ပင်လုံမြို့ ပြည်သူ့ဆေးရုံ ဒေါက်တာရှိုန်းထက်ဝေအောင် ဦးဆောင်ပြီး ဒေသခံပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်းဆောင်ရွက်


မေလ ၁၃ရက်၊ ၂၀၂၆ခုနှစ်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ် ၊ ပင်လုံမြို့အနီး ကျူးရုံးရွာ၊ ကျူရုံးသိရိမင်္ဂလာကျောင်းမှာ ဒီနေ့ (၁၃.၅.၂၀၂၆)၊ (၉း၃၀)မှာ ပင်လုံမြို့ ပြည်သူ့ဆေးရုံ ဒေါက်တာရှိုန်းထက်ဝေအောင် ဦးဆောင်ပြီး ဒေသခံပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှု ရရှိစေရန် ရည်ရွယ်၍ ကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်းပြုလုပ်ခဲ့ကြောင်းသိရပါသည်။

အဆိုပါကွင်းဆင်းရာတွင် လွိုင်လင်မြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စာလှယ် ခွန်သက်နိုင် လိုက်ပါ ကြည့်ရှုခဲ့ကြောင်းသိရပါသည်။

ရှေးဦးစွာ ကျောင်းထိုင်ဆရာတော် နှင့် ကိုရင်တွေကို အထွေထွေကျန်းမာရေး စစ်ဆေးပေးခြင်း၊ သွေးပေါင်ချိန်နှင့် ဆီးချိုရောဂါ စစ်ဆေးပေးခြင်း၊ ရာသီတုပ်ကွေးနှင့် အဖြစ်များသောရောဂါများအတွက် ဆေးဝါးကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး ဒေသခံမိဘပြည်သူများကိုလည်း ကျန်းမာရေးစစ်ဆေးခြင်း၊ ဆေးဆေးပေးခြင်း၊ ကုသခြင်းများ ဆက်လက်ပြုလုပ်ခဲ့ကြောင်းသိရပါသည်။


ထို့အပြင် မိခင်နှင့်ကလေး ကျန်းမာရေးစောင့်ရှောက်မှု၊ အာဟာရဆိုင်ရာ အသိပညာပေးခြင်းနှင့် သန့်ရှင်းရေး၊ ကျန်းမာရေး အသိပညာပေး ပြောကြားခဲ့ ကြောင်း သိရသည်။
ဒေသခံပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ဆောင်မှုများကို အလွယ်တကူ ရရှိနိုင်ရန် ယင်းကဲ့သို့ ကွင်းဆင်းဆောင်ရွက်ပေးခြင်းသည် အကျိုးရှိကြောင်း ဒေသခံများက ပြောကြားခဲ့သည်။


တာဝန်ရှိသူများကလည်း ကျေးလက်ဒေသများရှိ ပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုရရှိစေရန် အလားတူ ကွင်းဆင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဤကွင်းဆင်းဆောင်ရွက်မှုတွင် လွိုင်လင်မြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စာလှယ် ခွန်သက်နိုင်၊ ပင်လုံမြို့ ပြည့်သူဆေးရုံ ဒေါက်တာရှိုန်းထက်ဝေအောင်ဇော်၊ တာဝန်ရှိပုဂ္ဂိုလ်များ သွားရောက်ခဲ့ကြပြီး ဒေသခံမိဘပြည်သူများ (၅၀)ကျော်တက်ရောက်ခဲ့ကြောင်းသိရပါသည်။



Leave a Reply