ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်နှင့် တာဝန်ရှိပုဂ္ဂိုလ်များက ခြမ်းကျေးရွာရှိ လမ်းအခြေအနေများ ကွင်းဆင်းစစ်ဆေး

Written by

in

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်နှင့် တာဝန်ရှိပုဂ္ဂိုလ်များက ခြမ်းကျေးရွာရှိ လမ်းအခြေအနေများ ကွင်းဆင်းစစ်ဆေး
———————————————-
ဇူလိုင်(၂၀)ရက်၊နောင်တရားမြို့
အထူးဒေသ ၆၊ရှမ်းပြည်နယ်တောင်ပိုင်း၊ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ပင်လောင်း​မြိုနယ်၊နောင်တရား​မြို၊နမ်းပုလင်းကျေးရွာအုပ်စုတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်၊ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဉီးခွန်ဝင်းနောင်နှင့် ​မြိုနယ်ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များနှင့်အတူ ဇူလိုင်လ (၂၀)ရက်နေ့တွင် နောင်တရားမြိုအနီး ခြမ်းကျေးရွာရှိ လမ်းအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့သည်။
ကွင်းဆင်းစစ်ဆေးစဉ် ဒေသဦးစီးဥက္ကဋ္ဌနှင့် အဖွဲသည် ကျေးရွာအဝင်လမ်း၊ အဓိကဆက်သွယ်ရေးလမ်းများ၏ ပြုပြင်နေသည့် အခြေအနေများ၊ ရာသီဥတုဒဏ်ကြောင့် ထိခိုက်ပျက်စီးနိုင်သည့် နေရာများကို အသေးစိတ် ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုနောက် ဒေသခံပြည်သူများ၏ တင်ပြချက်များကို နားထောင်ကာ လမ်းပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို အချိန်မီ ဆောင်ရွက်နိုင်ရေး၊ ပြည်သူများ၏ သွားလာရေးနှင့် ကုန်စည်စီးဆင်းမှု ပိုမိုအဆင်ပြေစေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဒေသခံတာဝန်ရှိပုဂ္ဂိုလ်များနှင့် ကျေးရွာတာဝန်ရှိပိုဂ္ဂိုလ်များလည်း လိုက်ပါ၍ လမ်းအခြေအနေများနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *