ရေကြီးမှုကြောင့် တိမ်းစောင်းသွားသည့် တံတား ပြန်လည်ပြင်ဆင်နိုင်ရေး လွိုင်လင်မြို့နယ် ပြည်နယ်လွှတ်တော် ခွန်သက်နိုင် နှင့် နတလ ခရိုင်မှုး ဦးဇောဇော်ထွန်း ကွင်းဆင်းစစ်ဆေး


မေလ ၂၀ရက်၊ ၂၀၂၆ခုနှစ်
၂၀၂၄ ခုနှစ် တာ်သတင်းလ မိုးရာသီကာလအတွင်း ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုကြောင့် တိမ်းစောင်းသွားသော တံတားတစ်စင်းကို ပြန်လည်ပြင်ဆင်တည်ဆောက်နိုင်ရေးအတွက် လွိုင်လင်မြို့နယ် ပြည်နယ်လွှတ်တော် ခွန်သက်နိုင် နှင့် နယ်စပ်ရေးရာဝန်ကြီးဌာနမှ (နတလ) ခရိုင်မှုး ဦးဇောဇော်ထွန်း နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။


ကွင်းဆင်းစစ်ဆေးမှုကို ယနေ့ (၂၀.၅.၂၀၂၆)တွင် လွိုင်လင်မြို့နယ် ဆဟောင်းကျေးရွာအုပ်စု တောင်ပိုင်းရှိရွာများ နှင့် နားယမ်းကျေးရွာအုပ်စု အတွင်းရှိရွာများ ကိုယ်ထူကိုယ်ထ ပြုလုပ်ခဲ့သည့်တံတား ဖြစ်ပြီး ရေကြီးမှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် တံတားကို ပျက်စီးမှုအခြေအနေ၊ သွားလာရေးအခက်အခဲများနှင့် ပြန်လည်ပြုပြင်တည်ဆောက်ရန် လိုအပ်ချက်များကို အသေးစိတ်လေ့လာစိစစ်ခဲ့ကြသည်။


ရွာပေါင်း (၂၀)က ဒေသခံပြည်သူများအနေဖြင့် အဆိုပါ တံတားပျက်စီးမှုကြောင့် ကျေးရွာများအကြား သွားလာရေး စိုးရိမ်ရပြီး ကျောင်းသားများ၊ လူနာများနှင့် ကုန်ပစ္စည်း သယ်ယူရာတွင် စိတ်အခက်အခဲများ ဖြစ်ရကြောင်း တင်ပြခဲ့ကြသည်။

တာဝန်ရှိသူများကလည်း တံတားပြန်လည်ပြင်ဆင်နိုင်ရေးအတွက် လိုအပ်သည့် ဘတ်ဂျက်ခန့်မှန်းမှုများ၊ ဆောက်လုပ်ရေးပုံစံနှင့် နည်းပညာပိုင်းဆိုင်ရာ စိစစ်ချက်များကို စုစည်းကာ သက်ဆိုင်ရာဌာနများသို့ တင်ပြသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် လွတ်တော်ကိုယ်စားလှယ်များက ဒေသခံပြည်သူများအတွက် အရေးကြီးသော လမ်းဖြစ်သည့်အတွက် အမြန်ဆုံး ပြန်လည်ပြုပြင်နိုင်ရေး လိုအပ်ကြောင်းနှင့် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီးတံတားပြန်လည်ပြင်ဆင်ရေးလုပ်ငန်းစဉ်များကို သတ်မှတ်အချိန်အတွင်း အပြီးသတ်ဆောင်ရွက်နိုင်ရန် စီမံချက်ရေးဆွဲကာ နတလဖွံ့ဖြိုးရေးရန်ပုံငွေ သို့မဟုတ် သက်ဆိုင်ရာဘတ်ဂျက်အစီအစဉ်များမှ တင်ပြခွင့်ရရှိရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် လွိုင်လင်မြို့နယ် ပြည်နယ် လွတ်တော်ကိုယ်စားလှယ် ခွန်သက်နိုင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန (နတလ) ခရိုင်မှူး ဦးဇော်ဇော်ထွန်း နှင့် လုံခြုံရေးတပ်ဖွဲ့ ၊တာဝန်ရှိသူများ၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များ နှင့် ကျေးရွာလူထုကိုယ်စားလှယ်များ ပါဝင်ခဲ့ကြောင်း သိရသည်။


Leave a Reply