လွိုင်လင်မြို့၌ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်သန်းထူး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေ နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ တွေ့ဆုံ

Written by

in

လွိုင်လင်မြို့၌ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်သန်းထူး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေ နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ တွေ့ဆုံ


———————————————————————-
ဇွန်လ(၁၃)ရက်၊ ၂၀၂၆ခုနှစ်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့၊ လွိုင်လင်ခရိုင် လမ်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ၂၀၂၆ ခုနှစ် ဇွန်လ ၁၃ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များဖြစ်သည့် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်သန်းထူးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေတို့က ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်သန်းထူးက မိမိကိုယ်ကိုယ် မိတ်ဆက်ပြီး အဖွင့်အမှာစကားပြောကြားခဲ့ကြောင်းသိရပါသည်။
ဆက်လက်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေလည်း အမှာစကားပြောကြားပြီး တွေ့ဆုံပွဲတွင် ခရိုင်အဆင့် ဌာနဆိုင်ရာများက မိမိတို့ဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများကို မိတ်ဆက်တင်ပြခဲ့ကြပြီး ဒေသဖွံ့ဖြိုးရေးနှင့် သက်ဆိုင်ရာကဏ္ဍများအပေါ် အထွေထွေဆွေးနွေးခဲ့ကြသည်။


ထို့နောက် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်သန်းထူး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေ၊ လွိုင်လင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ခွန်သက်နိုင် တို့က ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှုး ဦးဇော်မိုးမောင် ထံသို့ အားကစားပစ္စည်းများ ပေးအပ်ခဲ့ပြီး တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။


အဆိုပါတွေ့ဆုံပွဲသည် ဌာနဆိုင်ရာများအကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

အခမ်းအနားကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လျှပ်စစ်ဝန်ကြီး၊ ပြည်နယ်ဆည်မြောင်းဝန်ကြီး၊ လွိုင်လင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များတက်ရောက်ခဲ့ကြောင်းသိရပါသည်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *