မီးဘေးအန္တရာယ်ကို ခေတ်မီ Foam နည်းပညာဖြင့် တုံ့ပြန်နိုင်ရန် အရန်နှင့် သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များအတွက် အခြေခံမီးသတ်ပညာသင်တန်း (၁/၂၀၂၆) ကို တောင်ကြီးမြို့တွင် ဖွင့်လှစ်

မေလ(၂၅)ရက်၊ ၂၀၂၆
အထူးဒသ(၆)၊ရှမ်းပြည်နယ်(တောင်ပိုင်း) ၊တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ယနေ့မေလ (၂၅)ရက်၊၂၀၂၆၊ (တနင်္လာနေ့) နနံပိုင်း(၉)နာရီအချိန်တွင် မီးသတ်ဦးစီးဌာန၊ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ၏ အကြိုအခြေခံ မီးသတ်ပညာသင်တန်း အမှတ်စဉ် (၁/၂၀၂၆) သင်တန်းဖွင့်ပွဲ အခမ်းအနားကိုစည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။


အဆိုပါ အခမ်းအနားစတင်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးမှ သင်တန်းဖွင့် မိန့်ခွန်း ပြောကြားခဲ့ပြီး၊ ဆက်လက်၍ မီးသတ်တပ်ဖွဲ့၏ သမိုင်းကြောင်းနှင့် စွမ်းဆောင်ရည်များကို ဂုဏ်ပြုဖော်ညွှန်းထားသည့် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် ဗီဒီယိုကလစ် (Video Clip) ကို ပြသခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများက မှတ်တမ်းတင်ဓာတ်ပုံ စုပေါင်းရိုက်ကူးခဲ့ကြကြောင်းသိရှိရပါသည်။

မီးသတ်ဦးစီးဌာန၏ စာရင်းဇယားများအရ ရှမ်းပြည်နယ်အတွင်း ၁၁ နှစ်တာကာလအတွင်း ဈေးမီးလောင်မှု ၁၅ ကြိမ် ဖြစ်ပွားခဲ့ပြီး ဆိုင်ခန်းပေါင်း ၅၇၁ ခန်း ပျက်စီးကာ ဆုံးရှုံးမှုတန်ဖိုး ကျပ်သန်း ၅၅၉ သန်းကျော် ရှိခဲ့ကြောင်း သိရသည်။ ယခုသင်တန်းကို မေလ ၂၅ ရက်မှ ၂၉ ရက်အထိ ၅ ရက်ကြာ စာတွေ့၊ လက်တွေ့ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းကာလအတွင်း အခြေခံမီးသတ်ဘာသာရပ်များအပြင် ဖုမ်း (Foam) အမြှုပ်ဆေးရည် အသုံးပြုပုံ၊ မီးသတ်ဆေးဘူးအမျိုးမျိုး ကိုင်တွယ်ပုံ၊ ၁၉၁ ဆော့ဖ်ဝဲလ်အသုံးပြုနည်းနှင့် မီးသတ်ရေပိုက်လိုင်းစနစ် (Installation) ဆိုင်ရာ ခေတ်မီမီးငြိမ်းသတ်ရေး နည်းပညာရပ်များကို စနစ်တကျ ပို့ချပေးသွားမည်ဖြစ်ပြီး ရှမ်းပြည်နယ်အတွင်း သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အခြေခံမီးသတ်ပညာသင်တန်းများကို တောင်ကြီး၊ လွိုင်လင်နှင့် လာရှိုးခရိုင်တို့တွင် အောင်မြင်စွာ ဖွင့်လှစ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။


အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အရန်နှင့် သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ၊ သတင်းမီဒီယာအဖွဲ့များ စုစုပေါင်း အင်အား ၅၀၀ ခန့် တက်ရောက်ခဲ့ကြကြောင်း သတင်းသိရှိရပါသည်။


Leave a Reply