ကျူစန်လောင်း အလက၌ ရုံးခန်းအဆောက်အအုံ နှင့် အိမ်သာလိုအပ်နေသဖြင့် လွိုင်လင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှင့် နတလခရိုင်မှူး ကွင်းဆင်းကြည့်ရှု

Written by

in

ကျူစန်လောင်း အလက၌ ရုံးခန်းအဆောက်အအုံ နှင့် အိမ်သာလိုအပ်နေသဖြင့် လွိုင်လင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှင့် နတလခရိုင်မှူး ကွင်းဆင်းကြည့်ရှု

မေ ၂၀ရက်၊ ၂၀၂၆ခုနှစ်
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊လွိုင်လင်မြို့နယ် နားယမ်းကျေးရွာအုပ်စုရှိ ကျူစန်လောင်း အလယ်တန်းကျောင်း(အလက)တွင် ရုံးခန်းအဆောက်အအုံနှင့် အိမ်သာ လိုအပ်နေသဖြင့် လွိုင်လင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ခွန်သက်နိုင်၊နယ်စပ်ရေးရာဝန်ကြီးဌာနမှ နတလခရိုင်မှူး ဦးဇော်ဇော်ထွန်း နှင့် တာဝန်ရှိပုဂ္ဂိုလ်တို့ပါ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။


အဆိုပါ ကျူစန်လောင်း အလကကျောင်းသည် ကျေးရွာပေါင်း (၆ )ရွာမှ ကျောင်းသား/ကျောင်းသူများ တက်ရောက်နေသည့် ကျောင်းဖြစ်ပြီး ကိုးတန်းအထိ သင်ကြားပေးလျက်ရှိသော်လည်း လက်ရှိတွင် ဆရာမ ၂ ဦးသာရှိသဖြင့် သင်ကြားရေးပိုင်းတွင် အခက်အခဲများ ရှိနေကြောင်း ကျောင်းကော်မတီ ထံမှ သိရသည်။

ထို့အပြင် ကျောင်းတွင် အိမ်သာနှင့် ရုံးခန်းအဆောက်အအုံများ မရှိသေးသဖြင့် ကျောင်းသား/ကျောင်းသူများ၏ ကျန်းမာရေးနှင့် ကျောင်းစီမံခန့်ခွဲရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲများ ရှိနေကြောင်း သိရသည်။

ကွင်းဆင်းစစ်ဆေးစဉ်အတွင်း ခွန်သက်နိုင် နှင့် ဦးဇော်ဇော်ထွန်း တို့က ကျောင်းအဆောက်အအုံအခြေအနေ၊ မြေနေရာ လေ့လာကြည့်ရှုခဲ့ပြီး လိုအပ်ချက်များအား သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းညှိနှိုင်းကာ ကူညီဆောင်ရွက်ပေးနိုင်ရေး ဆက်လက်စီစဉ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဒေသခံမိဘပြည်သူများကလည်း လိုအပ်ချက်ကို အမြန်ဆုံး တည်ဆောက်ပေးနိုင်ရေးနှင့် လုံလုံလောက်လောက် ဆရာ/ဆရာမ အင်အား တိုးမြှင့်ခန့်ထားပေးနိုင်ရေးတို့ကို သက်ဆိုင်ရာဌာနများမှ ကူညီဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားပြီး မိုးရာသီမှာ ဆရာ/ဆရာမ တွေက နေအိမ်ကနေ ကျောင်းကိုသွားဖို့ လမ်းများလည်း ကတ္တရာခင်းကျင်းနိုင်ရေးလည်း တင်ပြစေလိုကြောင်း ကျောင်းကော်မတီက ဆက်လက်ပြောကြားခဲ့ပါသည်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *