ပင်လုံမြို့၊ရပ်ကွက်(၂)၌ဖွင့်လှစ်ခဲ့သော”အခြေခံစက်ချုပ်နည်းပညာသင်တန်းဆင်းပွဲကျင်းပ

————————-
ဇွန်လ (၂၅)ရက်၊ ၂၀၂၆ခုနှစ်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊လွိုင်လင်ခရိုင်၊ပင်လုံမြို့၌သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှအသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့်ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းအစီအစဥ်ဖြင့် စက်ချုပ်သင်တန်းဖွင့်ပွဲကိုယမန်နေ့ နေ့လည်(၂)နာရီကပင်လုံမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပခဲ့ကြောင်းသိရပါသည်။

ရှေးဦးစွာ အခမ်းအနားတွင်လွိုင်လင်ခရိုင်စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးကြည်မြင့်က သင်တန်းဆင်းအမှာစကားပြောကြားပြီးသင်တန်းမှထွက်ရှိသောကုန်ချောပစ္စည်းများအားတာဝန်ရှိသူများကအသီးသီးပေးအပ်ခဲ့ကြောင်းသိရသည်။ထို့နောက်လွိုင်လင်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူးဦးရာဇာကသင်တန်းဆင်းလက်မှတ်များချီးမြှင့်ကာ သင်တန်းသူတစ်ဦးကကျေးဇူးတင်စကားပြောကြားခဲ့သည်။

အဆိုပါသင်တန်းတွင် သင်တန်းသူ(၁၀)ဦးသင်တန်းဆင်းခဲ့ကြပြီး သင်တန်းသူများနှင့်တက်ရောက် လာသူများအား လွိုင်လင်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးကြည်မြင့်ကရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားကာ သင်တန်းသူများကိုယ်တိုင်ချုပ်လုပ်ထားသော အဝတ်အထည်များ ကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်းသိရှိရသည်။

လွိုင်လင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌနှင့်တာဝန်ရှိသူများ၊ပင်လုံမြို့ မြို့အုပ်ချုပ်ရေးမှူးနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊လွိုင်လင်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ပင်လုံမြို့အမျိုးသမီးရေးရာအသင်းဥက္ကဌနှင့်အဖွဲ့ဝင်များ၊မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့၀င်များ၊စက်ချုပ်သင်တန်းမှသင်တန်းသူ/သင်တန်းသားများတက်ရောက်ခဲ့ကြောင်းသိရသည်။


Leave a Reply