေါင်းကာ ဗိုလ်မှူးစောမောင်နှင့်လုံခြုံရေးအဖွဲ့တို့ကဦးဆောင်၍ ဒေသခံပြည်သူတို့၏အခက်အခဲကို လာရောက်တွေ့ဆုံမေးမြန်းကာ လိုအပ်သည်များကို လှူဒါန်းခဲ့ကြောင်း သိရပါသည်။


တောင်မဲသင်းရွာရှိ ပြည်သူများသည် စစ်ရေးအခြေအနေကြောင့် တိမ်းရှောင်ခဲ့ရပြီး ပြီးခဲ့သည် (၄)လပိုင်းက မိမိရပ်ရွာသို့ အကုန်နီးပါးပြန်လည်ရောက်ရှိနေထိုင်လာကြပြီး အဆိုပါရွာတွင် အိမ်ခြေပေါင်း (၃၁၆)ခန့်ရှိပြီး နေအိမ်(၆၉) ခန့်က ပျက်စီးသွားကြောင့်သိရသည်။


အဆိုပါအဖွဲ့များသည် ဒေသခံပြည်သူတို့၏ လိုအပ်ချက်များ၊နေထိုင်ရေးအခြေအနေများစသည်ဖြင့် လာရောက်တွေ့ဆုံမေးမြန်းခဲ့ပြီး ဒေသခံပြည်သူများသည်လည်း မိမိတို့အရေးပေါ် အိမ်ဆောက်ဖို့ မိုးကာများလိုအပ်ကြောင်းနှင့် လိုအပ်သော အိမ်ထောင်စု ဘယ်နှစ်စုရှိကြောင်း တင်ပြခဲ့ကြပါသည်။


အဆိုပါအဖွဲ့များသည် တောင်မဲသင်းရှိ ပြည်သူများအတွက် ဆန် (၆)ပြည်အိတ် ၆၀ခန့်၊ ဆန် ၂၄ပြည် (၄)အိတ်၊ဆား(၃)အိတ်၊ ဆပ်ပြာ(၄) အိတ်၊ ကြာဆန်များ၊ အကျီနှင့် ခေါင်းလျှော်ရည်များ ပါဝင်ကြောင်းသိရှိရပါသည်။



Leave a Reply