ပင်လောင်းမြို့နယ်၌ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

Written by

in

ဇူလိုင်လ၂၈ ရက်၊ ပင်းလောင်းမြို့
အထူးဒေသ (၆)၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဆင်းပွဲ အခမ်းအနားကို ဇူလိုင်လ ၂၈ ရက် နံနက် ၁၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဉီးစီးအဖွဲ့ဝင် ဉီးစိုင်းဆိုင်နွံ၊ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဝင်းနောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးခွန်ထွန်းအေး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်က အဖွင့်အမှာစကား ပြောကြားရာတွင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအနေဖြင့် ဒေသတွင်း လိုအပ်ချက်များနှင့် ပြည်သူများ၏ လိုအပ်ချက်များကို သိရှိနားလည်ကာ နိုင်ငံတော်၏ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ကြရန်နှင့် မိမိ ထမ်းဆောင်ရမည့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြရန် ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် သင်တန်းတက်ရောက်ခဲ့သည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးကိုယ်စား သင်တန်းသားတစ်ဦးက သင်တန်းတက်ရောက်မှုနှင့် ပတ်သက်၍ အတွေ့အကြုံများနှင့် ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ပြီးနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌက အားပေးအမှာစကား ပြောကြားရာတွင် ရပ်ရွာ နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအနေဖြင့် သင်တန်းမှ ရရှိခဲ့သည့် အသိပညာများကို အသုံးချကာ ရပ်ရွာအကျိုးအတွက် ဆောင်ရွက်ကြရန်၊ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ မူးယစ်ဆေးဝါးပပျောက်ရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် လူငယ်များ၏ အနာဂတ်ကောင်းမွန်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ကြရန်၊ဘိန်းစိုက်ပျိုးမည့်အစား မိမိဒေသနှင့်ကိုက်ညီသည့် ကော်ဖီအမျိုးအစားများကို အစားထိုးစိုက်ပျိုးကြရန် ၊တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် တာဝန်ရှိပုဂ္ဂိုလ်များက သင်တန်းအောင်မြင်စွာ ပြီးမြောက်ခဲ့သည့် သင်တန်းသားများအား သင်တန်းပြီးမြောက်အောင်မြင်ကြောင်း လက်မှတ်များပေးအပ်ခြင်းနှင့် သင်တန်းသင်ကြားပို့ချပေးသူများအား မေတ္တာလက်ဆောင်များပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *