တောင်ကြီးမြို့၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးမှုဖြင့် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်း (၃) မျိုး ဖွင့်လှစ်


မေလ(၂၅)ရက်၊ ၂၀၂၆
အထူးဒေသ(၆)၊ ရှမ်းပြည်နယ်တောင်ပိုင်းရှမ်းပြည်နယ်အတွင်း ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လူ့စွမ်းအားအရင်းအမြစ် ပိုမိုမြင့်မားလာစေရန် ရည်ရွယ်၍ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုတို့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် “ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်း (၃) မျိုး” ဖွင့်ပွဲအခမ်းအနားကို ယနေ့ (မေလ ၂၅ ရက်) နံနက် ၁၀ နာရီအချိန်တွင် တောင်ကြီးမြို့ရှိ Royal တောင်ကြီးဟိုတယ်၌ ကျင်းပခဲ့ကြောင်း သိရှိရပါသည်။


အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးမှ အဖွင့်အမှာစကား ပြောကြားရာ၌ ဒေသတွင်း ခရီးသွားလုပ်ငန်း အရှိန်အဟုန်မပျက် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဝန်ဆောင်မှုအပိုင်းတွင် နိုင်ငံတကာအဆင့်မီ ကျွမ်းကျင်လုပ်သားများ ပေါ်ထွက်လာစေရေးအတွက် အစိုးရအဖွဲ့အနေဖြင့် အလေးထား ပံ့ပိုးကူညီဆောင်ရွက်ပေးနေမှုများကို ထည့်သွင်းပြောကြားခဲ့ပြီး
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် သင်တန်းသား၊ သင်တန်းသူများက စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သိရှိရပါသည်။

အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် ဦးစိုင်းထိန်စိုးနှင့်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ၊ သတင်းမီဒီယာအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်းနှင့် အခမ်းအနားအပြီးတွင် တက်ရောက်လာသူများအား စတုဒိသာမုန့်များဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သတင်းသိရှိရပါသည်။



Leave a Reply