Author: niyo

  • ကျေးရွာပြောင်းရွှေ့၍ ပြန်လည်တည်ဆောက်ရန် လျာထားမြေများအား ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌ ဦးခွန်ဖိုးစိန် ကွင်းဆင်းလေ့လာ

    ကျေးရွာပြောင်းရွှေ့၍ ပြန်လည်တည်ဆောက်ရန် လျာထားမြေများအား ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌ ဦးခွန်ဖိုးစိန် ကွင်းဆင်းလေ့လာ

    ကျေးရွာပြောင်းရွှေ့၍ ပြန်လည်တည်ဆောက်ရန် လျာထားမြေများအား ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌ ဦးခွန်ဖိုးစိန် ကွင်းဆင်းလေ့လာ
    ဇူလိုင် ၂၈ ရက်၊ ပင်လောင်းမြို့
    အထူးဒေသ (၆)၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်အတွင်းရှိ ကောင်မောင်းကျေးရွာနှင့် ဝါးလီကျေးရွာတို့တွင် ၂၀၂၅ ခုနှစ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် နေအိမ်အများအပြား ပျက်စီးဆုံးရှုံးခဲ့သဖြင့် ကျေးရွာပြောင်းရွှေ့နေရာချထားပြီး နေအိမ်များ ပြန်လည်တည်ဆောက်နိုင်ရေးအတွက် လျာထားမြေများအား ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်က ယနေ့ ဇူလိုင် ၂၈ ရက်တွင် ကွင်းဆင်းလေ့လာခဲ့ကြောင်း သိရသည်။
    အဆိုပါ ကွင်းဆင်းလေ့လာမှုတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင် ဦးစိုင်းဆိုင်နွံ၊ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဝင်းနောင်၊ မြေစာရင်းဦးစီးမှူး ဦးညီညီလင်းထက်၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် စန္တားခမ်းရုမ်း လူမှုကူညီရေးအသင်းအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ကျော်ရွှေတို့ လိုက်ပါခဲ့ကြောင်း သိရသည်။
    ကွင်းဆင်းလေ့လာစဉ် သက်ဆိုင်ရာ ရပ်ရွာအုပ်ချုပ်ရေးမှူးက ကျေးရွာပြောင်းရွှေ့နေရာချထားရေးနှင့် နေအိမ်များ ပြန်လည်တည်ဆောက်ရေးအတွက် ဒေသခံပြည်သူများ၏ လိုအပ်ချက်များ၊ အခက်အခဲများနှင့် ဆောင်ရွက်ပေးစေလိုသည့် အချက်များကို တင်ပြခဲ့သည်။
    အဆိုပါ တင်ပြချက်များအပေါ် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်က နိုင်ငံတော်အစိုးရ၏ ပံ့ပိုးကူညီမှုကိုသာ အားကိုးစောင့်ဆိုင်းနေမည်ဆိုပါက လုပ်ငန်းများကို အချိန်တိုအတွင်း ပြီးမြောက်နိုင်မည်မဟုတ်ကြောင်း၊ ဒေသခံပြည်သူများနှင့် ရွာသူရွာသားများအနေဖြင့်လည်း မိမိတို့တတ်နိုင်သည့် အင်အားဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြမှသာ ကျေးရွာပြောင်းရွှေ့ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ပိုမိုလျင်မြန်စွာ အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
    ထို့အပြင် ဒေသဦးစီးအဖွဲ့နှင့်အတူ လိုက်ပါလာသည့် တာဝန်ရှိသူများကလည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
    ထို့နောက် တာဝန်ရှိသူများသည် ကျေးရွာပြောင်းရွှေ့နေရာချထားနိုင်ရေး၊ နေအိမ်များ ပြန်လည်တည်ဆောက်နိုင်ရေးအတွက် လျာထားမြေများ၏ မြေအနေအထား၊ နေရာအကျယ်အဝန်းနှင့် ဆက်သွယ်ရေးလမ်းကြောင်းများကို အသေးစိတ် ကွင်းဆင်းလေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
  • ပင်လောင်းမြို့နယ်၌ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

    ပင်လောင်းမြို့နယ်၌ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

    ဇူလိုင်လ၂၈ ရက်၊ ပင်းလောင်းမြို့
    အထူးဒေသ (၆)၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဆင်းပွဲ အခမ်းအနားကို ဇူလိုင်လ ၂၈ ရက် နံနက် ၁၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
    အခမ်းအနားသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဉီးစီးအဖွဲ့ဝင် ဉီးစိုင်းဆိုင်နွံ၊ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဝင်းနောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးခွန်ထွန်းအေး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။
    အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်က အဖွင့်အမှာစကား ပြောကြားရာတွင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအနေဖြင့် ဒေသတွင်း လိုအပ်ချက်များနှင့် ပြည်သူများ၏ လိုအပ်ချက်များကို သိရှိနားလည်ကာ နိုင်ငံတော်၏ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ကြရန်နှင့် မိမိ ထမ်းဆောင်ရမည့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြရန် ပြောကြားခဲ့ကြောင်း သိရသည်။
    ထို့နောက် သင်တန်းတက်ရောက်ခဲ့သည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးကိုယ်စား သင်တန်းသားတစ်ဦးက သင်တန်းတက်ရောက်မှုနှင့် ပတ်သက်၍ အတွေ့အကြုံများနှင့် ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
    ပြီးနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌက အားပေးအမှာစကား ပြောကြားရာတွင် ရပ်ရွာ နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအနေဖြင့် သင်တန်းမှ ရရှိခဲ့သည့် အသိပညာများကို အသုံးချကာ ရပ်ရွာအကျိုးအတွက် ဆောင်ရွက်ကြရန်၊ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ မူးယစ်ဆေးဝါးပပျောက်ရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် လူငယ်များ၏ အနာဂတ်ကောင်းမွန်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ကြရန်၊ဘိန်းစိုက်ပျိုးမည့်အစား မိမိဒေသနှင့်ကိုက်ညီသည့် ကော်ဖီအမျိုးအစားများကို အစားထိုးစိုက်ပျိုးကြရန် ၊တိုက်တွန်းပြောကြားခဲ့သည်။
    ထို့နောက် တာဝန်ရှိပုဂ္ဂိုလ်များက သင်တန်းအောင်မြင်စွာ ပြီးမြောက်ခဲ့သည့် သင်တန်းသားများအား သင်တန်းပြီးမြောက်အောင်မြင်ကြောင်း လက်မှတ်များပေးအပ်ခြင်းနှင့် သင်တန်းသင်ကြားပို့ချပေးသူများအား မေတ္တာလက်ဆောင်များပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
  • PNO) ပါတီအတွင်းရေးမှူးချုပ် ဦးခွန်သိန်းဖေနှင့်လွတ်တော်ကိုယ်စားလှယ်အဖွဲ့ ပင်လောင်း–ကလော–ရမဲသင်းနယ်စပ် အလောင်းတော်ပေါက်ဒေသရှိ ပြည်သူများနှင့်သွားရောက် တွေ့ဆုံ

    PNO) ပါတီအတွင်းရေးမှူးချုပ် ဦးခွန်သိန်းဖေနှင့်လွတ်တော်ကိုယ်စားလှယ်အဖွဲ့ ပင်လောင်း–ကလော–ရမဲသင်းနယ်စပ် အလောင်းတော်ပေါက်ဒေသရှိ ပြည်သူများနှင့်သွားရောက် တွေ့ဆုံ

    PNO) ပါတီအတွင်းရေးမှူးချုပ် ဦးခွန်သိန်းဖေနှင့်လွတ်တော်ကိုယ်စားလှယ်အဖွဲ့ ပင်လောင်း–ကလော–ရမဲသင်းနယ်စပ် အလောင်းတော်ပေါက်ဒေသရှိ ပြည်သူများနှင့်သွားရောက် တွေ့ဆုံ
    ——————-
    ဇူလိုင် ၂၄ ရက်၊ ၂၀၂၆
    ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့နယ်၊ နန်းနိုင်ကျေးရွာအုပ်စုရှိ အလောင်းတော်ပေါက်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီ အတွင်းရေးမှူးချုပ် ဦးခွန်သိန်းဖေ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက ပင်လောင်း၊ ကလောနှင့် ရမဲသင်းနယ်စပ် အလောင်းတော်ပေါက်ဒေသမှ မိဘပြည်သူများနှင့် ဇူလိုင် ၂၄ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
    တွေ့ဆုံပွဲကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး အလောင်းတော်ပေါက်ဆရာတော်ထံမှ ငါးပါးသီလခံယူကာ ဩဝါဒတရား နာယူခဲ့ကြသည်။ ထို့နောက် နန်းနိုင်ကျေးရွာအုပ်စုမှ တာဝန်ရှိသူ ခွန်ထွန်းမင်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။
    အခမ်းအနားတွင် PNO ပါတီ အတွင်းရေးမှူးချုပ် ဦးခွန်သိန်းဖေက ပအိုဝ်းဒေသအတွင်း အတူယှဉ်တွဲနေထိုင်ကြသည့် ညီနောင်တိုင်းရင်းသားများနှင့် ငြိမ်းချမ်းစွာ ပူးပေါင်းနေထိုင်ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စည်းလုံးညီညွတ်စွာ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
    ထို့ပြင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်လူရွယ်များ၏ ပညာရေးကို အထူးအလေးထား မြှင့်တင်ပေးရန် လိုအပ်ကြောင်း၊ ပညာတတ်လူငယ်များ ဦးဆောင်ပါဝင်လာခြင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း အလေးပေး ပြောကြားခဲ့သည်။
    ဒေသအတွင်းရှိ လမ်း၊ တံတား၊ သောက်သုံးရေ၊ လျှပ်စစ်မီး၊ ကျန်းမာရေးနှင့် အခြားပြည်သူ့အကျိုးပြု လုပ်ငန်းများအပါအဝင် အခြေခံလိုအပ်ချက်များကို သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပူးပေါင်းချိတ်ဆက်ကာ အဆင့်ဆင့် ဖြေရှင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်းလည်း တိုက်တွန်းပြောကြားခဲ့သည်။
    ဆက်လက်၍ ကလောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ထွန်းငယ်နှင့် ပင်လောင်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဝင်းနောင်တို့က လွှတ်တော်အတွင်း ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ ပြည်သူများ၏ လိုအပ်ချက်များကို လွှတ်တော်မှတစ်ဆင့် တင်ပြဖြေရှင်းဆောင်ရွက်ပေးနေမှုများနှင့် လွှတ်တော်ဆိုင်ရာ အတွေ့အကြုံများကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
    ထို့နောက် ပအိုဝ်းအမျိုးသားတပ်မတော် (PNA) ဗဟိုသတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးခွန်ဆန်းအောင်က မီဒီယာနှင့် လူမှုကွန်ရက်မီဒီယာတို့၏ ကွာခြားချက်များကို ရှင်းလင်းဟောပြောခဲ့ပြီး အွန်လိုင်းစလော့ဂိမ်းများနှင့်ပတ်သက်သည့် အသိပညာပေးအကြောင်းအရာများကိုလည်း မျှဝေပြောကြားခဲ့သည်။
    အခမ်းအနားအဆုံးတွင် PNO ဗဟိုကော်မတီဝင် ခွန်ထွိုက်ခမ်းက ကျေးဇူးတင်စကားနှင့် နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
    အဆိုပါတွေ့ဆုံပွဲသို့ PNO ပါတီ အတွင်းရေးမှူးချုပ် ဦးခွန်သိန်းဖေ၊ ကလောမြို့နယ်နှင့် ပင်လောင်းမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ PNA ဗဟိုသတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးခွန်ဆန်းအောင်နှင့်မီဒီယာအဖွဲ့များ တာဝန်ရှိသူများ၊ နန်းနိုင်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ (၁၅) ရွာမှ မိဘပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
  • ပြည်နယ်လွတ်တော်ကိုယ်စားလှယ်ခွန်ထွန်းငယ်နှင့်ကလောမြို့နယ်ဌာနဆိုင်ရာတို့မှကျေးရွာလိုအပ်ချက်များကွင်းဆင်းကြည့်ရှု

    ပြည်နယ်လွတ်တော်ကိုယ်စားလှယ်ခွန်ထွန်းငယ်နှင့်ကလောမြို့နယ်ဌာနဆိုင်ရာတို့မှကျေးရွာလိုအပ်ချက်များကွင်းဆင်းကြည့်ရှု

    ပြည်နယ်လွတ်တော်ကိုယ်စားလှယ်ခွန်ထွန်းငယ်နှင့်ကလောမြို့နယ်ဌာနဆိုင်ရာတို့မှကျေးရွာလိုအပ်ချက်များကွင်းဆင်းကြည့်ရှု
    ===========================
    ဇူလိူင်(၂၅)ရက် ၂၀၂၆ ကလော
    ကလောမြို့နယ် ပြည်နယ်လွတ်တော်ကိုယ်စားလှယ်အမှတ်(၂)ဦးခွန်ထွန်းငယ် ကလောမြို့နယ်ကျေးလက်လမ်းဦးစီးဌာန ဦးစီးမှူးဒေါ်
    သန္တာဝင်း ၊ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီဗဟိုကော်မတီဝင်ခွန်ထွိုက်ခမ်း၊ကလောမြို့နယ်ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီဥက္ကဌခွန်ကျော်သန်း အတွင်းရေးမှူးခွန်ဝင်းထွန်းနှင့်တာဝန်ရှိပုဂ္ဂိုလ်များတို့မှ ပင်မှီစျေးကုန်းမှ နမ်းရုတ်လမ်းပိုင်း ပေါကဲမှကွန်လုံ(ခွန်လုံ)လမ်းပိုင်း ဘော်နှင်းကုန်းကျေးရွာရေကာတာတည်ဆောက်မည့်နေရာတို့အား ဇူလိူင်(၂၅)ရက်နေ့တွင်ဒေသပြည်သူများနှင့်အတူကွင်းဆင်းကြည့်ရှုခဲ့ကြောင်း
    အဆိုပါပင်မှီစျေးကုန်းမှနမ်းရုတ်လမ်းပိုင်းသည် လမ်းကြီးကြပ်ရေးဌာန(၆)မိုင်နှင့်ကျေးလက်လမ်းဦးဌာန(၁)မိုင်တို့ဖြင့်၂၀၂၇/၂၀၂၈ဘဏ္ဠာရေးနှစ်တွင်လျှာထားကြောင်း ပေါကဲမှကွန်လုံလမ်းပိုင်းတွင်(၁.၇)မိုင်ရှိပြီး ကျေးလက်လမ်းဦးစီးဌာနမှ၂၀၂၇/၂၀၂၈ဘဏ္ဠာရေးနှစ်တွင်လျှာထားဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် ပင်မှီစျေးကုန်းကျေးရွာမှ နမ်းရုတ်ကျေးရွာအထိကျေးရွာချင်းဆက်လမ်းသည်(၉)မိုင်ကျော်ရှည်လျားပြီးအခုထိမြေသားလမ်းသာရှိနေသောကြောင့် မိုးရာသီမှာသွားလာရေးအရမ်းခက်ခဲသည့်လမ်းဖြစ်ကြောင်းဒေသခံပြောကြားချက်အရသိရသည် အဆိုပါလမ်းနှင့်တံတားအား မြေသားလမ်းမှကျောက်ချောလမ်းအဆင့်မြင့်တင်ပေးနိုင်ပါရန် ဒေသခံများလိုလားလျက်ရှိကြောင်းသိရှိရပါသည်။
  • မိုင်းပွန်မြို့ အနီးတဝိုက် နှင့် ချိုခမ်းကျောင်း၌ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲ၊ မျိုးစေ့၊ ပျိုးပင်၊ မြေဩဇာနှင့် လယ်ယာသုံးစက်ကိရိယာများ ထောက်ပံ့ပေးအပ်ခြင်းနှင့် ကွင်းဆင်းလေ့လာခြင်းများပြုလုပ်

    မိုင်းပွန်မြို့ အနီးတဝိုက် နှင့် ချိုခမ်းကျောင်း၌ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲ၊ မျိုးစေ့၊ ပျိုးပင်၊ မြေဩဇာနှင့် လယ်ယာသုံးစက်ကိရိယာများ ထောက်ပံ့ပေးအပ်ခြင်းနှင့် ကွင်းဆင်းလေ့လာခြင်းများပြုလုပ်

    မိုင်းပွန်မြို့ အနီးတဝိုက် နှင့် ချိုခမ်းကျောင်း၌ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲ၊ မျိုးစေ့၊ ပျိုးပင်၊ မြေဩဇာနှင့် လယ်ယာသုံးစက်ကိရိယာများ ထောက်ပံ့ပေးအပ်ခြင်းနှင့် ကွင်းဆင်းလေ့လာခြင်းများပြုလုပ်
    ————————–
    ဇူလိုင်လ ၂၅ရက်၊ ၂၀၂၆ခုနှစ်
    ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ မိုင်းပွန်မြို့ အနီးတဝိုက်နှင့် ချိုခမ်းကျောင်း၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း လွိုင်လင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲ၊ မျိုးစေ့၊ ပျိုးပင်၊ မြေဩဇာနှင့် လယ်ယာသုံးစက်ကိရိယာများ ထောက်ပံ့ပေးအပ်ခြင်းနှင့် ကွင်းဆင်းလေ့လာခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
    အဆိုပါ ကွင်းဆင်းလေ့လာမှုကို လွိုင်လင်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကြည်မြင့်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သက်နိုင်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ တို့က ယနေ့ နံနက်ပိုင်းတွင် စတင်ပြုလုပ်ခဲ့ပြီး နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် မိုင်းပွန်မြို့အနောက်ဘက် ကွန်ဟေးဒေသအတွင်း စိုက်ပျိုးရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ကာ နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် မိုင်းပွန်မြို့အရှေ့ဘက်ရှိ ဆင်ခြေဖုံးအုပ်စု လယ်ယာမြေများ၌ စပါးသီးနှံ စိုက်ပျိုးထားရှိမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုခဲ့သည်။ ထို့နောက် မွန်းလွဲ ၁ နာရီတွင် မင်္ဂလာဦးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ သူရိန္ဒဓဇ ကို အလှူစာနှင့် ကန်တော့ခဲ့ကြပြီး ကျောင်း မြေဂရန်ရရှိရေး လျှောက်ထားခြင်း နှင့် မိုင်းပွန်ဘက်အလာ ၁/၁၅၅ မိုင်တိုင်မှ ၃ ဖာလုံခန့် လမ်းခင်းနိုင်ရေးအတွက် လိုအပ်သည့် အခြေအနေများကို သက်ဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
    အခမ်းအနားကို မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် ချိုခမ်းကျောင်း၌ ကျင်းပရာ လွိုင်လင်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကြည်မြင့်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သက်နိုင်က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။ ဆက်လက်၍ လွိုင်လင်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမျိုးမင်းသန့်က စိုက်ပျိုးနည်းစနစ်များ မှန်ကန်စွာ အသုံးပြုရေး၊ ဓာတ်မြေဩဇာ လျော့ချသုံးစွဲရေး၊ မြေဆီလွှာအရည်အသွေး ပိုမိုကောင်းမွန်လာစေရေးနှင့် ပိုကာရှီု မြေဆွေးစနစ် အသုံးပြုဆောင်ရွက်ရေးတို့နှင့် ပတ်သက်၍ တောင်သူများ လိုက်နာဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။
    ထို့နောက် လွိုင်လင်ခရိုင် ကျေးလက်နှင့် မြေစာရင်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်ဇော်ဆန်း က လယ်ယာမြေဥပဒေနှင့် နည်းဥပဒေများ၊ လယ်ယာမြေစီမံခန့်ခွဲရေးဆိုင်ရာ သိရှိလိုက်နာရမည့် အချက်များကို တောင်သူများအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် တောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးနှင့် သီးနှံအထွက်နှုန်း တိုးတက်ကောင်းမွန်လာစေရေးအတွက် မျိုးစေ့၊ ပျိုးပင်၊ မြေဩဇာနှင့် လယ်ယာသုံးစက်ကိရိယာများကို တောင်သူများထံ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲနှင့် ထောက်ပံ့ပေးအပ်ပွဲသို့ ချိုခမ်း၊ ခေါင်းနွဲ့နှင့် အနီးဝန်းကျင်ကျေးရွာများမှ တောင်သူများ၊ ရွာသူရွာသားများနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
  • ပြည်နယ်လွတ်တော်ကိုယ်စားလှယ်ခွန်ထွန်းငယ်နှင့်ကလောမြို့နယ်ဌာနဆိုင်ရာတိုမှပဲရင်းတောင်ကျေးရွာအုပ်စုပြည်သူများနှင့်တွေ့ဆုံ

    ပြည်နယ်လွတ်တော်ကိုယ်စားလှယ်ခွန်ထွန်းငယ်နှင့်ကလောမြို့နယ်ဌာနဆိုင်ရာတိုမှပဲရင်းတောင်ကျေးရွာအုပ်စုပြည်သူများနှင့်တွေ့ဆုံ

    ပြည်နယ်လွတ်တော်ကိုယ်စားလှယ်ခွန်ထွန်းငယ်နှင့်ကလောမြို့နယ်ဌာနဆိုင်ရာတိုမှပဲရင်းတောင်ကျေးရွာအုပ်စုပြည်သူများနှင့်တွေ့ဆုံ
    ===========================
    ဇူလိူင်(၂၆)ရက် ၂၀၂၆ ကလော
    ကလောမြိုနယ် ပြည်နယ်လွတ်တော်ကိုယ်စားလှယ်အမှတ်(၂)ဦးခွန်ထွန်းငယ် ၊ကလောမြိုနယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးဦးကိုကိုနိုင်၊ကလောမြိုနယ်ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာန ဦးစီးမှူးဒေါ်သန္တာဝင်း ၊ပအိုဝ်းအမျိုးသားအဖွဲချုပ်(PNO)ပါတီဗဟိုကော်မတီဝင်ခွန်ထွိက်ခမ်း၊ကလောမြိုနယ်ပအိုဝ်းအမျိုးသားအဖွဲချုပ်(PNO)ပါတီဥက္ကဌခွန်ကျော်သန်း အတွင်းရေးမှူးခွန်ဝင်းထွန်း ကလောမြိုနယ်(ပင်းတယ−ရွာငံ)ပအိုဝ်းလူငယ်အဖွဲ(KPYO)နှင့်တာဝန်ရှိပုဂ္ဂိုလ်များတိုမှ ကလောမြိုနယ် ပဲရင်းတောင်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာနေ ရပ်မိရပ်ဖနှင့်ပြည်သူတိုအား ဇူလိူင်(၂၆)ရက်နေ့တွင်တွေ့ဆုံခဲ့ကြောင်း
    အဆိုပါတွေ့ဆုံပွဲကို နံနက်(၁၀)နာရီမှာစတင်ပြီး ပဲရင်းတောင်ဆရာတော်အားကန်တော့ကာ ကျေးရွာအုပ်ချုပ်ရေးမှုးခွန်ကျော်သူမှအဖွင့်အမာစကားပြောကြားပြီး ပြည်နယ်လွတ်တော်ကိုယ်စားလှယ်ခွန်ထွန်းငယ်သည်လွတ်တော်အတွေ့အကြုံများ လွတ်တော်ကိုယ်စားလှယ်တစ်ယောက်၏လုပ်ငန်းတာဝန်ဝတ္တရားများရှင်းလင်းပြောကြားခြင်း၊ကလောမြိုနယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးဦးကိုကိုနိုင်မှ ဌာနမှ၏လုပ်ငန်းအစီအစဉ်များ လျှာထားချက်များရှင်းလင်းတင်ပြခြင်း ၊ကလောမြိုနယ်ကျေးလက်လမ်းဦးစီးဌာန ဦးစီးမှူးဒေါ်သန္တာဝင်းမှ ဌာနလုပ်ငန်းဆောင်တာနှင့်ဘဏ္ဠာနှစ်အလိုက်လျာထားချက်များရှင်းလင်းပြောကြားခြင်း ထိုနောက်အခမ်းအနားတက်ရောက်လာသော ဒေသခံပြည်သူများက ကျေးရွာလိုအပ်ချက်များတစ်ခုချင်းစီကို ပြည်နယ်လွတ်တော်ကိုယ်စားလှယ်နှင့်ဌာနဆိုင်ရာတိုမှ ပေါင်းစပ်ညှိနိုင်းပေးခဲ့ကြောင်း ထိုနောက် ပအိုဝ်းအမျိုးသားအဖွဲချုပ်(PNO)ပါတီ ဗဟိုကော်မတီအဖွဲဝင်ခွန်ထွိုက်ခမ်းမှ ကျေးဇူးတင်စကားပြောကြားပြီးအခန်းအနားကိုရုပ်သိမ်းခဲ့ကြောင်းသိရသည်။
    အခန်းအနားအပြီးတွင် ပြည်နယ်လွတ်တော်ကိုယ်စားလှယ်နှင့်ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်တိုမှ ပဲရင်းတောင်ကျေးရွာ(၆)ရွာ တောင်ကြီးကြပ်ရွာတိုကို ရေပေးဝေနေသောအဝီစိတွင်းဆိုလာရေတင်စနစ်တိုက်ိလိုက်လံကြည့်ရှုခဲ့ကြောင်းသိရသည်။
  • ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ လွယ်မော်ကျေးရွာအုပ်စုရှိ ကော်ဖီစိုက်ခင်းနှင့် ကျေးလက်လမ်းအခြေအနေများ ကွင်းဆင်းလေ့လာ

    ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ လွယ်မော်ကျေးရွာအုပ်စုရှိ ကော်ဖီစိုက်ခင်းနှင့် ကျေးလက်လမ်းအခြေအနေများ ကွင်းဆင်းလေ့လာ

    ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ လွယ်မော်ကျေးရွာအုပ်စုရှိ ကော်ဖီစိုက်ခင်းနှင့် ကျေးလက်လမ်းအခြေအနေများ ကွင်းဆင်းလေ့လာ
    —————————————
    ဇူလိုင်(၂၀)ရက်၊ပင်လောင်းမြို့နယ်
    အထူးဒေသ (၆)၊ရှမ်းပြည်နယ်တောင်ပိုင်း၊ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ပင်လောင်းမြိုနယ်၊လွယ်မော်ကျေးရွာအုပ်စုတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်၊ လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဝင်းနောင်နှင့် မြိုနယ်ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များသည် လွယ်မော်ကျေးရွာအုပ်စုအတွင်းရှိ ကော်ဖီစိုက်ခင်းများနှင့် ကျေးလက်လမ်းအခြေအနေများကို ကွင်းဆင်းလေ့လာခဲ့ကြသည်။
    ကွင်းဆင်းလေ့လာမှုအတွင်း လာမည့်သောကြာနေ့(24.7.2026)တွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် လာရောက်မည့်ခရီးစဉ်အတွက် ကြိုတင်ပြင်ဆင်နိုင်ရေး ရည်ရွယ်၍ ကော်ဖီစိုက်တောင်သူများနှင့် တွေ့ဆုံကာ စိုက်ပျိုးထုတ်လုပ်မှုအခြေအနေများ၊ လိုအပ်ချက်များနှင့် ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲများကို နားထောင်ဆွေးနွေးခဲ့သည်။
    ထို့အပြင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံ၍ ကျေးရွာဖွံဖြိုးရေးလုပ်ငန်းများနှင့် လမ်းပန်းဆက်သွယ်ရေနှင့် ဒေသဖွံဖြိုးရေးအတွက် လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ကြသည်။ယင်းနောက် ကျောင်းကော်မတီဝင်များနှင့် တွေ့ဆုံရာတွင် ကျောင်းအသီးသီး၌ လိုအပ်နေသည့် ဆရာ၊ ဆရာမအင်အားဖြည့်တင်းပေးရေး၊ ကျောင်းအဆောက်အအုံများ ပြုပြင်ဆောက်လုပ်ပေးရေးနှင့် ပညာရေးကဏ္ဍအတွက် လိုအပ်ချက်များကို တင်ပြခဲ့ကြောင်း သိရသည်။
    တာဝန်ရှိပုဂ္ဂိုလ်များက ဒေသခံပြည်သူများ၏ တင်ပြချက်များကို မှတ်တမ်းတင်ခဲ့ပြီး သက်ဆိုင်ရာကဏ္ဍများနှင့် ညှိနှိင်းဆောင်ရွက်ပေးနိုင်ရေး ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သိရသည်။
  • ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်နှင့် တာဝန်ရှိပုဂ္ဂိုလ်များက ခြမ်းကျေးရွာရှိ လမ်းအခြေအနေများ ကွင်းဆင်းစစ်ဆေး

    ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်နှင့် တာဝန်ရှိပုဂ္ဂိုလ်များက ခြမ်းကျေးရွာရှိ လမ်းအခြေအနေများ ကွင်းဆင်းစစ်ဆေး

    ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်နှင့် တာဝန်ရှိပုဂ္ဂိုလ်များက ခြမ်းကျေးရွာရှိ လမ်းအခြေအနေများ ကွင်းဆင်းစစ်ဆေး
    ———————————————-
    ဇူလိုင်(၂၀)ရက်၊နောင်တရားမြို့
    အထူးဒေသ ၆၊ရှမ်းပြည်နယ်တောင်ပိုင်း၊ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ပင်လောင်း​မြိုနယ်၊နောင်တရား​မြို၊နမ်းပုလင်းကျေးရွာအုပ်စုတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်၊ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဉီးခွန်ဝင်းနောင်နှင့် ​မြိုနယ်ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များနှင့်အတူ ဇူလိုင်လ (၂၀)ရက်နေ့တွင် နောင်တရားမြိုအနီး ခြမ်းကျေးရွာရှိ လမ်းအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့သည်။
    ကွင်းဆင်းစစ်ဆေးစဉ် ဒေသဦးစီးဥက္ကဋ္ဌနှင့် အဖွဲသည် ကျေးရွာအဝင်လမ်း၊ အဓိကဆက်သွယ်ရေးလမ်းများ၏ ပြုပြင်နေသည့် အခြေအနေများ၊ ရာသီဥတုဒဏ်ကြောင့် ထိခိုက်ပျက်စီးနိုင်သည့် နေရာများကို အသေးစိတ် ကြည့်ရှုစစ်ဆေးခဲ့သည်။
    ထိုနောက် ဒေသခံပြည်သူများ၏ တင်ပြချက်များကို နားထောင်ကာ လမ်းပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို အချိန်မီ ဆောင်ရွက်နိုင်ရေး၊ ပြည်သူများ၏ သွားလာရေးနှင့် ကုန်စည်စီးဆင်းမှု ပိုမိုအဆင်ပြေစေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။
    အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဒေသခံတာဝန်ရှိပုဂ္ဂိုလ်များနှင့် ကျေးရွာတာဝန်ရှိပိုဂ္ဂိုလ်များလည်း လိုက်ပါ၍ လမ်းအခြေအနေများနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
  • ရှမ်းပြည်နယ် MSME One Stop Service Center ဖွင့်ပွဲအခမ်းအနား ကျင်းပ

    ရှမ်းပြည်နယ် MSME One Stop Service Center ဖွင့်ပွဲအခမ်းအနား ကျင်းပ

    ရှမ်းပြည်နယ် MSME One Stop Service Center ဖွင့်ပွဲအခမ်းအနား ကျင်းပ
    ————————
    ဇူလိုင် (၂၀)ရက်၊ ၂၀၂၆ခုနှစ်
    ရှမ်းပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME) ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ၏ One Stop Service Center (OSS Center) ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၂၀ ရက် နံနက် ၉ နာရီအချိန်တွင် တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများရုံးဟောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
    အခမ်းအနားတွင် ရှမ်းပြည်နယ် MSME အေဂျင်စီ ဥက္ကဋ္ဌ၊ ပြည်နယ်လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်သန်းထူးက ရုံးဆိုင်းဘုတ်အား အမွှေးနံ့သာပက်ဖြန်းဖွင့်လှစ်ပေးခဲ့ပြီး အဖွင့်အမှာစကား ပြောကြားခဲ့သည်။
    ဝန်ကြီး ဦးခွန်သန်းထူးက အမှာစကားတွင် ရှမ်းပြည်နယ်အတွင်း MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်၊ လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းဆိုင်ရာ သတင်းအချက်အလက်များ၊ လိုအပ်သည့် အကြံဉာဏ်များနှင့် ဝန်ဆောင်မှုများကို တစ်နေရာတည်းတွင် အချိန်ကုန်သက်သာစွာ ရရှိနိုင်စေရန် One Stop Service Center ကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
    ထို့ပြင် OSS Center ကို စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနက အဓိကတာဝန်ယူ ဆောင်ရွက်မည်ဖြစ်ပြီး သက်ဆိုင်ရာဌာနများ ပူးပေါင်းပါဝင်ကာ MSME လုပ်ငန်းရှင်များအတွက် လုပ်ငန်းစတင်နိုင်ရေး သတင်းအချက်အလက်များ၊ လိုင်စင်နှင့် ခွင့်ပြုချက်ဆိုင်ရာကိစ္စရပ်များ၊ ချေးငွေဆိုင်ရာ၊ ဥပဒေဆိုင်ရာနှင့် စံချိန်စံညွှန်းဆိုင်ရာ အကြံပေးဝန်ဆောင်မှုများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
    ယင်းနောက် ရှမ်းပြည်နယ် MSME အေဂျင်စီ ဥက္ကဋ္ဌက MSME လုပ်ငန်းရှင်များအား ယာယီမှတ်ပုံတင်လက်မှတ်များ ပေးအပ်ခဲ့ပြီး ဌာနဆိုင်ရာများမှ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည့် One Stop Service ဝန်ဆောင်မှုလုပ်ငန်းများကို လှည့်လည်ကြည့်ရှုခဲ့သည်။
    ဝန်ကြီးက ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် MSME လုပ်ငန်းများ၏ လိုအပ်ချက်များကို အတတ်နိုင်ဆုံး ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် OSS Center ၏ ဝန်ဆောင်မှုများကို အသုံးချကာ စီးပွားရေးလုပ်ငန်းများ တိုးတက်အောင် ဆောင်ရွက်ကြစေလိုကြောင်းနှင့် ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ရှမ်းပြည်နယ်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုကာ ခေတ်မီဖွံ့ဖြိုးသော ပြည်နယ်တစ်ခု ဖြစ်လာစေရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။
    အခမ်းအနားသို့ ပြည်နယ်စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ရှမ်းပြည်နယ် MSME အေဂျင်စီအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် MSME လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပြီး အခမ်းအနားအပြီးတွင် တာဝန်ရှိသူများနှင့် ဧည့်သည်တော်များ ပြန်လည်ထွက်ခွာခဲ့ကြကြောင်း သိရသည်။
  • လွိုင်လင်မြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ခွန်သက်နိုင်အား ၂၀၂၆-၂၀၂၇ ခုနှစ် စိုက်ပျိုးရာသီအတွက် မျိုးစေ့၊ ဓာတ်မြေဩဇာနှင့် လယ်ယာသုံးစက်ကိရိယာများ ထောက်ပံ့ပေးအပ်မှာ နှုတ်ခွန်းဆက်စကားပြောကြား

    လွိုင်လင်မြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ခွန်သက်နိုင်အား ၂၀၂၆-၂၀၂၇ ခုနှစ် စိုက်ပျိုးရာသီအတွက် မျိုးစေ့၊ ဓာတ်မြေဩဇာနှင့် လယ်ယာသုံးစက်ကိရိယာများ ထောက်ပံ့ပေးအပ်မှာ နှုတ်ခွန်းဆက်စကားပြောကြား

    လွိုင်လင်မြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ခွန်သက်နိုင်အား ၂၀၂၆-၂၀၂၇ ခုနှစ် စိုက်ပျိုးရာသီအတွက် မျိုးစေ့၊ ဓာတ်မြေဩဇာနှင့် လယ်ယာသုံးစက်ကိရိယာများ ထောက်ပံ့ပေးအပ်မှာ နှုတ်ခွန်းဆက်စကားပြောကြား
    ဇူလိုင် ၁၈ရက်၊ ၂၀၂၆ခုနှစ်
    ရှမ်းပြည်နယ်(တောင်ပိုင်း) ၊လွိုင်လင်ခရိုင်၊ ပင်လုံမြို့ စိုက်ပျိုးရေးဌာန၌ ကျင်းပြုလုပ်သော ၂၀၂၆-၂၀၂၇ ခုနှစ် စိုက်ပျိုးရာသီအတွက် တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့် မားစေရေး ရည်ရွယ်၍ မျိုးစေ့၊ ဓာတ်မြေဩဇာနှင့် လယ်ယာသုံးစက်ကိရိယာများ ထောက်ပံ့ပေးအပ်ပွဲကို လွိုင်လင်မြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ခွန်သက်နိုင် နှုတ်ခွန်းဆက်စကားပြောကြား ကြောင်းသိရပါသည်။
    အခမ်းအနားကို နံနက်ပိုင်း ၉ နာရီချိန်တွင် စတင်ဖွင့်လှစ်ပြီး လွိုင်လင်ခရိုင် ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကြည်မြင့်က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
    ထိုနောက် လွိုင်လင်မြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ခွန်သက်နိုင်က တက်ရောက်လာသည့် တောင်သူများအား နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့ပြီး စိုက်ပျိုးရေးအားထားရတဲ့နိုင်ငံဖြစ်သည့် အတွက် စိုက်ပျိုး တောင်သူများအနေဖြင့် နည်းပညာအခြေပြု စိုက်ပျိုးရေးစနစ်များကို လက်တွေ့အသုံးချ၍ အရည်အသွေးကောင်းမွန်သော သီးနှံများ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။
    ယင်းနောက် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမျိုးမင်းသန့် က မျိုးစေ့၊ ဓာတ်မြေဩဇာနှင့် လယ်ယာသုံးစက်ကိရိယာများ ထောက်ပံ့ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့ပြီး အခြေခံစိုက်ပျိုးရေးနည်းပညာ (၁၂) ချက်၊ မျိုးစေ့နှုန်းထားမှန်၊ စိုက်ပျိုးရေးစနစ်များ၊ ဓာတ်မြေဩဇာကို မှန်ကန်သည့် အချိုးအစားနှင့် အချိန်ကာလအလိုက် ထည့်သွင်းအသုံးပြုရေး၊ နှစ်စဉ်စိုက်ပျိုးပြီးနောက် ကျန်ရှိသည့် သီးနှံအကြွင်းအကျန်များကို မီးရှို့ဖျက်ဆီးခြင်းမပြုဘဲ ဘိုကာရှီမြေဆွေး (Bokashi Compost) စနစ်ဖြင့် ပြန်လည်အသုံးပြု၍ မြေဆီလွှာကောင်းမွန်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့ကို အလေးထား ဆောင်ရွက်ကြရန် အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။
    ယင်းနောက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၊ စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး နှင့် တာဝန်ရှိသူများက တောင်သူများအား နှစ်ချင်းသီးနှံမျိုးစေ့များ၊ ဓာတ်မြေဩဇာများနှင့် လယ်ယာသုံးစက်ကိရိယာများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
    နောက်ဆုံးမှာ ဟဲဟိုးမျိုးသန့်ခြံတွင် ဖွင့်လှစ်သည့် ကော်ဖီသင်တန်းသို့ တက်ရောက်မည့် ကော်ဖီစိုက်ပျိုးသူ ခွန်ရန်နိုင် တို့အဖွဲ့အား စိုက်ပျိုးရေးဦးစီးဌာနမှ ထောက်ပံ့ငွေပေးအပ်ခဲ့ပါသည်။
    အခမ်းအနားအပြီးတွင် လွှတ်တော်ကိုယ်စားလှယ်၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် စိုက်ပျိုးခြံများသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးအတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။