ဘုန်းတော်ကြီးပညာသင်ကျောင်းများအတွက် KBZ Foundation နှင့် Rotary Club မှ ထောက်ပံ့လှူဒါန်း

Written by

in

ဘုန်းတော်ကြီးပညာသင်ကျောင်းများအတွက် KBZ Foundation နှင့် Rotary Club မှ ထောက်ပံ့လှူဒါန်း

ဇွန်လ (၁၁)ရက်၊ ၂၀၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ မိုင်းပွန်မြို့အနီးရှိ ကမ္ဘောဇစံပြကျေးရွာ (ခေါင်းနွဲ့) ရွာသစ်မှာ ယမန်နေ့ ဇွန်လ (၁၀) ရက်တွင် KBZ Foundation မှ လှူဒါန်းဆောက်လုပ်ခဲ့သောမူလတန်းလွန်ကျောင်းသစ်ဖွင့်ပွဲအခမ်းအနားကို KBZ Foundation နာယက ဦးအောင်ကိုဝင်းက Rotary Club of Metro Yangon မှ တာဝန်ရှိသူများ ရှမ်းတောင်ပရဟိတညီနောင်များ ကွန်ယက်မှ တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ကြောင်းသိရပါသည်။


ရှေးဦးစွာ ကမ္ဘောဇအုပ်စု ကုမ္ပဏီလီမိတက် ဒုတိယဥက္ကဌ ဦးညိုမြင့်က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။ထို့နောက် KBZ Foundation နာယကမှ ပင်လုံ အ.ထ.က (၁) စာသင်ကျောင်းအတွက် လမ်းတိုးချဲ့ပြုပြင်နိုင်ရန် အလှူငွေကျပ် သိန်း (၄၅၀) ကိုလည်းကောင်း၊ မေလ ၂၁ ရက်နေ့က ဆီဆိုင်မြို့နယ် လွယ်ပွတ်ကျေးရွာအုပ်စု၊ ကောင်ဝါးတောင်ရွာတွင် မိုးကြိုးထိမှန်ပြီး သေဆုံးသွားသော နွားအကောင်(၅၀) အတွက် တစ်​ကောင် ၇ သိန်းကျပ်နှုန်းဖြင့် ငွေကျပ် သိန်း ၃၅၀ ကို လည်းကောင်း၊ ခေါင်းနွဲ့၊ လွိုင်လင်၊ မိုင်းပွန်တို့မှ ဆရာဆရာမများနှင့် ကျောင်းသား ကျောင်းသူများကို လက်ဆောင်ပစ္စည်းများ ပေးအပ်ပါသည်။


ထို့နောက် KBZ Foundation နာယက ဦးအောင်ကိုဝင်းနှင့် တာဝန်ရှိသူများက ကမ္ဘောဇစံပြရွာ(ခေါင်းနွဲ့) မူလတန်းလွန်ကျောင်းကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပါသည်။
ဆက်လက်ပြီးKBZ Foundation နာယကနှင့် တာဝန်ရှိသူများက မူလတန်းလွန်ကျောင်း ကမ္ဗည်းဆိုင်းဘုတ်နှင့် ကျောင်းဆောင်သစ်အား အမွှေးနံ့သာရည်များ ပက်ဖြန်းပြီး ကျောင်းဝင်းအတွင်း အမှတ်တရ သစ်ပင်များ စိုက်ပျိုးခဲ့ပါသည်။


မြေဧက ၂၁.၆၇ ဧက ကို KBZ Foundation က ဝယ်ယူခဲ့ပြီး ကမ္ဘောဇစံပြကျေးရွာ (ခေါင်းနွဲ့) ရွာသစ်ကို ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့တွင် လှူဒါန်းဖွင့်လှစ်ပေးခဲ့ပါသည်။
အဆိုပါရွာသစ်တွင် ၂၁ ပေ၊ ၂၉ ပေရှိသော ပျဥ်ထောင်သွပ်မိုးရေမီးစုံ အိမ် ၁၁၉ လုံး ဆောက်လုပ်လှူဒါန်းခဲ့ပြီး မူလတန်းလွန်ကျောင်းသစ်ကို လည်း အလှူငွေ ကျပ် (၃၃၆၀) သိန်းအကုန်အကျခံကာ (၇၀x၃၀) ပေ RCC ၂ ထပ် ဆောက်လုပ်လှူဒါန်းခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ ၈၀ ဝန်းကျင်ကို ဆရာဆရာမ ၅ ဦးတို့က ပညာသင်ကြားပေးသွားမည် ဖြစ်ပါသည်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *