တောင်ကြီးမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ပုံဆွေပင်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲ ကျင်းပ

Written by

in

တောင်ကြီးမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ပုံဆွေပင်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲ ကျင်းပ
———————————————————————-
တောင်ကြီး၊ ဇွန် ၂၀ရက်၊ ၂၀၂၆-ခုနှစ်
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ်ရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ပုံဆွေပင်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ပညာရည် ချွန်ဆုပေးပွဲနှင့် အလျားပေ(၁၂၀×၃၀) RCc ကျောင်းဆောင်သစ် (သပြေဆောင်) လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ဇွန်လ ၂၀ ရက် နံနက် ၉ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ တောင်ကြီးမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် အမှတ်(၂) ခွန်ဆောင်းရွှေ၊ ပညာရေးမှူး ဦးဇော်လှိုင်ထွန်း၊ တောင်ကြီးခရိုင် ပညာရေးမှူး ဒေါက်တာသင်းသင်းခိုင်၊ ကျောက်တလုံးကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသက်နိုင်၊ ၊ ပြည်နယ်ပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဦးစိုင်းကျော်ဝင်း၊ ပုံဆွေပင် အလယ်တန်းကျောင်း(ခွဲ) ကျောင်းအုပ်ဆရာမကြီး ဒေါ်အိအိထွေး၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ရပ်မိရပ်ဖများ၊ ကျောင်းသားမိဘများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ပညာရည်ချွန်ဆုများ ချီးမြှင့်ပေးအပ်ခဲ့ပြီး အသစ်ဆောက်လုပ်ပြီးစီးခဲ့သည့် အလျားပေ(၁၂၀×၃၀) RCc ကျောင်းဆောင်သစ် (သပြေဆောင်) ကိုလည်း လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *