Author: niyo

  • ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေးကွင်းတွင် ကျင်းပသည့် သံဃာစွမ်းရည်မြှင့်သင်တန်း ဆင်းပွဲအခမ်းအနားသို့ ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခွန်ဝင်းနောင် တက်ရောက်

    ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေးကွင်းတွင် ကျင်းပသည့် သံဃာစွမ်းရည်မြှင့်သင်တန်း ဆင်းပွဲအခမ်းအနားသို့ ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခွန်ဝင်းနောင် တက်ရောက်

    ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေးကွင်းတွင် ကျင်းပသည့် သံဃာစွမ်းရည်မြှင့်သင်တန်း ဆင်းပွဲအခမ်းအနားသို့ ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခွန်ဝင်းနောင် တက်ရောက်
    ဇွန်လ ၂၈ ရက်၊ ၂၀၂၆ ခုနှစ်
    အထူးဒေသ ၆၊ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ရှိ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေးကွင်းတွင် ၁၀ ရက်ကြာ ဖွင့်လှစ်သင်ကြားခဲ့သော သံဃာတော်များ စွမ်းရည်မြှင့်သင်တန်း ဆင်းပွဲအခမ်းအနားကို ဇွန်လ ၂၈ ရက် နံနက် ၉ နာရီခွဲတွင် ကျင်းပခဲ့သည်။
    အခမ်းအနားကို ဆရာတော်သံဃာတော်များနှင့် တက်ရောက်လာကြသူများက နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး၊ သင်တန်းကြီးကြပ်ရေးဆရာတော်များက သြဝါဒစကားများ မြွက်ကြားခဲ့သည်။
    ထို့နောက် နောင်တောင်ကျောင်းဆရာတော်က သင်တန်းပြီးမြောက်သည့် သံဃာတော်များအနေဖြင့် မိမိတို့ဒေသတွင် လူမှုအကျိုးပြုလုပ်ငန်းများနှင့် သာသနာပြုလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ကြရန် တိုက်တွန်းသြဝါဒပေးခဲ့သည်။
    ယင်းနောက် စန္တားခမ်းရုမ်း ဥက္ကဋ္ဌ ဒေါက်တာစိုးမိုးကျော်က ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး၊ ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခွန်ဝင်းနောင်နှင့် စန္တားခမ်းရုမ်း ကော်မတီအဖွဲ့ဝင်များက သင်တန်းပို့ချပေးခဲ့သော ဆရာ၊ ဆရာမများအား ဂုဏ်ပြုမေတ္တာလက်ဆောင်များ ပေးအပ်ခဲ့သည်။
    ထို့နောက် ရေစက်ချ အမျှဝေကာ “ဗုဒ္ဓသာသနံ စိရံတိဌတု” သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို နေ့လယ် ၁၁ နာရီတွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။
    အဆိုပါ သံဃာစွမ်းရည်မြှင့်သင်တန်း ဆင်းပွဲအခမ်းအနားသို့ ဆရာတော်ကြီးများ၊ သံဃာတော်များ၊ သင်တန်းဆရာ/ဆရာမများ၊ ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခွန်ဝင်းနောင်၊ စန္တားခမ်းရုမ်း ကော်မတီဝင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
  • တောင်ကြီးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် ပင်တွန်ကျေးရွာအုပ်စု ဒေသခံပြည်သူများ တွေ့ဆုံ

    တောင်ကြီးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် ပင်တွန်ကျေးရွာအုပ်စု ဒေသခံပြည်သူများ တွေ့ဆုံ

    တောင်ကြီးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် ပင်တွန်ကျေးရွာအုပ်စု ဒေသခံပြည်သူများ တွေ့ဆုံ
    ဇွန် ၂၆ ရက်၊ ၂၀၂၆-ခုနှစ်
    ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အထူးဒေသ(၆)၊ တောင်ကြီးမြို့နယ် ပင်တွန်ကျေးရွာအုပ်စု၊ နောင်ဟိုင်းဘုန်းတော်ကြီးကျောင်း၌ ဇွန်လ ၂၆ ရက်က တောင်ကြီးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသခံမိဘပြည်သူများ တွေ့ဆုံပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
    တွေ့ဆုံပွဲတွင် တောင်ကြီးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အမှတ်(၁) ခွန်ကြည်၊ အမှတ်(၂) ခွန်ဆောင်းရွှေ၊ တောင်ကြီးမြို့နယ် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီမှ တာဝန်ရှိသူများ၊ လွှတ်တော်ရေးရာတာဝန်ခံများနှင့် ပင်တွန်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ဒေသခံမိဘပြည်သူများ တက်ရောက်ခဲ့ကြသည်။
    အခမ်းအနားတွင် တောင်ကြီးမြို့နယ် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ ဥက္ကဌ ဦးခွန်မောင်ဒု က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်အတွေ့အကြုံများနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ရှင်းလင်းမျှဝေခဲ့သည်။
    ထို့နောက် ကျေးရွာအသီးသီးမှ ဒေသခံပြည်သူများက လမ်းပန်းဆက်သွယ်ရေး၊ တံတားပြုပြင်ရေး၊ လျှပ်စစ်မီးရရှိရေး၊ သောက်သုံးရေ၊ ပညာရေးနှင့် စီးပွားရေးဆိုင်ရာ လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ကြပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက တင်ပြချက်များကို သက်ဆိုင်ရာကဏ္ဍများနှင့် ညှိနှိုင်းပေါင်းစပ်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
    ယင်းနောက် ကျောက်တလုံးကြီးမြို့နယ်ရဲစခန်းမှ ရဲအုပ်ဇေလတ်က အွန်လိုင်းစလော့ဂိမ်းနှင့်ပတ်သက်သည့် အသိပညာပေးဟောပြောခဲ့ပြီး အခမ်းအနားကို တောင်ကြီးမြို့နယ် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ဒု-ဥက္ကဌ ဖြားခွန်ကြွုတ်က ကျေးဇူးတင်အမှာစကား ပြောကြား ခဲ့ကြောင်း သိရသည်။
    အဆိုပါတွေ့ဆုံပွဲသို့ ပင်တွန်ကျေးရွာအုပ်စုရှိ ကျေးရွာ ၂၃ ရွာမှ ဒေသခံပြည်သူ ၁၅၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
  • (၃၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား တောင်ကြီးမြို့၌ ကျင်းပ

    (၃၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား တောင်ကြီးမြို့၌ ကျင်းပ

    (၃၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား တောင်ကြီးမြို့၌ ကျင်းပ
    ———————————————————————-
    တောင်ကြီး၊ ဇွန် ၂၆ရက်၊ ၂၀၂၆-ခုနှစ်
    ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သည့် (၃၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင် ကြီးမြို့တော်ခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
    အခမ်းအနားတွင် ရှမ်းပြည်နယ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။
    ဆက်လက်၍ ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အတွက် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးထံမှ ပေးပို့သည့် သဝဏ်လွှာကို ရှမ်းပြည်နယ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးက ဖတ်ကြားခဲ့သည်။
    ယင်းနောက် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏ ဆောင်ရွက်ချက်မှတ်တမ်းဗီဒီယိုကို ပြသခဲ့ပြီး အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအ မှတ် စာပေနှင့် ဂီတပြိုင်ပွဲများတွင် ဆုရရှိသူများ၊ မူးယစ်တားဆီးကာကွယ်ရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် ဆုရရှိသူများနှင့် အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။
    ဒုတိယပိုင်းအစီအစဉ်တွင် ဧည့်သည်တော်များက မူးယစ်ဆေးဝါးပပျောက်ရေး လှုပ်ရှားမှုပြခန်းများအား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး ပြခန်းများအတွင်း ခင်းကျင်းပြသထားသည့် အသိပညာပေးပြကွက်များ၊ လှုပ်ရှားမှုမှတ်တမ်းများနှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဆိုင်ရာ ပြသပစ္စည်းများကို လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
  • တောင်ကြီးမြို့တွင် (၃၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဖမ်းဆီးရမိမူးယစ်ဆေးဝါးများနှင့် ဓာတုဆေးရည်များ မီးရှို့ဖျက်ဆီး

    တောင်ကြီးမြို့တွင် (၃၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဖမ်းဆီးရမိမူးယစ်ဆေးဝါးများနှင့် ဓာတုဆေးရည်များ မီးရှို့ဖျက်ဆီး

    တောင်ကြီးမြို့တွင် (၃၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဖမ်းဆီးရမိမူးယစ်ဆေးဝါးများနှင့် ဓာတုဆေးရည်များ မီးရှို့ဖျက်ဆီး
    ဇွန်လ ၂၆ ရက်၊ ၂၀၂၆ခုနှစ်၊
    (၃၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများနှင့် ဓာတုဆေးရည်များ မီးရှို့ဖျက်ဆီးပွဲ အခမ်းအနားကို ဇွန်လ ၂၆ ရက် နံနက်ပိုင်းက ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ ကျင်းပပြုလုပ်ခဲ့သည်။
    အခမ်းအနားသို့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်နိုင်ဦး၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် မင်းသူ၊ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တရားရေးနှင့် ဥပဒေရေးရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့မှ တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ ONCB မှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
    အခမ်းအနားတွင် ရှမ်းပြည်နယ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ အတွင်းရေးမှူး၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ကျော်ကျော်ဟန်က ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများနှင့် ဓာတုဆေးရည်များ မီးရှို့ဖျက်ဆီးခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့သည်။
    ထို့နောက် တက်ရောက်လာသည့် ဧည့်သည်တော်များက ဓာတုဆေးရည်များအား သွန်ချဖျက်ဆီးခဲ့ကြပြီး မီးရှို့ဖျက်ဆီးမည့် မူးယစ်ဆေးဝါးများကို ကြည့်ရှုစစ်ဆေးကာ သတ်မှတ်ထားသည့် စက်ခလုတ်ခုံအသီးသီးတွင် နေရာယူ၍ တစ်ပြိုင်နက် စက်ခလုတ်နှိပ်ကာ မီးရှို့ဖျက်ဆီးခဲ့ကြသည်။
    ယခုနှစ် မီးရှို့ဖျက်ဆီးသည့် မူးယစ်ဆေးဝါးများတွင် ဘိန်းဖြူ၊ စိတ်ကြွရူးသွပ်ဆေးပြား၊ စိတ်ကြွအကြေမှုန့်၊ အိုက်စ်၊ ကက်တမင်း၊ ဆေးခြောက်၊ ဘိန်းဆီခဲ၊ ဘိန်းစာရွက်၊ အက်တက်စီ၊ Happy Water နှင့် အခြားမူးယစ်ဆေးဝါးအမျိုးအစားများ၊ ဓာတုဆေးရည်များ ပါဝင်ခဲ့ပြီး စုစုပေါင်း
    စုစုပေါင်း တန်ဖိုး ငွေကျပ် ၅၈၇ ဒသမ ၁၂၅၇ (အမေရိကန်ဒေါ်လာ ၁၇၄ ဒသမ ၇၃၉၈ သန်း) အား မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရ သည်။
    ဆက်လက်၍ လူငယ်များအား မူးယစ်ဆေးဝါးအန္တရာယ်ကင်းရှင်းရေး အသိပညာပေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ဂုဏ်ပြုချီးမြှင့်ငွေများကို တောင်ကြီးမြို့ အခြေခံပညာအထက်တန်း ကျောင်း(၃)နှင့် အခြေခံပညာအထက်တန်း ကျောင်း(၄)တို့သို့ တစ်ကျောင်းလျှင် ငွေကျပ် (၁၀)သိန်းစီ ပေးအပ်ချီးမြှင့်ခဲ့သည်။
  • လွိုင်လင်မြို့နယ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ခွန်သက်နိုင် မိုင်းပွန်မြို့၌ လူထုနှင့် ကွင်းဆင်းတွေ့ဆုံ

    လွိုင်လင်မြို့နယ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ခွန်သက်နိုင် မိုင်းပွန်မြို့၌ လူထုနှင့် ကွင်းဆင်းတွေ့ဆုံ

    လွိုင်လင်မြို့နယ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ခွန်သက်နိုင် မိုင်းပွန်မြို့၌ လူထုနှင့် ကွင်းဆင်းတွေ့ဆုံ
    —————————
    ဇွန်လ (၂၆)ရက်၊ ၂၀၂၆ခုနှစ်
    ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ မိုင်းပွန်မြို့ မင်္ဂလာဦးကျောင်း၌ ဇွန်လ(၂၅)ရက် (၂၀၂၆)ခုနှစ် မနက်ပိုင်း (၇)နာရီ မှာ လွိုင်လင်မြို့နယ်၊ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခွန်သက်နိုင် လူထုနှင့် ကွင်းဆင်းတွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်းသိရပါသည်။
    တွေ့ဆုံမှုမှာ လွိုင်လင်မြို့နယ်၊ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခွန်သက်နိုင်မှ လွှတ်တော်အတွေ့အကြံု၊ လွှတ်တော်လုပ်ငန်းစဥ်၊ လုပ်ဆောင်မှုမှတ်တမ်းများ နှင့် မိမိဒေသ တိုးတက်ရေးတွက် တင်ပြနိုင်ရန် လုပ်ထုံးလုပ်နည်းများ ကိုကျေးရွာ အုပ်စုထိ ဆွေးနွေးခဲ့ကြပါသည်။
    နေ့လည်ပိုင်းမှာ နမ့်တဗိုရွာ၊ လုံးအောင်ရွာနှင့် ကွန်လောဝ်ရွာ တို့ကိုလည်း သွားရောက်တွေ့ဆုံခဲ့ကြပြီး ဒေသခံများက မိမိဒေသတွင် လိုအပ်နေသည့် အခြေနေများ၊ လိုအပ်ချက်များကို တင်ပြခဲ့ကြပါသည်။
    ဤကွင်းဆင်းတွေ့ဆုံမှုများမှတဆင့် ဒေသခံများက ကျေးဇူးတင်ကြပြီး လွှတ်တော်အဆင့်တွင် တင်ပြနိုင်မည့် အခြေခံအချက်များကို စုဆောင်းနိုင်ခြင်းတို့ဖြင့် ဒေသတိုးတက်ရေးအတွက် အကျိုးရှိမည်ဟု မျှော်လင့်ထားကြသည်။
  • ပင်လုံမြို့၊ရပ်ကွက်(၂)၌ဖွင့်လှစ်ခဲ့သော”အခြေခံစက်ချုပ်နည်းပညာသင်တန်းဆင်းပွဲကျင်းပ

    ပင်လုံမြို့၊ရပ်ကွက်(၂)၌ဖွင့်လှစ်ခဲ့သော”အခြေခံစက်ချုပ်နည်းပညာသင်တန်းဆင်းပွဲကျင်းပ

    ပင်လုံမြို့၊ရပ်ကွက်(၂)၌ဖွင့်လှစ်ခဲ့သော”အခြေခံစက်ချုပ်နည်းပညာသင်တန်းဆင်းပွဲကျင်းပ
    ————————-
    ဇွန်လ (၂၅)ရက်၊ ၂၀၂၆ခုနှစ်
    ရှမ်းပြည်နယ်(တောင်ပိုင်း)၊လွိုင်လင်ခရိုင်၊ပင်လုံမြို့၌သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှအသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့်ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းအစီအစဥ်ဖြင့် စက်ချုပ်သင်တန်းဖွင့်ပွဲကိုယမန်နေ့ နေ့လည်(၂)နာရီကပင်လုံမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပခဲ့ကြောင်းသိရပါသည်။
    ရှေးဦးစွာ အခမ်းအနားတွင်လွိုင်လင်ခရိုင်စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးကြည်မြင့်က သင်တန်းဆင်းအမှာစကားပြောကြားပြီးသင်တန်းမှထွက်ရှိသောကုန်ချောပစ္စည်းများအားတာဝန်ရှိသူများကအသီးသီးပေးအပ်ခဲ့ကြောင်းသိရသည်။ထို့နောက်လွိုင်လင်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူးဦးရာဇာကသင်တန်းဆင်းလက်မှတ်များချီးမြှင့်ကာ သင်တန်းသူတစ်ဦးကကျေးဇူးတင်စကားပြောကြားခဲ့သည်။
    အဆိုပါသင်တန်းတွင် သင်တန်းသူ(၁၀)ဦးသင်တန်းဆင်းခဲ့ကြပြီး သင်တန်းသူများနှင့်တက်ရောက် လာသူများအား လွိုင်လင်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးကြည်မြင့်ကရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားကာ သင်တန်းသူများကိုယ်တိုင်ချုပ်လုပ်ထားသော အဝတ်အထည်များ ကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်းသိရှိရသည်။
    လွိုင်လင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌနှင့်တာဝန်ရှိသူများ၊ပင်လုံမြို့ မြို့အုပ်ချုပ်ရေးမှူးနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊လွိုင်လင်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ပင်လုံမြို့အမျိုးသမီးရေးရာအသင်းဥက္ကဌနှင့်အဖွဲ့ဝင်များ၊မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့၀င်များ၊စက်ချုပ်သင်တန်းမှသင်တန်းသူ/သင်တန်းသားများတက်ရောက်ခဲ့ကြောင်းသိရသည်။
  • ပြည်နယ်လွတ်တော်ခွန်ထွန်းငယ် အခြေခံစက် ချုပ်နည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားတက်ရောက်

    ပြည်နယ်လွတ်တော်ခွန်ထွန်းငယ် အခြေခံစက် ချုပ်နည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားတက်ရောက်

    ပြည်နယ်လွတ်တော်ခွန်ထွန်းငယ် အခြေခံစက် ချုပ်နည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားတက်ရောက်
    ဇွန်လ ၂၂ရက်၊ ၂၀၂၆ခုနှစ်
    ရှမ်းပြည်နယ်(တောင်ပိုင်း)၊ကလောခရိုင် ကလောမြို့နယ် ဘော်ဆိုင်းကျေးရွာအုပ်စု ပြည်သာကျေးရွာခန်းမ၌ အခြေခံစက်ချုပ်နည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားကို ဇွန်လ ၂၁ရက်နေ့ ညနေပိုင်း(၁:၃၀)တ္ငင် ပြုလုပ်ခဲ့ကြောင်းသိရပါသည်။
    အခမ်းအနားတွင် ကလောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂)ခွန်ထွန်းငယ်၊ ကလောခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး၊ကလောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးတို့က သင်တန်းဆင်းပွဲ အဖွင့်အမှာစကားပြောကြားခဲ့ကြပါသည်။
    ထို့နောက် တက်ရောက်လာသည့်ဒေသခံပြည်သူများက ကျေးရွာလိုအပ်ချက်ကိုတင်ပြကြပြီး ပြည်နယ်လွတ်တော်ခွန်ထွန်းငယ်မှ ဌာနဆိုင်ရာနှင့်ပေါင်းစပ်ညှိနိုင်းပေးခဲ့ကြောင်း ဆက်လက်ပြီး အမှတ်(၆)အထကဘော်ဆိုင်းစာသင်ခန်းတွင် လိုအပ်သည်များကို ကွင်းဆင်းကြည့်ရှုခဲ့ကြောင်းသိရသည်။
  • လွိုင်လင်ခရိုင် ရပ်ကွက်(၄)၌ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အခြေခံစက်ချုပ်နည်း ပညာသင်တန်းဖွင့်ပွဲ အခမ်းအနားပြုလုပ်

    လွိုင်လင်ခရိုင် ရပ်ကွက်(၄)၌ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အခြေခံစက်ချုပ်နည်း ပညာသင်တန်းဖွင့်ပွဲ အခမ်းအနားပြုလုပ်

    လွိုင်လင်ခရိုင် ရပ်ကွက်(၄)၌ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အခြေခံစက်ချုပ်နည်း ပညာသင်တန်းဖွင့်ပွဲ အခမ်းအနားပြုလုပ်
    ဇွန်လ ၂၂ရက်၊ ၂၀၂၆ခုနှစ်
    ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင် ရပ်ကွက်(၄)၌ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အခြေခံစက်ချုပ်နည်း ပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ဇွန်လ ၂၂ရက်နေ့ ညနေပိုင်း(၂:၃၀)တ္ငင် ပြုလုပ်ခဲ့ကြောင်းသိရပါသည်။
    အခမ်းအနားတွင် လွိုင်လင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ် စားလှယ် ခွန်သက်နိုင်မှ မိတ်ဆက်အမှာစကားပြောကြားခဲ့ပြီး လွိုင်လင်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကြည်မြင့်က သင်တန်းအဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
    ထို့နောက် လွိုင်လင်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲအောင်အောင်၊ မိခင်နှင့် ကလေးစောက်ရှောက်ရေးကြီးကြပ်အဖွဲ့ မှ ဒေေါ်ဇင်သူသူဝင်း တို့က သင်တန်းသူများကို လုပ်ငန်းသုံးပစ္စည်းများနှင့် သင်တန်းသုံးကုန်ကြမ်းပစ္စည်းများ ပေးအပ်ခဲ့ပါသည်။
    ပစ္စည်းများပေးအပ်ပြီးတဲ့နောက် မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခြင်းနှင့် သင်တန်းသုံးကုန်ပစ္စည်းများ ကြည့်ရှုစစ် ဆေးခြင်းပြုလုပ်ခဲ့ပါသည်။
    ဤသင်တန်းကို သင်တန်းသား (၁၀)ဦးတက်ရောက်ကာ စက်ချုပ်နည်း အခြေခံကျွမ်းကျင်မှုရရှိစေရန်၊ အမျိုးသမီးများ၊လူငယ်များအတွက် အသက်မွေးဝမ်း
    ကျောင်းအခွင့်အလမ်း ဖန်တီးပေးနိုင်ရန်၊ ဒေသခံအသေးစား စက်မှုလက်မှုလုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးစေရန် ရည်ရွယ်ပြီး ၄၅ ရက်ကြာ သင်ကြားမည်ဖြစ်ကြောင်းသိရပါသည်။
  • စန္တားခမ်းရုမ်း၌ ပရဟိတလူမှုကူညီရေးအသင်းဖွဲ့အတွက် ခေါင်းဆောင်ရွေးချယ်တင်မြှောက်ရေး အစည်းအဝေးပြုလုပ်

    စန္တားခမ်းရုမ်း၌ ပရဟိတလူမှုကူညီရေးအသင်းဖွဲ့အတွက် ခေါင်းဆောင်ရွေးချယ်တင်မြှောက်ရေး အစည်းအဝေးပြုလုပ်

    စန္တားခမ်းရုမ်း၌ ပရဟိတလူမှုကူညီရေးအသင်းဖွဲ့အတွက် ခေါင်းဆောင်ရွေးချယ်တင်မြှောက်ရေး အစည်းအဝေးပြုလုပ်
    ဇွန်လ ၂၁ရက်၊ ၂၀၂၆ ခုနှစ် အထူးဒေသ (၆)၊
    ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့၊ စန္တားခမ်းရုမ်း ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေး တပေါင်းကွင်း (ဒဲဉ်သီဗွေကွင့်) ၌ ပရဟိတလူမှုကူညီရေးအသင်း ဖွဲ့စည်းနိုင်ရေးနှင့် ခေါင်းဆောင်ရွေးချယ်တင်မြှောက်ရေး အစည်းအဝေးကို ဇွန်လ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
    အဆိုပါ အစည်းအဝေးသို့ စန္တားခမ်းရုမ်း ဥက္ကဋ္ဌ ဒေါက်တာစိုးမိုးကျော်၊ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအသင်း ဒုတိယဥက္ကဋ္ဌ ခွန်ကျော်ရွှေနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ဒေါက်တာစိုးမိုးကျော်က အသင်းဖွဲ့စည်းရေးနှင့် သက်ဆိုင်သော ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းဖတ်ကြားပေးခဲ့ကြောင်း သိရသည်။
    ထို့နောက် တက်ရောက်လာသူများက အသင်း၏ လုပ်ငန်းဆောင်ရွက်မှုများကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန်နှင့် လူမှုကူညီရေးလုပ်ငန်းများကို စည်းလုံးညီညွတ်စွာ ဆက်လက်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြသည်။
    ဆွေးနွေးညှိနှိုင်းမှုများအပြီး တက်ရောက်လာသူများ၏ သဘောတူညီချက်ဖြင့် ပရဟိတလူမှုကူညီရေးအသင်း၏ ဥက္ကဋ္ဌအဖြစ် ခွန်ကျော်ရွှေ၊ ဒုတိယဥက္ကဋ္ဌအဖြစ် ကိုခင်မောင်နှင့် အတွင်းရေးမှူးအဖြစ် ခွန်ဖိုးနိုင်တို့ကို ရွေးချယ်တင်မြှောက်ခဲ့ကြကြောင်း သိရသည်။
    အဆိုပါ အစည်းအဝေးသို့ စန္တားခမ်းရုမ်း ဉက္ကဋ္ဌနှင့်မော်အဖွဲ့ဝင်များ၊ကော်မတီအဖွဲ့ဝင်များတက်ရောက်ခဲ့ကြကြောင်းသိရသည်။ အသင်းအနေ ဖြင့် မိမိဒေသတွင်း လူမှုအကျိုးပြုလုပ်ငန်းများကို ဆက်လက်တိုးချဲ့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
  • လွိုင်လင်ခရိုင်၊ ရတနာစည်တပ်ဦး စာသင်တိုက်၌၂ဝ၂၆ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအခမ်းနားကျင်းပ

    လွိုင်လင်ခရိုင်၊ ရတနာစည်တပ်ဦး စာသင်တိုက်၌၂ဝ၂၆ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအခမ်းနားကျင်းပ

    လွိုင်လင်ခရိုင်၊ ရတနာစည်တပ်ဦး စာသင်တိုက်၌၂ဝ၂၆ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအခမ်းနားကျင်းပ
    —-+—————————————————————
    ဇွန်လ ၂၀ ရက်၊ ၂၀၂၆ ခုနှစ်
    ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ရတနာစည်တပ်ဦး စာသင်တိုက်၌ ၂၀၂၆ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ဇွန်လ ၂၀ ရက် နံနက် ၈ နာရီတွင် ပတ်ဝန်းကျင်စိန်းလန်းစိုပြေစေရန်၊ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်မျှတမှုကို ထိန်းသိမ်းနိုင်စေရန်၊ စိမ်းလန်းစိုပြည်သည့် ရေမြေသဘာဝဖြစ်ထွန်းစေရန်၊ ကောင်းမွန်မျှတသည့် ရာသီဥတုဖြစ်ပေါ်စေရန်နှင့် အရိပ်အာဝါသရရှိစေရန်ရည်ရွယ်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
    အခမ်းအနားတွင် လွိုင်လင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကြည်မြင့်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး သစ်ပင်စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ပျိုးပင်များ ပေးအပ်ခဲ့သည်။
    ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သက်နိုင်၊ အမှတ်(၂) ဒုံးစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ဗိုလ်မှူးချုပ် သန်းထွန်းအောင်၊ လွိုင်လင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခရိုင်အုပ်ချုပ်ရေးမှူး ဦးကြည်မြင့် နှင့် တာဝန်ရှိသူများက ပျိုးပင်များကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ ပအိုဝ်းတိုင်းရင်းသား ကိုယ်စားလှယ်များ၊ အမျိုးသမီးရေးရာအဖွဲ့၊ ရှမ်းတိုင်းရင်းသား ကိုယ်စားလှယ်များနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့ထံ အသီးသီး ပေးအပ်ခဲ့ကြပြီး ကိုယ်စားလှယ်များက လက်ခံရယူခဲ့ကြသည်။
    ယင်းနောက် အမှတ်(၂) ဒုံးစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ဗိုလ်မှူးချုပ် သန်းထွန်းအောင်၊ လွိုင်လင်ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးကြည်မြင့်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သက်နိုင် နှင့် တက်ရောက်လာကြသော ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများက သစ်ပင်စိုက်ပျိုးမည့် နေရာများတွင် နေရာယူ၍ စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ကြသည်။
    ယခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတွင် သစ်မျိုး (၁၁) မျိုး၊ ပျိုးပင်စုစုပေါင်း (၁,၅၀၀) ကို စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။အခမ်းအနားအပြီးတွင် တာဝန်ရှိသူများက သစ်ပင်စိုက်ပျိုးနေမှုများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင့်သိရပါသည်။