စန္တားခမ်းရုမ်း၌ ပရဟိတလူမှုကူညီရေးအသင်းဖွဲ့အတွက် ခေါင်းဆောင်ရွေးချယ်တင်မြှောက်ရေး အစည်းအဝေးပြုလုပ်

ဇွန်လ ၂၁ရက်၊ ၂၀၂၆ ခုနှစ် အထူးဒေသ (၆)၊
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့၊ စန္တားခမ်းရုမ်း ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေး တပေါင်းကွင်း (ဒဲဉ်သီဗွေကွင့်) ၌ ပရဟိတလူမှုကူညီရေးအသင်း ဖွဲ့စည်းနိုင်ရေးနှင့် ခေါင်းဆောင်ရွေးချယ်တင်မြှောက်ရေး အစည်းအဝေးကို ဇွန်လ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးသို့ စန္တားခမ်းရုမ်း ဥက္ကဋ္ဌ ဒေါက်တာစိုးမိုးကျော်၊ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအသင်း ဒုတိယဥက္ကဋ္ဌ ခွန်ကျော်ရွှေနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ဒေါက်တာစိုးမိုးကျော်က အသင်းဖွဲ့စည်းရေးနှင့် သက်ဆိုင်သော ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းဖတ်ကြားပေးခဲ့ကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာသူများက အသင်း၏ လုပ်ငန်းဆောင်ရွက်မှုများကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန်နှင့် လူမှုကူညီရေးလုပ်ငန်းများကို စည်းလုံးညီညွတ်စွာ ဆက်လက်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြသည်။

ဆွေးနွေးညှိနှိုင်းမှုများအပြီး တက်ရောက်လာသူများ၏ သဘောတူညီချက်ဖြင့် ပရဟိတလူမှုကူညီရေးအသင်း၏ ဥက္ကဋ္ဌအဖြစ် ခွန်ကျော်ရွှေ၊ ဒုတိယဥက္ကဋ္ဌအဖြစ် ကိုခင်မောင်နှင့် အတွင်းရေးမှူးအဖြစ် ခွန်ဖိုးနိုင်တို့ကို ရွေးချယ်တင်မြှောက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးသို့ စန္တားခမ်းရုမ်း ဉက္ကဋ္ဌနှင့်မော်အဖွဲ့ဝင်များ၊ကော်မတီအဖွဲ့ဝင်များတက်ရောက်ခဲ့ကြကြောင်းသိရသည်။ အသင်းအနေ ဖြင့် မိမိဒေသတွင်း လူမှုအကျိုးပြုလုပ်ငန်းများကို ဆက်လက်တိုးချဲ့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


Leave a Reply