Blog

  • နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ်ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ မိခင်နှင့် ကလေးဆေးရုံတွင် စုပေါင်းသွေးလှူဒါန်း

    နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ်ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ မိခင်နှင့် ကလေးဆေးရုံတွင် စုပေါင်းသွေးလှူဒါန်း

    နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ်ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ မိခင်နှင့်
    ကလေးဆေးရုံတွင် စုပေါင်းသွေးလှူဒါန်း

    မေလ(၂)ရက် ၊၂၀၂၆
    အထူးဒေသ(၆)၊ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊အမျိုးသမီးနှင့် ကလေးဆေးရုံကြီး၌ ယနေ့နံနက် ၈နာရီအချိန်တွင် (၈၀)နှစ်ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ၏ စုပေါင်းသွေးလှူဒါန်းပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။


    အဆိုပါ သွေးလှူဒါန်းပွဲတွင် မီးသတ်တပ်ဖွဲ့ဝင် စုစုပေါင်း (၅၉) ဦးတို့က စာရင်းပေးသွင်းကာ တက်ကြွစွာ ပါဝင်လှူဒါန်းခဲ့ကြပြီး အခမ်းအနားသို့ ရှမ်းပြည်နယ်ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးနှင့် အစိုးရဌာနဆိုင်ရာတာဝန်ရှိသူများတက်ရောက်၍ သွေးအလှူရှင် တပ်ဖွဲ့ဝင်များအား ကြည့်ရှုအားပေးကာ ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်၊

    ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးနှင့် တာဝန်ရှိသူများသည် မိခင်နှင့်ကလေးဆေးရုံတွင် တက်ရောက်ကုသမှု ခံယူနေကြသော လူနာများကို လှည့်လည်ကြည့်ရှုကာ အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရှိရသည်။

    မြန်မာနိုင်ငံ မီးသတ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူ့အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်ရုံသာမက လိုအပ်နေသော သွေးအကူအညီများဖြင့်လည်း ပြည်သူ့အကျိုးကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ထပ်မံသိရှိရပါသည်။

    အခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးနှင့် အစိုးရဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ ၊ မီးသတ်အဖွဲ့ဝင်များ၊ အမျိုးသမီးနှင့်ကလေးဆေးရုံကြီးရှိ အစိုးရဝန်ထမ်းများ၊ သတင်းမီဒီယာအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။