မိုးကြိုးစက်ကွင်းမိ၍ သေဆုံးသွားသည့်နွားများ ပိုင်ရှင်အား KBZ Foundation နှင့် ရှမ်းတောင်ပရဟိတညီနောင်များကွန်ရက်အဖွဲ့မှ ကူညီပံ့ပိုးမည်ဟုသိရ

Written by

in

မိုးကြိုးစက်ကွင်းမိ၍ သေဆုံးသွားသည့်နွားများ ပိုင်ရှင်အား KBZ Foundation နှင့် ရှမ်းတောင်ပရဟိတညီနောင်များကွန်ရက်အဖွဲ့မှ ကူညီပံ့ပိုးမည်ဟုသိရ

——————————
မေလ(၂၄)ရက်၊ ၂၀၂၆
KBZ Foundation နှင့် ရှမ်းတောင်ပရဟိတညီနောင်များကွန်ရက် တို့၏ ဦးဆောင် နာယကကြီး ဦးအောင်ကိုဝင်း ၏ လမ်းညွှန်မှုအရ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် လွယ်ပွတ်အုပ်စု ကောင်ဝါးတောင် ကျေးရွာတွင် (၂၁-၅-၂၀၂၆ )ရက်နေ့က မိုးကြိုးစက်ကွင်းမိ၍ အိမ်မွေး ဒေသနွားများ သေဆုံးခဲ့မှုအား ဆုံးရှုံးခဲ့ကြရသည့် ကျေးရွာပြည်သူတို့ကို ကူညီထောက်ပံ့မှုများ ထိထိရောက်ရောက် ဆောင်ရွက်ပေး နိုင်ရန်အတွက် ရှမ်းတောင်ပရဟိတညီနောင်များကွန်ရက် အတွင်းရေးမှူးချုပ် ဦးအောင်ကြည်ဦးနှင့် အဖွဲ့ဝင်များသည် မွန်းလွဲ(၂:၁၅) အချိန်တွင် ကောင်ဝါးတောင်ရွာသို့ ရောက်ရှိပြီး ကျေးရွာဥက္ကဋ္ဌ ဦးဆွယ်၊ ကျေး ရွာ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ၊ကွင်းဆင်း အချက်အလက်များ ရယူခဲ့ကြရာ အိမ်ထောင်စု ( ၁၇ )စု ပိုင်ဆိုင်သော နွားထီး ( ၁၄ )ကောင် ၊နွားမ (၃၆)ကောင် စုစုပေါင်း နွားကောင်ရေ အကြီး/အငယ်(၅၀) ဆုံးရှုံးခဲ့ရကြောင်း သိရှိရပါသည်။


ဦးခွန်ဗလ (၁)အိမ်ထဲမှ နွား (၁၂) ကောင် ထိခိုက် သေဆုံးခဲ့ပြီး ၊ဦးဥတ္တမ အိမ်မှ နွား (၆)ကောင်တို့ဒုတိယအများဆုံး ၊မိုးကြိုးစက်ကွင်းမိသေဆုံးကြောင်းသိရှိရပါသည်
ကျေးရွာတာဝန်ခံများမှ နွားများ မိုးကြိုးစက်ကွင်းမိ သေဆုံးခဲ့သည့် စားကျက် မြေနေရာသို့ လိုက်လံပြသခဲ့ပါသည်။ ကောင်ဝါးတောင်ကျေးရွာသည် အိမ်ခြေ ( ၁၇၅ )အိမ်ရှိပြီး လူဦးရေ ( ၁၁၉၃ )ဦး ရှိကြောင်းသိရပါသည်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *