နောင်ကောက်–ခေါ်ပင် ကျေးရွာချင်းဆက်လမ်းတံတားအား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဝင်းနောင်နှင့် မြို့နယ်ဌာနဆိုင်ရာများ၊ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)တာဝန်ရှိပုဂ္ဂိုလ်များမှ ဖဲကြိုးဖြတ်ဖွင့်လှစ်

——————-
ဇွန်လ ၁၇ ရက်၊ ၂၀၂၆
အထူးဒေသ ၆၊ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နန်းပုလင်းကျေးရွာအုပ်စုအတွင်းရှိ နောင်ကောက်ကျေးရွာနှင့် ခေါ်ပင်ကျေးရွာကို ဆက်သွယ်ထားသော တံတားလမ်းဖွင့်လှစ်ပွဲကို ဇွန်လ ၁၇ ရက် နံနက် ၉ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ တံတားအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ပံ့ပိုးကူညီမှုဖြင့် တည်ဆောက်နိုင်ခဲ့ခြင်းဖြစ်ပြီး ဖွင့်လှစ်ပွဲသို့ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဝင်းနောင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြကာ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။


အဆိုပါလမ်းတံတားဖွင့်လှစ်ရခြင်းမှာ နောင်ကောက်ကျေးရွာနှင့် ခေါ်ပင်ကျေးရွာအကြား မိဘပြည်သူများ သွားလာရေးလွယ်ကူစေရန်နှင့် ဒေသခံပြည်သူများ၏ လူမူစီးပွားဘဝတိုးတက်ရေး၊ကုန်စည်းစီးဆင်းမူအားကောင်းစေရန်နှင့် ကျန်းမာရေး၊ပညာရေးအစရှိသည့် ဝန်ဆောင်မူ လုပ်ငန်းများ အထောက်အကူပြုစေရန်ရည်ရွယ် ၍ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သိရသည်။


အခမ်းအနားသို့ နောင်ကောက်ကျေးရွာနှင့် ခေါ်ပင်ကျေးရွာရှိ မိဘပြည်သူများတက်ရောက်ခဲ့ကြပြီး တံတားဖွင့်ပွဲအခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။



Leave a Reply